brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ဆေးပညာအရ ကိုယ်ဝန်ဖျက်ချပြီးနောက်ပိုင်း ထိုက်သင့်တဲ့ကုသစောင့်ရှောက်မှုခံယူခြင်း

ဆေးဝါးသုံးပြီး ကိုယ်ဝန်ဖျက်ချပြီးနောက် မိသားစု အထူးသဖြင့် ကာယကံရှင်မိခင်လောင်းက စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတွေ ခံစားရစမြဲဖြစ်ပါတယ်။ မိခင်လောင်းဟာ ဒီလိုဆုံးရှုံးမှု ကြုံတွေ့ရပြီးနောက်ပိုင်းမှာ အထူးစောင့်ရှောက် ကုသမှုခံယူဖို့လိုအပ်တယ်လို့ ပြောကြပါတယ်။ (မြန်မာနိုင်ငံတွင် တရားဝင် ကိုယ်ဝန်ဖျက်ချခွင့် မရှိပါ။)

ဆေးပညာအရ ကိုယ်ဝန်ဖျက်ချပြီးနောက်ပိုင်း ထိုက်သင့်တဲ့ကုသစောင့်ရှောက်မှုခံယူခြင်း

ကိုယ်ဝန်ဖျက်ချပြီးနောက် ဘယ်လိုခံစားချက်မျိုး ရှိလာနိုင်မလဲ

လူတိုင်းဟာ တခြားသူနဲ့မတူတဲ့သီးခြားဖြစ်တည်မှုဖြစ်တာကြောင့် ရုပ်ရည်သွင်ပြင်နဲ့ စိတ်နေစိတ်ထားတွေလည်း မတူကြတဲ့အတွက် ဆေးပညာအရ ဆေးဝါးသုံးပြီး ကိုယ်ဝန်ဖျက်ချမှုခံယူပြီး နောက် ခံစားနေရတတ် သူ၊ မခံစားရသူ ဆိုပြီးရှိပါတယ်။ သင့်မှာ ခံစားချက် ပြင်းထန်တာလည်း ရှိနိုင်ပါတယ်။ ကိုယ့်ပတ်ဝန်းကျင် ကအရာဝတ္ထုတွေကို ထိတွေ့ခံစား မသိနိုင်တော့တာ၊ အာရုံ မရနိုင်တာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် အရာအားလုံးကိုခံစားလွယ်ပြီး ဟာတာတာလည်း ခံစားနေရနိုင်ပါတယ်။ ဒေါသစိတ်၊ ဆုံးရှုံးရတဲ့စိတ်၊ အပြစ်ရှိစိတ်၊ စိတ်သက်သာမှု၊ဝမ်းနည်းစိတ် စတာတွေကိုလည်း ခံစားရနိုင်ပါတယ်။

စိတ်ပိုင်းဆိုင်ရာအားပေးမှုတွေလိုအပ်လာရင် ဘာလုပ်ရမလဲ

တချို့လူတွေက နောက်ဆက်တွဲခံစားချက်တွေဘာမှ မရှိဘဲ ဒီဆုံးရှုံးမှုကို မြန်မြန်ဆန်ဆန်ဖြတ်ကျော်သွားနိုင် ပေမယ့်တချို့ကတော့ အားပေးမှုလိုအပ်နေနိုင်ပါ တယ်။ ဒီလိုဖြတ်ကျော်နိုင်ဖို့ စိတ်ထဲမှာ ဘဝင်မကျမှု၊ စိုးရိမ်ပူပန်မှုတွေ ခံစားနေရတာ၊ ဒါမှမဟုတ် နေ့စဉ်လှုပ်ရှားလုပ်ဆောင်မှုတွေ၊ အိပ်စက်ချိန်တွေမှာ အဆင်မပြေတာတွေဖြစ်နေပြီဆိုရင် တစ်ယောက်ယောက် ဝင်ကူညီပေးဖို့လိုနေပါပြီ။ ကိုယ်ချစ်ခင်ရသူတွေ၊ ကိုယ်ယုံကြည်ရသူတွေကို ကိုယ့်ခံစားချက်တွေ ပြောပြပြီး စကားပြောဆိုနိုင်ပါ တယ်။ နောက်တစ်နည်းကတော့ ဆရာဝန်တွေ၊ အထူးကုတွေ၊ဒါမှမဟုတ် တခြားတရားဝင်ကျန်းမာရေး စောင့်ရှောက်မှုပညာရှင်တွေနဲ့တွေ့ဆုံပြီး စိတ်ပိုင်းဆိုင်ရာ အားပေးအကြံပေးမှုခံယူနိုင်ပါတယ်။ ကိုယ့်အတွက်စိတ်သက်သာရာရစေမယ့်၊ ကိုယ့်ပူပန်မှုတွေကို ကူညီဖြေဖျောက်ပေးနိုင်မယ့် ဘယ်သူနဲ့မဆို တွေ့ဆုံပြောဆိုနိုင်ပါတယ်။ တစ်ဦးတည်းကျိတ်ခံစားတာက အခြေအနေကိုပိုဆိုး စေတာပဲရှိမှာဖြစ်ပြီး ပိုပြင်းထန်တဲ့နောက်ဆက်တွဲ ဆိုးကျိုးတွေရှိလာစေနိုင်ပါလိမ့်မယ်။

ကိုယ်ဝန်ဖျက်ချပြီးနောက်

ကိုယ်ဝန်ဖျက်ချပြီးနောက် သင့်ရဲ့ကိုယ်ဝန်ဆောင် လက္ခဏာတွေက တစ်ပတ်လောက်အတွင်းမှာ ပျောက်ကွယ်သွားနိုင်ပါတယ်။ အဲဒီနောက် ပုံမှန်လှုပ်ရှားမှုအခြေအနေကိုပြန်ရောက်သွားမှာပါ။ သင့်ခန္ဓါကိုယ်နဲ့လိုအပ်ချက်တွေအတိုင်း နေထိုင်ပြီး စိတ်ချမ်းသာသလို ပြန်လည်နေထိုင်ပါ။

မိန်းမကိုယ်ကနေ သွေးဆင်းတာမျိုး ဖြစ်ရင်ဖြစ်လာနိုင်ပြီး ၂ ပတ်-၃ပတ်လောက်အထိ ကြာနိုင်ပါတယ်။ အရက်သောက်ခြင်း၊ ဆေးခြောက်နဲ့ မူးယစ်ဆေးဝါး သုံးစွဲခြင်း၊ ၊ ဆေးဝါးများသောက်သုံးခြင်း၊ အလေးအပင် မခြင်း၊ ကြမ်းကြမ်းလှုပ်ရှားရတဲ့လေ့ကျင့်ခန်းများလုပ် ခြင်းတို့က သွေးဆင်းခြင်းကို ဖြစ်နိုင်ခြေပိုများစေပါ တယ်။ နောက်ဆက်တွဲဆိုးကျိုးတွေထပ်မဖြစ်လာစေဖို့ အတွက် ဒါမျိုးတွေမလုပ်မိအောင် ရှောင်ပါ။

တစ်နာရီအတွင်း သွေးဆင်းတာများနေတာ ဒါမှမဟုတ် တစ်နာရီကို pad တစ်ခုလဲနေရတာ သုံးနာရီကြာလာပြီဆိုရင် ဆေးရုံ သို့မဟုတ် ဆေးခန်းကို ချက်ချင်းပြပါ။

ရင်သားတွေမှာလည်း အထိမခံနိုင် ဖြစ်လာတတ်တာကြောင့် ရင်သားကို မပွတ်တိုက်သင့်၊ မနှိပ်နယ်သင့်၊ မဖိသင့်ပါဘူး။ ဒါ့အပြင် အားကစားဘရာလို သက်တောင့်သက်သာရှိ မယ့် ဘရာစီယာတွေကိုပဲဝတ်ပေးပြီး တစ်နေ့ကို နှစ်ကြိမ်လောက် ၁၀ မိနစ်-မိနစ်၂၀ ကြာအောင် ရေခဲအိတ်လေးကပ်ပေးပါ။

ဆေးဝါးသုံး ကိုယ်ဝန်ဖျက်ချမှုကိုဖြတ်ကျော်ရတဲ့အခါ အမျိုးသမီးတွေဟာ တခါမှမတွေးမိခဲ့ဖူးတဲ့ နာကျင်ခံစားမှုကို ရင်ဆိုင်ရနိုင်ပါတယ်။ သင့်မှာ မေးမြန်းစရာ၊ စိတ်ပူပန်စရာတွေရှိနေတယ်ဆိုရင် ဒါမှမဟုတ် အထီးကျန်သလိုခံစားနေရပြီး နားလည်အားပေးမှုကိုလိုအပ်နေတယ်ဆိုရင် ဆရာဝန်၊ အထူးကု ဒါမှမဟုတ် ကျန်းမာရေးစောင့်ရှောက်သူ တစ်ဦးဦးနဲ့တွေ့ဆုံပြီး အကူအညီ၊ အကြံဉာဏ်နဲ့ လမ်းညွှန်ချက် တောင်းခံဖို့ တွေဝေမနေပါနဲ့။

Dr. K Zin Thwe
Dr. K Zin Thwe · · · ပြန်လည်သုံးသပ်သူ Yun Sandi Nan Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/05/2020 ဖြစ်ပါသည်။