brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ချောင်းဆိုးနေပြီ ဘာကြောင့်လဲ

ဒီလို COVID-19 ရောဂါအန္တရာယ်ကို လူတိုင်း စိုးရိမ်နေရတဲ့ကာလမျိုးမှာ ချောင်းလေး တစ်ဟွတ်ဟွတ်များဆိုးလာရင် ဘာလို့ပါလိမ့်မယ်ဆိုပြီး တွေးရတောရပူကြရပါတယ်။ တကယ်တော့ ချောင်းဆိုးတာ အကြောင်းအမျိုးမျိုးရှိပါတယ်။ ချောင်းဆိုးနေပြီ ဘာကြောင့်လဲ။ ဘယ်လိုချောင်းဆိုးနေတာလဲဆိုတာကိုသိထားရင် တချို့ကိစ္စတွေအတွက် အလွန်အကျွံစိုးရိမ်နေစရာ မလိုတော့ဘူးပေါ့။

ချောင်းဆိုးနေပြီ ဘာကြောင့်လဲ

တကယ်တော့ ချောင်းဆိုးတယ်ဆိုတာက အမျိုးအစားအမျိုးမျိုးရှိပြီးတော့ ခုလိုချောင်းဆိုးစေရတဲ့ နောက်ကွယ်ကအကြောင်းတရားကလည်း အမျိုးမျိုးပါပဲ။ တချို့ချောင်းဆိုးဝေဒနာတွေဟာ မစိုးရိမ်ရပေမယ့် တချို့နောက်ကွယ်က အကြောင်းတရားတွေကတော့ စိုးရိမ်စရာတွေလို့ ဆိုရမှာပါ။

ဒါကြောင့် မိမိချောင်းဆိုးလာပြီဆိုရင် ဘယ်လိုဆိုးတာလဲဆိုတာကို အရင်လေ့လာပြီး ဘာကြောင့်ဆိုးတာဖြစ်နိုင်လဲဆိုတာကို သိနားလည်အောင်လုပ်နိုင်ဖို့လိုအပ်ပါတယ်။ ဒါမှ ကာကွယ်ကုသရာမှာလည်း တိတိကျကျကုသနိုင်မှာပေါ့။

ကဲ ကိုယ်ဘယ်လိုချောင်းဆိုးနေတာလဲဆိုတာကို လေ့လာကြည့်ရအောင်။

ချောင်းဆိုးနေပြီ ဘာကြောင့်လဲ

ချောင်းခြောက်ဆိုးခြင်း

ချောင်းခြောက်ဆိုးတာက အသက်ရှူလမ်းကြောင်းဆိုရင်ရာ ပြဿနာတွေကြောင့်ဖြစ်တတ်ပါတယ်။ ဒါမှမဟုတ်လဲ တုပ်ကွေး၊ အအေးမိတာတွေကြောင့်ပေါ့။ ချောင်းခြောက်ဆိုးတဲ့အခါမှာ ချွဲလုံးဝမပါတာ ဒါမှမဟုတ် အနည်းငယ်သာပါတာမျိုးတွေဖြစ်တတ်ပါတယ်။

ချောင်းခြောက်ဆိုးတာဟာ ပြင်းထန်တဲ့ နာတာရှည်ရောဂါတစ်ချို့နဲ့လည်း ဆက်စပ်နေပါတယ်။ ဒါတွေကတော့

ချောင်းအစိုဆိုးခြင်း

ချောင်းအစိုဆိုးတယ်ဆိုတာက ချွဲပါတဲ့ ချောင်းဆိုးဝေဒနာကို ဆိုလိုတာပါ။ ဒီဝေဒနာက ရင်ဘတ်၊ အသက်ရှူလမ်းကြောင်းနဲ့ သက်ဆိုင်တဲ့ ရောဂါပိုးကူးစက်ခံရမှုတွေကြောင့်ဖြစ်တာများပါတယ်။ အအေးမိတုပ်ကွေးကြောင့်လည်း ဖြစ်တတ်ပါတယ်။

ဒါ့အပြင်

ကြက်ညှာချောင်းဆိုးခြင်း

Whooping cough လို့ခေါ်တဲ့ ကြက်ညှာချောင်းဆိုးတာက ကလေးငယ်တွေမှာ အဖြစ်များပေမယ့် လူကြီးတွေမှာလည်း ဖြစ်နိုင်ပါတယ်။ နှာခေါင်းနဲ့လည်ချောင်းကနေတစ်ဆင့် ကူးစက်သော ကူးစက်မြန် အသက်ရှူလမ်းကြောင်းရောဂါတစ်မျိုးကြောင့်ဖြစ်တာပါ။ အက်သံပါအောင် ပြင်းပြင်းထန်ထန် ချောင်းဆိုးလေ့ရှိပြီး ချောင်းဆိုးပြီးတိုင်း ပြင်းပြင်းထန်ထန်ခက်ခက်ခဲခဲ အသက်ရှူရလေ့ရှိပါတယ်။ ဒီလိုချောင်းဆိုးစေတဲ့ ကြက်ညှာရောဂါက ကူးစက်လွယ်တတ်ပေမယ့် ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင် ကာကွယ်ဆေးထိုးထားနိုင်ပါတယ်။

အစာ သီး/နင်ပြီး ချောင်းဆိုးခြင်း

အစာ၊ ရေ စတာတွေ သီးတာကြောင့်လည်း ချောင်းဆိုးနိုင်ပါတယ်။ ဒီလိုဆိုးတာမျိုးက မွှန်ထူပြီး ဆိုးတာမျိုးပါ။ အသက်ရှူလမ်းကြောင်းကို ပိတ်ဆို့ခံရတာကြောင့် ဆိုးတဲ့ချောင်းပါ။ ပုံမှန်အားဖြင့် သီးတာက မကြာခဏဖြစ်နိုင်ပေမယ့် အသက်အန္တရာယ်ထိခိုက်တဲ့အထိ ဖြစ်နိုင်တာကြောင့် သတိထားသင့်ပါတယ်။

နာတာရှည်ချောင်းဆိုးခြင်း

ပုံမှန်ရက်အနည်းငယ် ဆိုးတာမျိုးမဟုတ်ဘဲ နေ့စဉ်ရက်ဆက် ချောင်းဆိုးနေတာမျိုးပါ။ တော်ရုံဆေးမတိုးဘဲ အချိန်အတန်ကြာ ချောင်းဆိုးနေတာမျိုးကို နာတာရှည်ချောင်းဆိုတာလို့ ခေါ်ပါတယ်။ ဒီလိုချောင်းဆိုးစေတဲ့အချက်တွေကတော့

  • ဓာတ်မတည့်တာ
  • အသက်ရှူလမ်းကြောင်းမှာ ကာလရှည် ပိုးကူးစက်ခံထားရတာ
  • ဆေးလိပ်သောက်တာ
  • ဖုန်၊ အမှုန်အမွှားများတဲ့ လုပ်ငန်းခွင်၊ နေအိမ်မှာ ကာလရှည်ရှိနေတာ
  • နမိုးနီးယားအဆုပ်ရောင်ရောဂါရှိနေတာ
  • လည်ချောင်းကင်ဆာဝေဒနာရှိနေတာ
  • မှတ်ဉာဏ်ပျောက်ဆုံးမှုဝေဒနာရှိနေတာမျိုးတွေကြောင့် ဖြစ်ပါတယ်။
Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Ye Zon Aung မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 06/07/2022 ဖြစ်ပါသည်။