brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အအေးမိဝေဒနာသက်သာစေမယ့် အကောင်းဆုံး Nasal Spray

နေပူလိုက် မိုးရွာလိုက်၊ ပူလိုက်အေးလိုက်နဲ့ ရာသီအကူးအပြောင်းမှာ အအေးမိဖျားနာခြင်းဆိုတာ အခန့်မသင့်ရင်ဖြစ်လာတတ်တဲ့ဝေဒနဖြစ်ပါတယ်။ နှာလေးတရွှတ်ရွှတ်၊ချောင်းလေးတဟွတ်ဟွတ်နဲ့ လူကြားထဲ အလုပ်သွားနေရတာ၊ အပြင်သွားနေရတာလည်း အဆင်မပြေလှပါဘူး။

အအေးမိဝေဒနာသက်သာစေမယ့် အကောင်းဆုံး Nasal Spray

ဒါတောင်ရောဂါက ဒီအတိုင်းမနေပါဘူး။ နှာစေးနှာပိတ်ရာကနေနောက်ဆုံးကျ လည်ချောင်းနာ၊ အဖျားတက်လာတဲ့အထိဖြစ်လာမှာပဲ။ ဒီလက္ခဏာတွေဖြစ်လာရတာက အအေးမိဖြစ်စေတဲ့ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပါတယ်။တော်တန်ရုံဆို ကိုယ်ခံအားစနစ်ရဲ့ခုခံမှုေကြာင့် လက္ခဏာတွေလျော့ပါးသက်သာနိုင်ပေမယ့် လူတိုင်းရဲ့ခန္ဓါကိုယ်ကြံ့ခိုင်မှုက မတူညီကြတာကြောင့်မြန်မြန်ပျောက်ကင်းချင်ရင်ဆေးကုသမှုခံယူတာကောင်းပါတယ်။

နှာစေးနှာပိတ်နေရင် သို့မဟုတ်ချောင်းဆိုးနေရင်နေရခက် ပင်ပန်းရတဲ့အပြင် ညဘက်လည်း အိပ်မရ၊ အသက်ရှူမဝဖြစ်ရပါတယ်။ လည်ချောင်းနာရင်လည်းရေတောင်မျိုချရခက်ပြီး နာကျင်ရတာကြောင့် အစားပျက်ရ အဆင်မပြေဖြစ်ရတာဆိုးပါတယ်။။ ဒီဝေဒနာတွေကို လူတိုင်း မြန်မြန်ပျောက်ချင်ကြမှာပါပဲ။ ဒီလိုအချိန်မှာ အာနိသင်ထိရောက်တဲ့အပြင် သုံးရလွယ်ကူပြီးဘေးဥပါဒ်ကင်းတဲ့ နည်းလမ်းတစ်ခုကိုပြောပြချင်ပါတယ်။

အအေးမိဝေဒနာသက်သာစေမယ့် Nasal spray

နှာခေါင်းဝကနေ ဖျန်းရတဲ့ nasal spraysတွေက အအေးမိတဲ့အခါဖြစ်တတ်တဲ့ဝေဒနာတွေကို အချိန်တိုအတွင်းသက်သာစေနိုင်စွမ်းရှိပါတယ်။ အအေးမိပြီဆိုတာနဲ့ ပုံမှန်ဆို တစ်ပတ် ဆယ်ရက်လောက် ခံစားရမယ့်ဝေဒနာတွေကို ရက်အနည်းငယ်အတွင်း အမြန်သက်သာအောင်ရောဂါပိုးတွေကိုသေစေနိုင်စွမ်းရှိတဲ့ nasal spraysတွေအကြောင်း ဆက်လေ့လာရအောင်။

Nasal Spraysတွေကို ဘာအတွက် သုံးကြလဲ

နှာစေးနှာပိတ်ခြင်းသက်သာစေဖို့အတွက်

နှာစေးနှာပိတ်ခြင်းကိုကုသရာမှာရောဂါပိုးမွှားတွေကိုသေစေနိုင်စွမ်းရှိပြီး နှာခေါင်းထဲကခွှဲသလိပ်တွေရဲ့ပိတ်ဆို့မှုကိုဖြေရှင်းပေးနိုင်ပါတယ်။ နှာခေါင်းတစ်ဖက်ကနေရှူသွင်းလိုက်ရုံနဲ့ နှာခေါင်းပိတ်လို့အသက်ရှူမဝတာတွေ ချက်ချင်းသက်သာစေမှာပါ။ အအေးမိဝေဒနာ သက်သာစေနိုင်တဲ့ ဒီလိုဆေးမျိုးကို spray ပုံစံနဲ့ရောဆေးစက်ချရတဲ့ drops ပုံစံနဲ့ပါရရှိနိုင်ပါတယ်။

ဓါတ်မတည့်ခြင်းအတွက်

nasal spray က နှာခေါင်းလမ်းကြောင်းအတွင်းကနေ ဝတ်မှုန်တွေနဲ့တခြားဓါတ်မတည့်မှုဖြစ်စေနိုင်တဲ့အရာတွေကို ဖယ်ထုတ်နိုင်ပါတယ်။ ဖုန်မှုန့်တွေအပါအဝင် ဓါတ်မတည့်မှြုဖစ်စေနိုင်တဲ့အရာတွေကို ရှင်းလင်းစေဖို့အကူအညီပေးတာပါ။

ရေဓါတ်ဖြည့်ခြင်းအတွက်

နှာရည်တွေခြောက်သွေ့ပြီး နေရခက်နေတဲ့ နှာခေါင်းလမ်းကြောင်းထဲမှာ အစိုဓါတ်ထိန်းနိုင်ဖို့အတွက်nasal sprays ကိုသုံးကြပါတယ်။ နှာရည်အချွဲတွေကခြောက်သွေ့ပြီးကပ်နေတဲ့အခါ ဘက်တီးရီးယားတွေက ခိုနေပြီးရောဂါပိုးဝင်နိုင်ပါတယ်။ ဒါ့ကြောင့် လိုအပ်လာ ရင်nasal sprays ကို ရှူသွင်းလိုက်ပြီးရောဂါပိုးကိုရှင်းထုတ်နိုင်ပါတယ်။

ဘယ်လိုသုံးရလဲ

nasal spray ကိုသုံးမယ်ဆိုရင် –

  • အသက်ကိုရှူသွင်းပြီး နှာခေါင်းလမ်းကြောင်းကိုရှင်းလိုက်ပါ။
  • အဖုံးကိုဖွင့်ပြီး ပုလင်းကိုအရင်လှုပ်ခါပါ။ဆေးသေချာထွက်မထွက် ဘေးတစ်နေရာရာကို စမ်းပြီးဖျန်းကြည့်ပါ။
  • နှာခေါင်းတစ်ဖက်ကို ခပ်ဖွဖွဖိပိတ်ပြီးဆေးဗူးထိပ်ကို ကျန်နှာခေါင်းဝကိုတေ့ပါ။
  • ဆေးဗူးကိုဖြည်းဖြည်းညှစ်ပြီးနှာခေါင်းတွင်းကိုဖျန်းလိုက်ပါ။ပြီးရင် အလားတူနည်းအတိုင်းနောက်နှာခေါင်းတစ်ဖက်ကိုဆေးဖျန်းပြီးရှူသွင်းပါ။
  • အတွင်းမှာဆေးအာနိသင်ရရှိစေဖို့ အသက်ကိုချက်ချင်းရှူမထုတ်လိုက်ပါနဲ့ဦး။ နှာမညှစ်ပါနဲ့ဦး။
  • နှာခေါင်းဖျန်းဆေးကို နှာခေါင်းတစ်ဖက်စီကိုတစ်ကြိမ်စီနဲ့ တစ်နေ့ သုံးကြိမ်အထိအသုံးပြုလို့ရပါတယ်။

ဒါဆို အမျိုးအစားအမှတ်တံဆိပ်တွေများစွာရှိတဲ့အထဲ ဘယ်nasal sprays ကိုရွေးချယ်ကြမလဲ။ Betadine ဆိုတာ ကြားလိုက်ရရင် အနာထည့်တဲ့ဆေးလို့ပြေးမြင်ကြမှာပါ။ ဒီတစ်ခါတော့ အအေးမိဝေဒနာတွေကိုဝေးဝေးပြေးစေမယ့်nasal spraysဖြစ်ပါတယ်။ Betadine ကထုတ်လုပ်တဲ့Cold Defence Nasal Spray က အအေးမိဖျားနြာဖစ်စေတဲ့၊ တုပ်ကွေးဖြစ်စေတဲ့ဗိုင်းရပ်စ်တွေကို ၉၉ % အထက် အမြစ်ပြတ်ဖယ်ရှားရှင်းလင်းပေးနိုင်ပါတယ်။

သဘာဝပါဝင်ပစ္စည်းCarragelose ပါဝင်လို့ အအေးမိဝေဒနာဖြစ်စေတဲ့ဗိုင်းရပ်စ်တွေကို ရောဂါလက္ခဏာမတိုးခင် ထိန်းချုပ်ပြီး ခန္ဓါကိုယ်ထဲကနေ သဘာဝအလျောက်ဖယ်ရှားပေးနိုင်တာဖြစ်ပါတယ်။ ဒါ့ကြောင့် အအေးမိချင်သလို၊ တုပ်ကွေးြဖစ်ချင်သလို လက္ခဏာတွေဖြစ်လာချိန်မှာ သုံးလိုက်ရင်ပျောက်ကင်းမှုမြန်ဆန်ပြီး ခံစားရတဲ့ဝေဒနာ ပြင်းထန်မှုအရှိန်ကိုလျော့ပါးစေပါတယ်။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Yun Sandi Nan Mon · 19/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။