brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Genital Herpes (လိင်အင်္ဂါ ရေယုန်)

လိင်အင်္ဂါ ရေယုန်တွေဟာ အဖြစ်များပြီး လိင်က တစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါပိုးတွေဖြစ်ပါတယ်။ သူတို့ဟာ နာကျင်တဲ့ အရည်ကြည်ဖုတွေဖြစ်ပြီး ပေါက်သွားနိုင်ကာ အရည်ထွက်လာနိုင်ပါတယ်။ အသက်၃၄ ကနေ ၄၉နှစ်အတွင်း ရှိတဲ့ ၁၆ ရာခိုင်နှုန်း သောသူတွေမှာ ဒီရောဂါ ရှိပါတယ်။

Genital Herpes (လိင်အင်္ဂါ ရေယုန်)

လိင်အင်္ဂါ ရေယုန်ဖြစ်ပွားရခြင်း အကြောင်းရင်း

ရေယုန် ဗိုင်းရပ်စ် အမျိုးအစား ၁ နဲ့ ၂ (HSV type 1 and 2) ကြောင့် လိင်အင်္ဂါရေယုန် ဖြစ်ပွားနိုင်ပါတယ်။ ရေယုန်ဗိုင်းရပ်စ် အမျိုးအစား ၁ ဟာ ပါးစောင်နာတွေက အဓိက ဖြစ်စေပါတယ်။ လိင်အင်္ဂါရေယုန် ကုသမှုမှာတော့ အနာတွေကို မြန်မြန် ပျောက်ကင်းအောင် ကုသမှုနဲ့ ပြန့်ပွားမှု ကာကွယ်ခြင်းတွေ ပါဝင်ပါတယ်။

သင့်ကိုယ်ခန္ဓါအတွင်းကို ဘယ်လိုဝင်ရောက်နိုင်ပါသလဲ။

ဒီဗိုင်းရပ်စ်ပိုးဟာ ကိုယ်ခန္ဓါအတွင်းကို အမြှေးပါး တွေက တစ်ဆင့် ဝင်ရောက်နိုင်ပါတယ်။ အမြှေးပါး တွေဟာ ကိုယ်ခန္ဓါ အပေါက်တွေကို ကာရံထားတဲ့ ပါးလွှာတဲ့ တစ်ရှူးအလွှာ တစ်ထပ်ဖြစ်ပါတယ်။ သူတို့ကို ပါးစပ်၊ နှာခေါင်းနဲ့ လိင်အင်္ဂါတွေမှာ တွေ့ရပါတယ်။ ကိုယ်ခန္ဓါ အတွင်းမှာ ဗိုင်းရပ်စ်တွေ ရှိရင် သူတို့ဟာ ဆဲတွေထဲကို ဝင်သွားနိုင်ပါတယ်။ ဗိုင်းရပ်စ်တွေဟာ ပွားလာပြီးတော့ ပတ်ဝန်းကျင်နဲ့ အလွန်လျင်မြန်စွာ လိုက်လျောညီထွေ နေနိုင်စွမ်း ရှိပါတယ်။ ဒါဟာ ကုသမှုကို ခက်ခဲစေပါတယ်။

HSV 1 နဲ့ HSV 2 ကို ကိုယ်ခန္ဓါက ထွက်တဲ့အရည်တွေမှာ တွေ့ရပါတယ်။

  • သုက်ရည်
  • တံတွေး
  • မိန်းမကိုယ်မှ ထွက်သောအရည်

လိင်အင်္ဂါ ရေယုန်တွေရဲ့ ရောဂါ လက္ခဏာများ

အမျိုးသားတွေမှာ အတွေ့များတဲ့ ရောဂါလက္ခဏာတွေကတော့ လိင်တံနဲ့ တင်ပါး၊ ကပ်ပယ်အိတ်တို့မှာ အရည်ကြည်ဖုပေါက်ခြင်းပဲ ဖြစ်ပါတယ်။ အမျိုးသမီးတွေ အတွက်ကတော့ မိန်းမကိုယ်ပတ်လည် (သို့) အနီးတဝိုက်၊ တင်ပါးနဲ့ စအိုတွေမှာ အရည်ကြည်ဖုပေါက်ခြင်းတို့ပဲ ဖြစ်ပါတယ်။ အမျိုးသားရော အမျိုးသမီးတွေမှာ အောက်ပါ လက္ခဏာတွေ တွေ့ရတတ်ပါတယ်။

  • ပါးစပ်၊ နှုတ်ခမ်းနဲ့ ရောဂါ ရှိတဲ့နေရာနဲ့ ထိတွေ့မိတဲ့ ကိုယ်ခန္ဓါ အစိတ်အပိုင်းတွေမှာ အရည်ကြည်ဖု ပေါက်ခြင်း
  • နာကျင်မှု၊ ယားယံခြင်း၊ စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်းတွေ မရှိပဲ လိင်အင်္ဂါ ပတ်လည်မှာ နီရဲ အက်ကွဲခြင်း
  • အရည်ကြည်ဖုတွေဟာ အနာဖြစ်လာပြီးတော့ အရည် စိမ့်ထွက်နိုင်ပါတယ်။
  • ရောဂါဖြစ်တဲ့နေရာဟာ အရည်ကြည်ဖုမဖြစ်ခင် စတင်ယားလာပြီးတော့ စပ်ဖျဉ်းဖျဉ်း ဖြစ်လာပါလိမ့်မယ်။
  • တစ်ပတ်လောက် အတွင်းမှာ အနာမျက်နှာပြင်မှာ အပေါ်ယံမာတဲ့ အလွှာတစ်ခု ဖြစ်လာမှာပါ။
  • ခေါင်းကိုက်ခြင်း၊ ကိုယ်ကိုက်ခြင်းနဲ့ အဖျားတက်ခြင်းတွေ ဖြစ်နိုင်ပါတယ်။
  • ပြန်ရည် ဂလင်းတွေဟာ ရောင်လာပါလိမ့်မယ်။ သူတို့ရဲ့ လုပ်ငန်းဆောင်တာဟာ ရောဂါပိုးတိုက်ထုတ်ဖို့နဲ့ ကိုယ်ခန္ဓါရောင်ရမ်းခြင်းကို ကာကွယ်ဖို့ပဲဖြစ်ပါတယ်။

သင့်မှာ ကိုယ်ဝန်ရှိနေတယ်ဆိုရင် သတိထားသင့်ပါတယ်။ ကလေးမှာ တွေ့ရတတ်တဲ့ ယေဘုယျလက္ခဏာတွေကတော့ မျက်နှာ၊ ကိုယ်ခန္ဓါနဲ့ လိင်အင်္ဂါပေါ်မှာ အနာဖြစ်ခြင်းပဲ ဖြစ်ပါတယ်။ လိင်အင်္ဂါရေယုန်နဲ့ မွေးလာတဲ့ ကလေးတွေဟာ ပြင်းထန်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ခံစားရတတ်ပါတယ်။

  • ဦးနှောက်ပျက်စီးခြင်း
  • မျက်စိကွယ်ခြင်း
  • သေဆုံးခြင်း

လိင်အင်္ဂါရေယုန်ကို ရောဂါရှာဖွေ အမည်တပ်ခြင်း

လိင်အင်္ဂါရေယုန်ဟာ ဒီလက္ခဏာတွေ ပြတဲ့ တစ်ခုတည်းသော ရောဂါမဟုတ်ပါဘူး။ သူ့ကို မှိုရောဂါ၊ ဆီးအိမ် ရောဂါပိုးဝင်ခြင်းနဲ့ ဘက်တီးရီးယားရောဂါတွေနဲ့ မှားတတ်ပါတယ်။ တစ်ခုတည်းသော ရောဂါ အတည်ပြုနည်းကတော့ ဆရာဝန်နဲ့ စမ်းသပ်စစ်ဆေးနည်းပဲဖြစ်ပါတယ်။

လိင်အင်္ဂါရေယုန်ကို ကိုယ်ခန္ဓါ စမ်းသပ်စစ်ဆေးခြင်း၊ အနာမှ ထွက်သော အရည်ကို စစ်ေဆေးခြင်း (သို့) သွေးစစ်ဆေးခြင်းတို့နဲ့ အတည်ပြုနိုင်ပါတယ်။

သင့်မှာ လိင်ဆက်ဆံမှုကြောင့် (ပါးစပ်ဖြင့်ဖြစ်စေ၊ လိင်အင်္ဂါဖြင့်ဖြစ်စေ) ရေယုန်ဗိုင်းရပ်စ်ပိုးရှိနိုင်တယ် ထင်ရင် ဆရာဝန်နဲ့ ချက်ချင်း ဆက်သွယ် ပြသသင့်ပါတယ်။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Dr. K Zin Thwe
Dr. K Zin Thwe · · · ပြန်လည်သုံးသပ်သူ Dr . Phyu Mon Latt မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 10/02/2022 ဖြစ်ပါသည်။