
အိမ်ထောင်ပြုပြီးနောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့် ကိုယ်ဝန် မလိုချင်တဲ့ သူတွေအတွက် သန္ဓေတားနည်းတွေအများကြီးပါ။ တားဆေးသောက်မလား ၊ထိုးဆေးထိုးမလား၊ လက်မောင်းထဲ ပစ္စည်းထည့်မလား သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်း ထည့်မလား စသဖြင့်ပေါ့။
ဒါပေမယ့် အားလုံးသိကြတဲ့အတိုင်း ဟော်မုန်းပါတဲ့ တားဆေးတို့ ထိုးဆေးတို့က ရာသီမမှန်တာ၊ ကိုယ်အလေးချိန်တက်လာစေတာ အသားမဲတာတွေ ဖြစ်စေတယ်ဆိုတော့ ဒီ ဘေးထွက်ဆိုးကျိုးတွေ မခံစားချင်တဲ့သူတွေအတွက် ဟော်မုန်း မပါတဲ့ IUD ( သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်း) က အကောင်းဆုံး အားကိုးရာ သန္ဓေတားနည်းဖြစ်နေတော့တာပေါ့။
ဒီတော့ ကိုယ်ဝန်မလိုချင်သေးတာကြောင့် IUD နဲ့ သန္ဓေတားဖို့ပြင်ဆင်နေတဲ့သူတိုင်း၊ IUD သုံးထားတဲ့သူတိုင်း သိထားသင့်တဲ့အချက်တွေကို ပြောပြပေးချင်ပါတယ်။
IUD ဆိုတာ ဟော်မုန်းမပါတဲ့ သန္ဓေသားပစ္စည်းလေတစ်မျိုးဖြစ်ပြီး Y ပုံ သဏ္ဍန်ရှိပါတယ်။ သားအိမ်ရဲ့ ၄ ပုံ ၁ပုံ အရွယ်အစားရှိတဲ့ ပလတ်စတစ်ချောင်းလေးရဲ့ ကိုယ်ထည်မှာကြေးနီရစ်ပတ်ထားတာဖြစ်ပါတယ်။ ပစ္စည်းလေးရဲ့ အဆုံးမှာတော့ ကြိုးလေးနှစ်ချောင်းပါမှာဖြစ်ပါတယ်။
ကြေးနီပါဝင်တဲ့ သားအိမ်တွင်းထည့်ပစ္စည်းက သုက်ပိုးဟာ မမျိုးဥဆီမရောက်အောင်ခင် ရစ်ပတ်ထားတဲ့ ကြေးနီနဲ့တွေ့ပြီး အဆိပ်သင့်တားဆီးပေးခြင်းအားဖြင့် ကိုယ်ဝန်တားပေးပါတယ်။ တစ်ခါထည့်ထားရင် အနည်းဆုံး ၅ နှစ်လောက်အထိကိုယ်ဝန်ကို တားပေးမှာ ဖြစ်ပြီး ကလေးလိုချင်ရင် IUD ကို ပြန်ထုတ်လိုက်ရုံပါပဲ။
ဒီတော့အချုပ်ပြောရရင် ထည့်ထားတဲ့ IUD နေရာမှားနေတယ် ၊ထွက်ကျသွားတယ်၊ ဗိုက်ထဲဝင်သွားတယ် စတာတွေကို ပြောနိုင်တာက ကြိုးနှစ်ချောင်းဖြစ်တဲ့အတွက် အိမ်မှာ ကိုယ့်ဘာသာ တစ်လတစ်ခါ စမ်းကြည့်နေဖို့ လိုပါတယ်။ ။