ခေတ်ကြီးက တိုးတက်လာတာနဲ့အမျှ လူငယ် အများစုက လိင်မှု ကိစ္စတွေကို လုပ်လာတတ်ကြပါတယ်။ ဒီလို လိင်မှု ကိစ္စတွေကို လုပ်တဲ့ အခါမှာလည်း လူငယ်အများစု ကတော့ ကွန်ဒုံးနဲ့ အရေးပေါ် သန္ဓေတားဆေး (EC ) တို့ကိုသာ သုံးစွဲကြပါတယ်။
ခေတ်ကြီးက တိုးတက်လာတာနဲ့အမျှ လူငယ် အများစုက လိင်မှု ကိစ္စတွေကို လုပ်လာတတ်ကြပါတယ်။ ဒီလို လိင်မှု ကိစ္စတွေကို လုပ်တဲ့ အခါမှာလည်း လူငယ်အများစု ကတော့ ကွန်ဒုံးနဲ့ အရေးပေါ် သန္ဓေတားဆေး (EC ) တို့ကိုသာ သုံးစွဲကြပါတယ်။

ဒါပေမဲ့ ဆယ်ကျော်သက်အများစုက ဒီလို အသုံးများတဲ့ သန္ဓေတားနည်းတွေကို အချိန်တိုင်းသုံးလေ့ မရှိတဲ့အပြင် မှန်မှန်ကန်ကန်လည်း မသုံးစွဲတတ်ကြတဲ့အတွက် ငယ်ငယ်ရွယ်ရွယ်နဲ့ မိဘဖြစ်လာနိုင်တဲ့ အန္တရာယ်တွေ ရှိနေပါတယ်။ ကျွန်တော် အခု ဒီဆောင်းပါးလေးထဲမှာတော့ ဆယ်ကျော်သက်လူငယ်တွေ ငယ်ငယ်ရွယ်ရွယ် အိမ်ထောင်တာဝန်ကို အချိန်မတန်ဘဲ မထမ်းကြရစေဖို့ ဘယ်လို သန္ဓေတားနည်းတွေက အကောင်းဆုံးလည်း ဆိုတာကို Hello ဆရာဝန်ပရိတ်သတ်ကြီး အတွက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
စိတ်အချရဆုံး သန္ဓေတားနည်းက ဘာလဲ။
ဆယ်ကျော်သက်တွေအတွက် စိတ်ချရဆုံး သန္ဓေတားနည်းကတော့ Abstinence လို့ခေါ်တဲ့ လိင်မှု ကိစ္စကို ရှောင်ကြဉ်တာပါပဲ။ သင့်အနေနဲ့ လုံးဝမုချ သန္ဓေနဲ့လိင်မှတဆင့်ကူးစက်တတ်တဲ့ ရောဂါ (STD) တွေ ကူးစက်တာ မခံချင်ဘူးဆိုရင် လိင်မှုကိစ္စကို ငယ်ငယ်ရွယ်ရွယ်မှာ လက်တည့်မစမ်းပါနဲ့။
အကောင်းဆုံးသော သန္ဓေတားနည်း – IUD (သားအိမ်တွင်း ထည့်သွင်းတပ်ဆင်ရတဲ့ ပစ္စည်း) နဲ့ သန္ဓေတားရန် ခန္ဓာကိုယ်တွင်း တပ်ဆင်ရသော ပစ္စည်း။
သားအိမ်တွင်း ထည့်သွင်းတပ်ဆင်ရတဲ့ ကိရိယာ ( IUD)
ဒါတွေဟာ သန္ဓေကို ရေရှည်ကာကွယ်ပေးနိုင်ပြီး ဆရာဝန်တွေကလည်း IUD တွေကိုသာ အရင်ဆုံး ညွှန်ကြားလေ့ရှိကြပါတယ်။ ဘာကြောင့်လဲဆိုတော့ သန္ဓေတားဆေးတွေ သောက်မယ်ဆိုရင် နေ့တိုင်း တစ်နေ့ တစ်ခါ မပျက်မကွက်သောက်ရပါတယ်။ ဒါပေမဲ့ IUD တွေကတော့ တစ်ခါ တပ်ဆင်ထားရုံနဲ့ သန္ဓေကို အထိရောက်ဆုံး သန္ဓေတားနိုင်ပြီး IUD တပ်ဆင်ထားတဲ့ အမျိုးသမီး အယောက် ၁၀၀ မှာ တစ်ယောက်ခန့်ကသာ တစ်နှစ်အတွင်း သန္ဓေရနိုင်တယ် လို့သိရပါတယ်။
IUD နဲ့ ပတ်သတ်ပြီး သိကောင်းစရာများ။
IUD ဆိုတာ သားအိမ်တွင်း တပ်ဆင်ရတဲ့ T ပုံစံ ပစ္စည်းလေး ဖြစ်ပါတယ်။ အမျိုးအစားပေါ် မူတည်ပြီး IUD တွေဟာ ၃ နှစ်ကနေ ၁၀ နှစ်အထိ ခံပြီး တစ်ချို့ IUD တွေကျတော့ သန္ဓေရခြင်းကို ထပ်ဆောင်း ကာကွယ်ပေးဖို့နဲ့ ဓမ္မတာလာချိန် နာကျင်ခြင်းကို ကာကွယ်ဖို့ အတွက် ဟော်မုန်းတွေကို ထုတ်လုပ်ပေးတတ်ကြပါတယ်။
သန္ဓေတားရန် ခန္ဓာကိုယ်တွင်း တပ်ဆင်ရသော ပစ္စည်း။
ဒီလို ခန္ဓာကိုယ်တွင်း ထည့်သွင်းရတဲ့ ကိရိယာဆိုတာ မီးခြစ်ဆံလောက်ပဲ ရှိတဲ့ ပလတ်စတစ်ချောင်းလေးဖြစ်ပြီး လက်မောင်း အထက်ပိုင်းက အရေပြားထဲ ထည့်သွင်းတပ်ဆင်ရတာ ဖြစ်ပါတယ်။ ဒီ ခန္ဓာကိုယ်တွင်းထည့်သွင်းရတဲ့ ပစ္စည်းလေးတွေကတော့ ၃ နှစ်အထိ သန္ဓေတားနိုင်ပါတယ်။
IUD ပဲ ထည့်ထည့် Implant ပဲ ထည့်ထည့် ကျွမ်းကျင်ဆေးပညာရှင်တွေ ထည့်သွင်းပေးရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီ ပစ္စည်း ၂ ခုလုံးက လိင်မှတစ်ဆင့် ကူးစက်တဲ့ ရောဂါတွေ (STD) တွေရန်မှ မကာကွယ်ပေးနိုင်ပါဘူး။ လိင်မှတစ်ဆင့် ကူးစက်တဲ့ ရောဂါတွေ (STD) ကို ကာကွယ်ချင်တယ်ဆိုရင်တော့ အမျိုးသားသုံး ကွန်ဒုံးတွေက အကောင်းဆုံးဖစ်ပါတယ်။
တခြားသော သန္ဓေတားနည်းများ – ထိုးဆေးနဲ့ ခန္ဓာကိုယ်တွင် ကပ်ရတဲ့ သန္ဓေတားနည်းများ ။
ထိုးဆေးဆိုတာ medroxyprogesterone (Depo-Provera) ဖြစ်ပြီး ပရိုဂျက်စတင် ဟော်မုန်းလို့ခေါ်တဲ့ သန္ဓေကို စတင်ဖြစ်ပေါ် စေပြီး ကိုယ်ဝန်ဆောင်စဉ်ကာလမှာ မျိုးဥကြွေခြင်းကို တားဆီးပေးတဲ့ ဟော်မုန်း အဖြစ် ၃ လခန့် လုပ်ဆောင်ပေးတဲ့ ဆေး ဖြစ်ပါတယ်။
တကယ်လို့ ဆယ်ကျော်သက်မိန်းကလေးတစ်ယောက်က ဒီနည်းကို ရွေးချယ်လိုက်မယ်ဆိုရင် သူမအနေနဲ့ ၁၁ ပတ်- ၁၃ ပတ်အတွင်း ဆရာဝန်ထံ ပုံမှန် ဆေးထိုးဖို့ သွားရောက်ရမှာ ဖြစ်ပါတယ်။ ဒီသန္ဓေတားနည်းကို သုံးတဲ့ အမျိုးသမီးတွေ အနေနဲ့ ဓမ္မတာလာတဲ့ အခါ သွေးစီးဆင်းမှု နည်းသွားမှာ ဖြစ်ပြီး ကိုယ်အလေးချိန်တက်လာခြင်းနဲ့ အရိုးသိပ်သည်းဆ နည်းသွားခြင်း စတဲ့ အကျိုးဆက်တွေကို ခံစားရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီ သန္ဓေတားနည်းကို ရွေးချယ်တဲ့ အမျိုးသမီးတွေထဲမှာ ၁ နှစ်အတွင်းအယောက် ၁၀၀ မှာ ၆ ယောက်သာ သန္ဓေရလေ့ရှိပါတယ်။ ဒီနည်းရဲ့ သန္ဓေတားနိုင်စွမ်းဟာသန္ဓေတားဆေးတွေ ထက်ပိုများပါတယ်။
သန္ဓေတားနည်း ကပ်ခွာများ။
သန္ဓေတားနည်း ကပ်ခွာဆိုတာကတော့ အီစရိုဂျင်နဲ့ ပရိုဂျက်စတင် ဟော်မုန်းတို့ ပေါင်းစပ်ထားတဲ့ ကပ်ခွာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီသန္ဓေတားနည်းက သိပ်စိတ်မချရတဲ့နည်း ဖြစ်တာကြောင့် ဒီကပ်ခွာကို အချိန်မှန် ကပ်ဖို့၊ ခွာပေးဖို့လိုပါလိမ့်မယ်။ ပုံမှန်အားဖြင့် ဒီကပ်ခွာကို ခန္ဓာကိုယ်ရဲ့ လက်မောင်း အပေါ်ဘက် (သို့) တင်ပါးမှာ ဝတ်ဆင်ရမှာ ဖြစ်ပါတယ်။ ဒီ ကပ်ခွာကို ၃ ပတ်တိတိ ဝတ်ထားပြီး တစ်ပတ်ခန့် ပြန်ခွာထားရမှာဖြစ်ပါတယ်။ အဲ့အချိန် ဓမ္မတာ လာမှာလည်း ဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ တခြားနည်းလမ်းတွေလောက် သန္ဓေတားရာမှာ သိပ်စိတ်မချရပါဘူး။
ဒီသန္ဓေတားကို သုံးတဲ့ လူ အယောက် ၁၀၀ မှာ ၉ ယောက်အထိ သန္ဓေရနိုင်ပါတယ်။ ဒါပေမဲ့ ဒီနည်းဟာ သန္ဓေတားဆေးတွေ ထက်တော့ သုံးရတာ ပိုအဆင်ပြေတဲ့ နည်းဖြစ်ပါတယ်။
ဘယ်လို ရွေးချယ်ရမလဲ။
ဆယ်ကျော်သက်တစ်ယောက်ကိုယ်တိုင်ပဲ ဖြစ်ဖြစ်၊ မိဘကိုယ်တိုင်ကပဲ ဖြစ်ဖြစ် မိမိရဲ့ သားသမီးတွေကို သန္ဓေတားနည်းတွေနဲ့ ထိတွေ့မှုရှိစေချင်တယ်ဆိုရင် ဆရာဝန်နဲ့ အရင်တိုင်ပင်သင့်ပါတယ်။ အဲ့လို သန္ဓေတားနည်း စဉ်းစားတဲ့ အခါမှာ ထည့်သွင်းစဉ်းစားရမယ့် အချက်တွေလည်း ရှိပါတယ်။
အဲ့ဒါကတော့-
မြန်မာနိုင်ငံအနေနဲ့ ကလေးတွေကို လိင်မှု ကိစ္စနဲ့ သန္ဓေတားနည်းတွေ ထုတ်ပြောဖို့က တော်တော်ခက်ခဲပါလိမ့်မယ်။ ဒီလိုဆိုရင် သားဖွားမီးယပ်ဆရာဝန်တွေနဲ့ ပဲ ဖြစ်ဖြစ် မိသားစုဒေါက်တာနဲ့ပဲဖြစ်ဖြစ် တွေ့ဆုံပြီး ဘယ်လိုနည်းလမ်းက အကောင်းဆုံးလည်း ဆိုတာ တိုင်ပင်ဖို့လိုပါလိမ့်မယ်။ အမေရိကန်မှာတော့ ၂၀၁၆ မတ်လမှာ စတင်ပြီး ပြည်နယ် ၂၁ ပြည်နယ်နဲ့ ကိုလံဘီယံဒေသ ဥပဒေအရ ဆယ်ကျော်သက်တွေဟာ သန္ဓေတားနည်းအတွက် မိမိဘာသာ ဆုံးဖြတ်ခွင့်ရှိတယ်လို့ ဥပဒေ ပြဌာန်းခဲ့ပါတယ်။ သန္ဓေတားနည်းကို ရွေးမယ်ဆိုရင်လည်း မိဘတွေ ရဲ့ သဘောတူညီမှု ယူစရာမလိုအပ်ပါဘူး။ များသောအားဖြင့် သန္ဓေတားနည်း ဆိုတာ အမျိုးသမီးတွေပဲ လုပ်ဆောင်ကြရလေ့ရှိပေမဲ့ ယောက်ျားလေးတွေ အနေနဲ့လည်း တာဝန်ယူမှု ရှိသင့်ပါတယ်။
ကိုယ်ဝန်နဲ့ လိင်မှတဆင့်ကူးစက်တတ်တဲ့ ရောဂါ (STD) တွေ ကာကွယ်ဖို့ အတွက် ယောက်ျားလေးတွေ အနေနဲ့ ကွန်ဒုံး အသုံးပြုသင့်ပါတယ်။ ကွန်ဒုံးတွေဟာ လိင်မှတဆင့်ကူးစက်တတ်တဲ့ ရောဂါ (STD) ကိုကာကွယ်ပေးနိုင်တဲ့ အကောင်းဆုံး နည်းလမ်းတွေပါပဲ။