ရာသီဥတုအေးနေစဉ်(သို့) ရုတ်တရက်ရာသီဥတုအကူးအပြောင်းတွင် လူတို့သည် လည်ချောင်းထဲတွင် ချွဲ၊ သလိပ်တို့ရှိတတ်သည်။ သလိပ်သည် စိုးရိမ်စရာမရှိသော်လည်း အနံဆိုးထွက်ခြင်းကြောင့် အလွန်နေရခက်သည်။ အောက်ပါဆောင်းပါးသည် သင့်လည်ချောင်းမှ သလိပ်ကိုရှင်းထုတ်ရန် နည်းလမ်းပြောပြပါမည်။
ချောင်းဆိုးခြင်းဖြင့် လည်ချောင်းမှ ချွဲသလိပ် တို့ကိုရှင်းလင်းခြင်း
သင့်လည်ချောင်းတွင် သလိပ်ရှိနေလျှင် လွယ်ကူရိုးရှင်းဆုံးနည်းမှာ ကြိုးစားပြီးချောင်းဆိုးခြင်းဖြစ်သည်။ အခြားလူများ မနောင့်ယှက်မိစေရန် ဝေးလံသောနေရာတစ်ခုရှာပါ။ ဥပမာ- ရေချိုးခန်းထဲတွင် ချောင်းဆိုးပြီး သလိပ်ကိုဟပ်ထုတ်ပါ။ ချောင်းဆိုးခြင်း အတော်အသင့်သာ လုပ်ရမည်။ အကြောင်းမှာ ချောင်းဆိုးရခက်လျှင်(သို့) အားစိုက်ပြီးလုပ်လျှင် လည်ချောင်းကိုထိခိုက်နိုင်သောကြောင့် ဖြစ်သည်။
ဆား လက်ဖက်ရည်ဇွန်း၁ဇွန်းနှင့် ရေကြက်သီးနွေးရုံ(သို့) ရေနွေး (၈)အောင်စကိုရောပါ။ ပြီနောက် ထိုအရည်ကို ပါးစပ်ထဲတွင်ငုံထားပါ။ ခေါင်းကိုနောက်သို့စောင်းကာ ဆားရေကို လည်ချောင်းထဲတွင် ပလုပ်ကျင်းပေးပါ။
တစ်နေ့တာအတွင်း အရည်အများကြီးသောက်ပါ
တစ်နေ့တာအတွင်း အရည်အများကြီးသောက်ခြင်းဖြင့် လည်ချောင်းနံရံမှ သလိပ်ကိုပျော်စေသည်။ ထိုပြင် သလိပ်ရှင်းစေရန် အိမ်တွင်းနည်းများကိုကြိုးစားသင့်သည်။
• သံပယိုသီးနှင့် ပျားရည်ရောထားသည့် ရေနွေးသည် အရသာရှိသည့်အပြင် သံပယိုသီးရှိအက်စစ်ဓါတ်က လည်ချောင်းထဲရှိသလိပ်ကိုရှင်းရာတွင် ကူညီပေးသည်။
• စွပ်ပြုတ်ပူပူလေး။ သလိပ်ရှိသောသူတို့သည် ကြက်စွပ်ပြုတ်ကို ကြိုက်ကြသည်။ ၎င်းသည် အရသာကောင်းသည့်အပြင် သလိပ်ကိုရှင်းပေးသည်။
အရည်များတွင် နနွင်းမှုန့်ထည့်ခြင်းဖြင့် အစာခြေလမ်းကြောင်းအလုပ်လုပ်စေခြင်း
နနွင်းမှုန့်သည် သလိပ်ရှင်းရာတွင် အလွန်ကောင်းကြောင်း သိထားကြသည်။ ထို့ပြင်နနွင်းမှုန့်သည် ပိုးသေစေပါသည်။ နနွင်းမှုန့် စားပွဲတင်ဇွန်း၁ဇွန်းကို ရေနွေး (၈)အောင်စနှင့်ရောပြီးသောက်ပေးပါ။ နနွင်းရည်ခဏခဏသုံးပေးလျှင် သလိပ်အမြန်ရှင်းရန် အားပေးပါသည်။
သလိပ်ပျော်ဆင်းစေရန် အစပ်ပါသောအစာစားပေးပါ
သလိပ်ရှင်းစေရန်ဤအစားအစာများစားပေးနိုင်သည်။
• ဝါဆာဘီ (ဂျပန် ရိုးရာအစပ်)
• ငရုတ်ကောင်းဂျင်း
• ကြက်သွန်ဖြူ
နို့နှင့် နို့ထွက်ပစ္စည်းများရှောင်ကြဉ်ပါ
နို့နှင့်နို့ထွက်ပစ္စည်းများက သလိပ်ကိုပိုဆိုးစေခြင်းရှိမရှိကို ယခုအထိအငြင်းပွားနေဆဲဖြစ်သည်။ သို့သော် ဤအစားအစာများ ရှောင်ကြဉ်ခြင်းက သလိပ်ရှင်းပေးနိုင်သည်ဟုထင်လျှင် စားခြင်းကိုရပ်သင့်သည်။
ပဲမှထုတ်သောအစားအစာများမှ ဝေးဝေးရှောင်ပါ
ပဲမှထုတ်သောပဲနို့နှင့် တို့ဖူးများတွင် အသားဓါတ်နှင့် ကယ်လ်စီယမ်ဓါတ်တို့ ကြွယ်ဝသည်။ ၎င်းတို့သည် ခန္ဓါကိုယ်ကြီးထွားဖွံဖြိုးမှုအတွက် အလွန်ကောင်းသည်။ သို့သော် သလိပ်ကို ပို၍ပျစ်စေသည်။ သင်သည် ပဲမှထုတ်သောအစားအစာများ သင့်အတွက် ဆိုးကျိုးရှိမရှိမသေချာလျှင် သူတို့ကိုမစားသုံးခြင်းက အကောင်းဆုံးဖြစ်သည်။
အပေါ်တွင်ဖော်ပြထားသော အိမ်တွင်းနည်းများကို မှတ်စုလုပ်ပါ။ ထို့နောက် ဆေးဝါးမသောက်သုံးခင် သလိပ်ကိုထိုနည်းများဖြင့် ရှင်းလင်းပါ။ မြန်မြန်နေကောင်းအောင် အနားယူရမည်။ သင့်တွင် မေးခွန်းများရှိလျှင်၊ ဆရာဝန်နှင့်တွေ့ဆုံရန် မနှောင့်နှေးပါနှင့်။ ကျန်းမာရေးစောင့်ရှောက်သူထံမှ အကြံဉာဏ်၊ လမ်းညွှန်မှုများလည်းရယူနိုင်သည်။