brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Mycoplasma Pneumonia (Mycoplasma ကပ်ပါးပိုး ကြောင့်ဖြစ်သော အဆုတ်ရောင်ရောဂါ )

အဓိပ္ပါယ်ဖွင့်ဆိုချက်

Mycoplasma Pneumonia (Mycoplasma ကပ်ပါးပိုး ကြောင့်ဖြစ်သော အဆုတ်ရောင်ရောဂါ ) ကဘာလဲ။

Mycoplasma ကြောင့်ဖြစ်သော အဆုတ်ရောင်ရောဂါ သည် အဆုတ်အားရောဂါပိုးကူးစက်မှုတစ်မျိုးဖြစ်သည်။ ဤ ရောဂါသည် Mycoplasma pneumoniae ကြောင့် ဖြစ်ပွား ပါသည်။ ဤရောဂါသည် ထုံးစံမဟုတ်သော အဆုတ်ရောင် ခြင်းတစ်မျိုးဖြစ်ပါသည်။

Mycoplasma Pneumonia (Mycoplasma ကပ်ပါးပိုး ကြောင့်ဖြစ်သော အဆုတ်ရောင်ရောဂါ )

အဘယ်ကြောင့်ဆိုသော် ၎င်းတွင် အခြား ဗိုင်းရပ်စ် ကူးစက်မှုကြောင့်ဖြစ်သော အဆုတ် ရောင်ခြင်း၏ ရောဂါလက္ခဏာများ ရှိသောကြောင့် ဖြစ်ပါ သည်။

Mycoplasma Pneumonia (Mycoplasma ကပ်ပါးပိုး ကြောင့်ဖြစ်သော အဆုတ်ရောင်ရောဂါ ) က ဘယ်လောက်အဖြစ်များသလဲ

ဤရောဂါသည် အသက်၄၀ အောက်လူများတွင် အဖြစ် များပါသည်။ အန္တရာယ် ဖြစ်စေသော အချက်များကို လျော့ချ ခြင်းဖြင့် ရောဂါ ဖြစ်ပွားခြင်းကို လျော့ချနိုင်ပါသည်။ ပိုမိုသော အချက်အလက်များအတွက် ဆရာဝန်နှင့် တိုင်ပင် ပါ။

လက္ခဏာများ

Mycoplasma Pneumonia (Mycoplasma ကပ်ပါးပိုး ကြောင့်ဖြစ်သော အဆုတ်ရောင်ရောဂါ ) ရဲ့လက္ခဏာတွေကဘာတွေလဲ

ရောဂါလက္ခဏာများသည် မပြင်းထန်ပါ။ ရောဂါပိုး ကူးစက်ပြီး ၂-၃ပတ်အကြာတွင် စတင်ပါသည်။ အဖြစ်များ သော ရောဂါလက္ခဏာများမှာ-

  • ရင်ဘတ်နာခြင်း
  • ချမ်းတုံခြင်း
  • ချောင်းခြောက်ဆိုးခြင်း
  • အဖျားတက်ခြင်း
  • ခေါင်းကိုက်ခြင်း
  • လည်ချောင်းနာခြင်း
  • ချွေးအလွန်ပြန်ခြင်း
  • အသက်ရှူမြန်ခြင်း
  • အဖုအပိမ့်များ ထွက်ခြင်း

အထက်တွင် ဖော်ပြ မထားသော အခြားလက္ခဏာ များလည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါ လက္ခဏာ တစ်ခုခုများ ရှိနေသည်ဟု စိုးရိမ်မိပါက ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင် သင့်ပါသည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

ရောဂါလက္ခဏာများ ဆက်လက်တည်ရှိနေပါက၊ သက် သာမလာပါက ဆရာဝန်ခေါ်ပါ သို့မဟုတ် ဆေးရုံသို့ သွားပါ။ ရောဂါ အခြေအနေသည် လူအများတွင်ကွဲပြားနိုင်ပါသည်။ ရောဂါအဖြေရှာမှုများ၊ ကုသမှုများပြုလုပ်ရန် နှင့် သင့်အတွက် အကောင်းဆုံးကုသမှု ရရှိရန် ဆရာဝန်နှင့် အမြဲတိုင်ပင်ပါ။

အကြောင်းရင်းများ

Mycoplasma Pneumonia (Mycoplasma ကပ်ပါးပိုး ကြောင့်ဖြစ်သော အဆုတ်ရောင်ရောဂါ ) ကိုဘာတွေကဖြစ်စေသလဲ

ရောဂါရှိသောသူ ချောင်းဆိုးသောအခါ ထွက်လာသော အမှုန်များကို ရှူမိခြင်းဖြင့် ရောဂါကူးစက်နိုင်ပါသည်။ တံတွေး တွင် Mycoplasma pneumoniae ဟုခေါ်သော ဘတ်တီးရီး ယားတစ်မျိုး ပါလာပါသည်။ Mycoplasma ကြောင့်ဖြစ်သော ကူးစက်မှုသည် မိသားစု၊ ကျောင်း သို့မဟုတ် အလုပ်ခွင် ကဲ့ သို့ ကျဉ်းမြောင်းသော နေရာတွင် နေထိုင်သော သို့မဟုတ် အလုပ်လုပ်သော လူများတွင် လျင်မြန်စွာ ကူးစက်ပျံ့နှံ့နိုင် ပါသည်။

Risk factors

ငါ့ဆီမှာ Mycoplasma Pneumonia (Mycoplasma ကပ်ပါးပိုး ကြောင့်ဖြစ်သော အဆုတ်ရောင်ရောဂါ ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

လက်ရှိတွင် Mycoplasma ကြောင့်ဖြစ်သော အဆုတ် ရောင်ရောဂါဖြစ်နိုင်ချေကို မြင့်စေသောအချက်များအား အတိ အကျသတ်မှတ်ရန် လုံလောက်သော သတင်းအချက် အလက် မရှိသေးပါ။

သို့သော်လည်း ကိုယ်ခံအားစနစ် အား နည်းသောသူများသည် ရောဂါဖြစ်နိုင်ချေ မြင့်ပါသည်။ လူ ထူထပ်သော နေရာများတွင် နေထိုင်သူများသည်လည်း ရောဂါ ကူးစက်လွယ်ပါသည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Mycoplasma Pneumonia (Mycoplasma ကပ်ပါးပိုး ကြောင့်ဖြစ်သော အဆုတ်ရောင်ရောဂါ ) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်သည် ဆေးမှတ်တမ်းယူခြင်းနှင့် ဆေးစစ်ချက် အဖြေတို့မှ ရောဂါအဖြေရှာခြင်းကို ပြုလုပ်ပါလိမ့်မည်။ ဆရာဝန်သည် ရောဂါဆိုးရွားမှုကို သိရှိရန် ဓါတ်မှန်ရိုက်ခြင်း၊ ရင်ဘတ်အား CT scan ရိုက်ခြင်း၊ သွေးစစ်ခြင်း နှင့် တံတွေး စစ်ခြင်းတို့လုပ်ရန် ညွှန်ကြားပါမည်။ ပိုပြင်းထန်သော ကိစ္စ များတွင် ဆရာဝန်သည် ရောဂါကို ပို၍တိကျစွာ အဖြေရှာနိုင် ရန် အဆုတ် တစ်ရှူးစယူခြင်းကို လုပ်ဆောင်နိုင်ပါသည်။

Mycoplasma Pneumonia (Mycoplasma ကပ်ပါးပိုး ကြောင့်ဖြစ်သော အဆုတ်ရောင်ရောဂါ ) ကို ဘယ်လိုကုသပါသလဲ

Aspirin, စတီးရွိုက်မပါသော အကိုက်အခဲပျောက်ဆေး များ (NSAIDs, ibuprofen or naproxen) သို့မဟုတ် acetaminophen တို့သောက်သုံးနိုင်ပါသည်။ သို့သော်လည်း aspirin သည် ကလေးငယ်များတွင် ဆရာဝန်အား တိုင်ပင် ပြီးမှသာ သုံးစွဲသင့်ပါသည်။ ရောဂါသက်သာစေရန် အနားယူ ခြင်း၊ အရည်များများသောက်ခြင်း ပြုလုပ်ပါ။

အိမ်တွင်ကုသမှုခံယူပြီး မသက်သာပါက ဆေးရုံသို့ သွားရန် လိုအပ်ပါသည်။ ဆရာဝန်သည် ပဋိဇီဝဆေး ထိုးသွင်းခြင်း နှင့် အောက်စီဂျင် သွင်းခြင်းတို့ကို ပြုလုပ်နိုင် ပါသည်။ (ရောဂါပြင်းထန်လာသောအခါ)

လူနေမှုပုံစံ ပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးများ အသုံးပြုခြင်း သည် Mycoplasma ကြောင့်ဖြစ်သော အဆုတ်ရောင်ရောဂါ ကို ကုသရာတွင် ဘယ်လို အထောက် အကူပြုနိုင်မလဲ။

အောက်ပါ လူနေမှုပုံစံများ နှင့် အိမ်သုံး ကုထုံးများ သည် Mycoplasma ကြောင့်ဖြစ်သော အဆုတ်ရောင်ရောဂါ ကို ထိန်းချုပ်နိုင် ပါသည်။

  • ပဋိဇီဝဆေးများကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း တိကျစွာ သောက်ပါ။ ပြီးမြောက်သည့်အချိန် အထိ သောက်ပါ။
  • အဖျားတက်ခြင်း နှင့်နာကျင်ခြင်း သက်သာရန် aspirin သို့မဟုတ် acetaminophen သောက်ပါ (ကလေးများမှလွဲ၍)
  • ရေဓါတ်ခန်းခြောက်ခြင်းကို ကာကွယ်ရန် အရည် များများသောက်ပါ။
  • လက်ဆေးပါ။
  • ဆေးလိပ်မသောက်ပါနှင့်
  • နှစ်စဉ် တုပ်ကွေးကာကွယ်ဆေးထိုးပါ။ အဆုတ် ရောင် ရောဂါကာကွယ်ဆေး အကြောင်း ဆရာဝန် အားမေးပါ။

အကယ်၍ သင့်တွင် မေးခွန်း များရှိပါက သင့်အတွက် သင့်တော်သော အဖြေ ရှာဖွေနိုင် ရန် ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင် သင့်ပါသည်။

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr. Zin Wai Yan Lin · 05/12/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။