brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ဗိုင်းရပ်ပ်ပိုး ပမာဏဆိုသည်မှာ အဘယ်နည်း

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ပြောကြားချက်အရ ၂၀၁၃ ခုနှစ်တွင် လူဦးရေ ၁.၅ သန်းသည် HIV ရောဂါနှင့် သေဆုံးနေကြပါသည်။ ဗိုင်းရပ်စ်ပိုး ဆိုသည်မှာ သွေးထဲတွင်ရှိသော ပမာဏကို ခေါ်ပါသည်။ ထိုစစ်ဆေးမှုကို တခြားသော ဗိုင်းရပ်စ်ပိုးနှင့် HIV ရောဂါများ စစ်ဆေးရန် အသုံးပြုပါသည်။

ဗိုင်းရပ်ပ်ပိုး ပမာဏဆိုသည်မှာ အဘယ်နည်း

ဗိုင်းရပ်စ်ပိုး ပမာဏဆိုသည်မှာ သွေး ၁ မီလီလီတာ သို့မဟုတ် ၁ စီစီ တွင် ပါဝင်သော ပမာဏကို ခေါ်ပါသည်။ သွေးထဲတွင် လည်ပတ်နေသည်မှာ ထိုဗိုင်းရပ်စ်ပိုးမွှားများ၏ အစိတ်အပိုင်းများ ဖြစ်ပါသည်။ ဗိုင်းရပ်စ်ပိုးမွှား ပမာဏသည် ဆေးသောက်လျှင် မည်မျှ သက်ရောက်မည်၊ မည်မျှ ကာကွယ်နိုင်မည်ကို တွက်ချက်နိုင်ပါသည်။ HIV ရောဂါတွင် သောက်သုံးရသည့် ART ဆေးမှာ မစစ်ဆေးနိုင်သော ဗိုင်းရပ်စ်ပိုးမွှား ပမာဏကို စစ်ဆေးခြင်း ဖြစ်ပါသည်။ ယေဘုယျအားဖြင့် ပြောရလျှင် သွေးထဲတွင် ၄၀ မှ ၇၅ အစိတ်အပိုင်းလောက် ရှိလျှင် စစ်ဆေးပါက မပေါ်နိုင်ပါ။ အတိအကျမှာ ဓါတ်ခွဲခန်းပေါ်တွင်သာ မူတည်ပါသည်။ ဗိုင်းရပ်စ်ပိုးမွှားပမာဏ သွေးထဲတွင် များပါက HIV ရှိနေနိုင်ခြင်းဖြစ်ပြီး ထိုအဖြေမှာ ခန္ဓါကိုယ်ရှိ ခုခံအားမှာ ဗိုင်းရပ်စ်ပိုးမွှားများကို မတိုက်ထုတ်နိုင်ဟု အဓိပ္ပါယ် သက်ရောက်ပါသည်။

ဘာကြောင့် ဗိုင်းရပ်စ်ပိုးမွှား ပမာဏကို စစ်ဆေးရပါမည်နည်း

ဆေးကုသမှု စမည်ဆိုသည်နှင့် ဆရာဝန်သည် ယခုကုသမှုနှင့် အဆင်ပြေ၊ မပြေ စစ်ဆေးချက်များ ပြုလုပ်နိုင်ပါသည်။ ပထမဦးဆုံး စတင် ပြသသည်ဆိုပါက ဗိုင်းရပ်စ်ပိုးမွှားပမာဏ သွေးထဲတွင် မည်မျှရှိခြင်းကို စစ်ဆေးရပါလိမ့်မည်။ ထိုပမာဏမှာ ယခုညွှန်ကြားသောဆေး မည်မျှ သက်ရောက်နိုင်သည်ကို ပြသနိုင်သည့်အပြင် မိမိ၏ လက်ရှိအခြေအနေကိုလည်း သိရှိနိုင်ပါသည်။ ထို့နောက် ၃ လမှ ၆ လ တစ်ကြိမ် ဆေးမသောက်ခင်နှင့် ၂ ပတ်မှ ၈ ပတ်အတွင်း ဆေးမပြောင်းမီ သို့မဟုတ် ဆေးအသစ် စတင်သောက်သုံးလျှင် မိမိ ဗိုင်းရပ်စ်ပိုးပမာဏ ပျောက်ကင်းသည်အထိ စစ်ဆေးသင့်ပါသည်။

ဗိုင်းရပ်စ်ပိုးမွှားပမာဏသည် စစ်ဆေးနိုင်သည့် ပမာဏ မဟုတ်လျှင်

ထိုသို့မစစ်ဆေးနိုင်သည့် ပမာဏဖြစ်ပါက ထိုသည်မှာ HIV ရောဂါဖြစ်ရန် ရာခိုင်နှုန်း နည်းခြင်း ဖြစ်ပါသည်။ မိမိ၏ ခုခံအားပမာဏ တိုးမြင့်လာနိုင်ပြီး ကျန်းမာလာနိုင်ပါသည်။ တခြားသော ကူးစက်မှုများ၊ အထူးသဖြင့် လိင်အရ ကူးစက်ခြင်းများမှ ကာကွယ်နိုင်ပါသည်။ HIV ဗိုင်းရပ်စ်ပိုး ပမာဏများပါက နှလုံးရောဂါ၊ လေဖြတ်ခြင်းများ ဖြစ်နိုင်သည်ဟု ဆရာဝန်များက ပြောကြပါသည်။ ထို့အပြင် ဗိုင်းရပ်စ်ပမာဏ မစစ်ဆေးနိုင်ခြင်းမှာ ဆေးပမာဏ နည်းခြင်းကြောင့် ဆေးမတိုးသည်လည်း ဖြစ်နိုင်ပါသည။် နောက်ဆုံးအချက်မှာ ဗိုင်းရပ်စ်ပမာဏ နည်းခြင်းမှာ တခြားသူများသို့ ကူးစက်မှုနှုန်း နည်းသည်ဆိုသော အချက်ဖြစ်ပါသည်။

HIV ဆေး သောက်နေသော်လည်း ဗိုင်းရပ်စ်ပိုး မတွေ့ရခြင်းအကြောင်း

HIV ဆေးသောက်နေစဉ် ၃ လ မှ ၆ လအတွင်း ဗိုင်းရပ်ပမာဏ မကျဆင်းပါက ဆေးမတိုးတော့ခြင်းဟု သိရှိရပါမည်။ ဘယ်လို သောက်သုံးသလဲ၊ ဘယ်အချိန် သောက်သုံးနေလဲ၊ ဘာဆေးများနှင့် တွဲ၍ သောက်သုံးနေသလဲ ဆိုသော မေးခွန်းများကို ဆရာဝန်များက မေးမြန်းပါလိမ့်မည်။ ဆေးတိုး၊ မတိုး သိရှိရစေရန် သွေးစစ်ဆေးမှုများ ပြုလုပ်ပါလိမ့်မည်။ နောက်ပိုင်း စစ်ဆေးမှုများတွင် ဗိုင်းရပ်စ်ပမာဏ စစ်ဆေး၍ ရပြီဆိုပါက ဆေးပြောင်းရပါမည်။ ဆရာဝန်သည် မိမိ၏ ထင်မြင်ချက်ကိုလည်း မေးမြန်းပါလိမ့်မည်။

ဗိုင်းရပ်စ်ပိုးမွှားပမာဏ စစ်ဆေးခြင်းသည် နည်းပညာပေါ်မူတည်၍ သေးငယ်လှသော ပမာဏကိုပင် စစ်ဆေးနိုင်အောင် ပြုလုပ်ခြင်း ဖြစ်ပါသည်။ ဓါတ်ခွဲခန်း တစ်ခုနှင့် တစ်ခု စစ်ဆေးပုံခြင်း မတူညီပါ။ ဆရာဝန်နှင့် တိုင်ပင်ပြီး မိမိ စစ်ဆေးချက်အဖြေ၏ ရလဒ်များကို တိုင်ပင်ပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Zin Thu Thu Win မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 14/11/2019 ဖြစ်ပါသည်။