ပါးစပ်မှာ ရေယုန်ပေါက်သလို၊ လိင်အင်္ဂါမှာလည်း ရေယုန်ပေါက်တတ်ပါတယ်။ လိင်အင်္ဂါရေယုန်ကတော့ လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ သင်က လိင်အင်္ဂါရေယုန်ဖြစ်ဖူးသလား။ ဒါဆိုရင် ဘာတွေ ဆောင်လို့၊ ဘာတွေ ရှောင်သင့်သလဲဆိုတာ ကြည့်ကြရအောင်။
ပါးစပ်မှာ ရေယုန်ပေါက်သလို၊ လိင်အင်္ဂါမှာလည်း ရေယုန်ပေါက်တတ်ပါတယ်။ လိင်အင်္ဂါရေယုန်ကတော့ လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ သင်က လိင်အင်္ဂါရေယုန်ဖြစ်ဖူးသလား။ ဒါဆိုရင် ဘာတွေ ဆောင်လို့၊ ဘာတွေ ရှောင်သင့်သလဲဆိုတာ ကြည့်ကြရအောင်။

လိင်အင်္ဂါရေယုန်က လိင်ကတဆင့် ကူးစက်တာများပါတယ်။ ရေယုန်ဗိုင်းရပ်စ်ကြောင့် ဖြစ်တာပါ။ ရေယုန်ဗိုင်းရပ်စ်က တံတွေး၊ မိန်းမကိုယ်အရည်၊ သုက်ရည်တွေထဲမှာ ရှိတတ်ပါတယ်။ ဒီဗိုင်းရပ်စ်က အမြှေးပါးတွေ (ပါးစပ်၊ လိင်အင်္ဂါ)ကတဆင့် ခန္ဓာကိုယ်ထဲကို ဝင်ရောက်ပြီး အောင်းနေတတ်ပါတယ်။
ဆေးကုလည်း အပြင်က လက္ခဏာတွေပဲ သက်သာပါတယ်။ သူကတော့ ကိုယ်ထဲက (လိင်အင်္ဂါရေယုန်ဆို တင်ပဆုံထဲက) အာရုံကြောတွေမှာ အောင်းနေပြီး အခါအခွင့်သင့်တဲ့အခါ ပြန်ထွက်လာပါတယ်။
ရေယုန်ဗိုင်းရပ်စ်က နှစ်မျိုး နှစ်စားရှိပါတယ်။
ကံကောင်းတာတစ်ချက်က ဗိုင်းရပ်စ်က လူ့ခန္ဓာကိုယ်ပြင်ပမှာ ကြာကြာအသက်မရှင်နိုင်ပါဘူး။ ဒါကြောင့် ရောဂါပိုးရှိတဲ့သူ သုံးထားတဲ့ အိမ်သာတွေ၊ ကိုင်ထားတဲ့ ပစ္စည်းတွေကနေတဆင့် မကူးစက်နိုင်ပါဘူး။
လက္ခဏာတွေကတော့ အမျိုးမျိုးပါပဲ။ တချို့က ပိုးရှိပေမယ့် လက္ခဏာမပြပါဘူး။ တချို့က ပြပေမယ့် မပြင်းထန်ပါဘူး။ လက္ခဏာပြတဲ့ သူတွေကလည်း ဗိုင်းရပ်စ်ဝင်ပြီး ၂ရက်ကနေ ၁၀ရက်လောက်နေမှ စပြပါတယ်။ တွေ့ရတတ်တဲ့ လက္ခဏာတွေကတော့
တစ်ခါတလေ အနာပေါက်တာ၊ အရည်ကြည်ဖုထွက်တာအပြင် တုပ်ကွေးလို ခေါင်းကိုက်တာ၊ ဖျားတာ၊ ကိုယ်လက်ကိုက်တာ၊ ပေါင်ခြံမှာ အကျိတ်ထွက်တာတွ ဖြစ်တတ်ပါတယ်။
ခန္ဓာကိုယ်ကို ဘယ်ကဝင်သလဲအပေါ် မူတည်ပါတယ်။ အနာကို ထိမယ်၊ လက်မဆေးဘဲ တခြားနေရာကို ထိမယ်၊ မျက်လုံးကို ပွတ်မယ်ဆိုရင် ဒီနေရာတွေမှာပါ လိုက်ဖြစ်မှာပါ။
အတွေ့ရများတဲ့ နေရာတွေကတော့
အမျိုးသမီးတွေမှာဆိုရင်တော့
အမျိုးသားတွေမှာ ဆိုရင်တော့
ပိုးက တစ်ခါဝင်ပြီးရင် အာရုံကြောတွေထဲမှာ အောင်းနေတဲ့အတွက် အမြစ်ပြတ်အောင် ကုလို့မရနိုင်ပါဘူး။ အခါအခွင့်သင့်တိုင်းမှာ ပြန်ဖြစ်နေဦးမှာပဲ။ ဒါပေမယ့် ထွက်လာတဲ့ အနာတွေကို ပျောက်ကင်းအောင်လုပ်ပြီး ပိုးကို ကြွမလာအောင်တော့ လုပ်လို့ရပါတယ်။ အပေါ်က လက္ခဏာတွေ ပေါ်လာရင် ဆရာဝန်နဲ့ သွားပြပါ။
တခြား ဆောင်ရန်၊ ရှောင်ရန်တွေကတော့
ကိုယ်ကနေ သူများဆီကို မကူးအောင်၊ သူများဆီကနေ ကိုယ့်ကို မကူးအောင် တတ်နိုင်သမျှ ကာကွယ်ဖို့လိုပါတယ်။ လိင်အင်္ဂါရေယုန်ကာကွယ်နည်းကတော့ တခြားလိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကို ကာကွယ်နည်းအတိုင်းပါပဲ။
လိင်အင်္ဂါရေယုန်ပိုးက အောင်းနေတဲ့အတွက် အခါအခွင့်သင့်ရင် ပြန်ထွက်လာတတ်ပါတယ်။ ဥပမာ
လိင်အင်္ဂါရေယုန်က ပျောက်သွားပြီး နှစ်တွေကြာလည်း အပေါ်က အချက်တွေနဲ့ ကြုံကြိုက်တဲ့အခါ ပြန်ထွက်လာတတ်ပါတယ်။ တချို့တွေကျတော့လည်း ကြာလာလေလေ ပြန်ဖြစ်နိုင်ခြေ နည်းသွားပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်တော့ မတူပါဘူး။
ပြန်ဖြစ်လာပြီဆိုရင် အနာမဖြစ်ခင်မှာ
ကံကောင်းတာက နောက်ထပ်ဖြစ်တဲ့ ရေယုန်တွေက ပထမအခါလောက် မဆိုးတော့ပါဘူး။ မြန်မြန်လည်း ပျောက်ပါတယ်။
ရေယုန်က အသက်အန္တရာယ်ထိခိုက်လောက်အောင် မဆိုးဘူးဆိုပေမယ့် တချို့သူတွေမှာ နောက်ဆက်တွဲ အနေနဲ့
ဒါကြောင့် ကုရလွယ်တဲ့ ရေယုန်ကို အချိန်မဆွဲဘဲ ထိထိရောက်ရောက် ကုသထားသင့်ပါတယ်။
ရေယုန်ရောဂါက အဖြစ်များတဲ့ရောဂါပါ။ ဒါပေမယ့် ကုသနိုင်တဲ့ နည်းလမ်းတွေ ရှိနေပြီး အလါယ်တကူပျောက်ကင်းနိုင်တာကြောင့် ဖြစ်လာရင် သေသေချာချာ ကုသဖို့ အကြံပေးလိုပါတယ်။