brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Lung Abscess (မှိုပိုး အဆုတ်ရောင်ရောဂါ )

အဓိပ္ပါယ်ဖွင့်ဆိုချက်

Lung Abscess (မှိုပိုး အဆုတ်ရောင်ရောဂါ ) ကဘာလဲ

မှိုပိုး အဆုတ်ရောင်ရောဂါ (Fungal pneumonia ) မှိုရောဂါပိုးဝင်ရောက်ခြင်းကြောင့်ဖြစ်စေ၊ ရောဂါတစ်ခုခုဖြစ်နေချိန်တွင်ခုခံအားကျ၍ မှိုပိုးအခွင့်ကောင်းယူကာ ဝင်ရောက်လာခြင်းကြောင့်ဖြစ်စေ ဖြစ်ပေါ်လာသော အဆုတ်ရောဂါတစ်မျိုးဖြစ်ပါတယ်။ မှိုရောဂါစွဲကပ်ခြင်းဟာ အမှုန်တွေ၊ conidia တွေ ရှူမိခြင်း သို့ အောင်းနေတဲ့ ရောဂါပြန်ထခြင်းတို့ကြောင့်ဖြစ်နိုင်ပါတယ်။

Lung Abscess (မှိုပိုး အဆုတ်ရောင်ရောဂါ )

Fungal pneumonia(မှိုပိုး အဆုတ်ရောင်ရောဂါ )ကိုရောဂါရှာဖွေခြင်းဟာ ခက်ပါတယ်၊ ပြီးတော့ ရောဂါရှာဖွေရာမှာလည်းယုတ္တိတန်တဲ့ အခြေခံစစ်ဆေးမှုတွေနှင့် သာ ရှာဖွေရပါတယ်။ လက်တွေ့စစ်ဆေးမှုတွေ၊ ဓါတ်မှန်ပညာတွေ၊နှင့် အနုကြည့်စစ်ဆေးမှုတွေ ပါဝင်ပါတယ်။

Lung Abscess (မှိုပိုး အဆုတ်ရောင်ရောဂါ ) က ဘယ်လောက်အဖြစ်များသလဲ

ဒီကျန်းမာရေး အခြေအနေက အဖြစ်နည်းပါတယ်။ အမျိုးသမီးတွေထက် အမျိုးသားတွေမှာ ပိုဖြစ်ပါတယ်။ ဖြစ်နိုင်ခြေတွေ လျှော့ချခြင်းဖြင့် ကုသလို့ရပါတယ်။ အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

လက္ခဏာများ

Lung Abscess (မှိုပိုး အဆုတ်ရောင်ရောဂါ ) ရဲ့လက္ခဏာတွေကဘာတွေလဲ

Fungal pneumonia ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

  • ဖျားခြင်း
  • ချောင်းခြောက်ဆိုးခြင်း
  • ရင်ဘတ်အောင့်ခြင်း
  • အသက်ရှုမြန်ခြင်း အထူးသဖြင့် ရှူထုတ်ချိန်။
  • ချောင်းဆိုးလျှင် သွေးပါခြင်း
  • အကြိတ်ဘုများ (Lymph node) ပုံမှန်မဟုတ်ပဲ ကြီးခြင်း နှင့် အသက်ရှူလမ်းကြောင်းပိတ်ခြင်း
  • Aspergillus နှင့် Candida spp ပိုးများ ကူးခြင်း

အဆုတ်ပြင်ပ တခြားသော လက္ခဏာများ ( အထူးသဖြင့် ကိုယ်ခံအားကျနေသူများတွင်) ဥပမာ။ ။ ဦးနှော်အမြှေးပါးရောင်ခြင်း၊ ဦးနှောက်တွင်းအနာ၊ အရေပြားရောဂါများ၊ ကျောက်ကပ်၊ အသည်း၊ ကြွက်သားများ၊ မျက်လုံးရောင်ရောဂါတစ်မျိုး (endophthalmitis)၊ နှာခေါင်းပေါက်လေလမ်းကြောင်းများပိုးဝင်ခြင်း သွေးနှင့် ရိုးတွင်းခြင်ဆီတွင်းပိုးဝင်ခြင်း တို့ဖြစ်ပါသည်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Lung Abscess (မှိုပိုး အဆုတ်ရောင်ရောဂါ ) ကိုဘာတွေကဖြစ်စေသလဲ

အဆုတ်ကို ပါဝင်ထိခိုက်စေနိုင်သော မှိုရောဂါကူးစက်မှုဖြစ်စဉ်များမှာ

  • မှိုရောဂါ အမှုန်ကို ရှုမိရာမှ ကူးစက်သော ရောဂါ
  • မှိုရောဂါ အမှုန်ကို ရှုမိရာမှ ကူးစက်သော ရောဂါ ( “Valley fever” သို့ “San Joaquin fever” လို့လဲခေါ်သည်။)
  • AIDS ရောဂါသည်ကဲ့သို့သော ကိုယ်ခံအားစနစ် ကျဆင်းနေသူများတွင် အဖြစ်များသည်။
  • ၎င်းရောဂါသည် အဓိကအားဖြင့် lymphocutaneous ရောဂါ ဖြစ်သော်လည်း အဆုတ်ပါ ထိခိုက်နိုင်ပါသည်။
  • ဒီမှိုရောဂါကတော့ တဆေးများနှင့် ညစ်ညမ်းနေသော မြေကို ရှူမိရာမှ ကူးစပ်ပါတယ်။ ၎င်းဟာ အဆုတ်ရောဂါအနေနဲ့ သရုပ်ပြနိုင်ပြီး ပြန့်ပွားတဲ့ ရောဂါအနေနဲ့လဲ ဖြစ်နိုင်ပါတယ်။
  • ဒီရောဂါကတော့ invasive pulmonary aspergillosis ကိုဖြစ်စေနိုင်ပါတယ်။
  • (Candida ကြောင့်ဖြစ်သော မှိုရောဂါ) ကတော့ ကိုယ်ခံအားစနစ်ကျနေသော လူနာများမှာ အဆုတ်ရောဂါဖြစ်စေတာ ရှားပါတယ်။
  • Allescheria boydii ဆိုတဲ့ မှိုအမျိုးအစားမှ ဖြစ်သော ဒီမှိုရောဂါဟာလည်း အဆုတ်ကို ပါဝင်ထိခိုက်ရန် အလွန်ရှားပါတယ်။

Risk factors

Lung Abscess (မှိုပိုး အဆုတ်ရောင်ရောဂါ ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

  • သွေးကင်ဆာ များသည် ကင်ဆာကုထုံး ခံယူနေစဉ်အတွင်း
  • ခြင်ဆီ အစားထိုးကုသခြင်း
  • ကိုယ်တွင်းအင်္ဂါအစားထိုးကုသမှုအတွက် ခုခံအားတားကုထုံးများပေးနေစဉ်အတွင်း
  • Corticosteroid ကုထုံးအား ကြာရှည်စွာ သုံးစွဲခြင်း
  • ခုခံအားကျဆင်းသော ရောဂါ
  • အကြောင်းအမျိုးမျိုးကြောင့် သွေးဖြူဥများ ကြာရှည်စွာ ကျဆင်းနေခြင်း
  • မွေးရာပါ ခုခံအား ကျဆင်းရောဂါများ
  • ဘေလုံးခွဲထုတ်ပြီး အချိန်
  • ပင်ကို မျိုးရိုးဗီဇအခံရှိခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Lung Abscess (မှိုပိုး အဆုတ်ရောင်ရောဂါ ) ကို ဘယ်လိုအတည်ပြုပါသလဲ

  • Fungal pneumonia ကို နည်းလမ်းများစွာနှင့် အဖြေရှာကြည့်လို့ရပါတယ်။ အရိုးရှင်းဆုံး ဈေးအပေါဆုံးကတော့ လူနာရဲ့ အသက်ရှူလမ်းကြောင်းအတွင်းက အရည်ကို ယူပြီး မှိုပိုးမွေးကြည့်ခြင်းပဲ ဖြစ်ပါတယ်။ သို့သော် ၎င်းနည်းဟာ မထိရောက်သလို၊ အဖြေရဖို့ အချိန်ကြာမြင့်တာကြောင့် ကုသမှုအပိုင်းမှာ နှောင့်နှေးစေပါတယ်။ ဘာကြောင့်လဲ ဆိုလျှင် လေ့လာတွေ့ရှိချက်များအရ fungal pneumonia ကိုအဖြေရှာမှု နှောင့်နှေးခြင်းဟာ သေဆုံးနိုင်ချေကို ပိုများစေပါတယ်။
  • နောက်တစ်နည်းကတော့ မိုက်ခရိုစကုပ်သုံးပြီး ရှာခြင်းဖြစ်ပြီး သူလည်းပဲ အချိန်ကြာပြီး တိကျမှုမရှိပါဘူး။ ဒီမူရင်းနည်းကို ထပ်အားဖြည့်လို့ ရတာက antigen ကို ရှာဖွေခြင်းဖြစ်ပါတယ်။ antigen ရှာတဲ့နည်းဟာ ပိုမြန်သော်လည်း ထိရောက်မှုနည်းစေပြီး မူရင်းနည်းထက် ထူးခြားမှုမရှိပါဘူး။
  • PCR ရေတွက်မှုကို အခြေခံထားသော molecular test တစ်ခုကိုတော့ Mပoconostica မှ ရရှိနိုင်ပါတယ်။DNA မျိုးဗီဇကို ရှာဖွေနိုင်ခြင်းကြောင့် ဒီနည်းဟာ မှိုရောဂါအတွက် အထိရောက်ဆုံးနှင့် အထူးခြားဆုံးနည်းဖြစ်ပါတယ်။ သို့သော်လည်း pneumocysitis jirovecii နှင့် aspergillus တို့ကိုသာတွေ့နိုင်တဲ့ ကန့်သက်ချက်တော့ရှိပါတယ်။

Lung Abscess (မှိုပိုး အဆုတ်ရောင်ရောဂါ ) ကို ဘယ်လိုကုသပါသလဲ

  • Fungal pneumonias ကို ကုသရာမှာ မှိုသတ်ဆေး (antifungal agents) တွေ ပါကို ပါရမှာဖြစ်ပါတယ်။ ဆေးရွေးရာမှာရှာဖွေတွေ့ရှိထားသော ရောဂါပိုးပေါ်မူတည်ပါတယ်။
  • Antifungal agents ဆေးတွေ အခုဆို အများအပြားရနိုင်နေပါပြီ၊ မူရင်း ပထမ၊ ဒုတိယ နှင့် တတိယ မျိုးဆက် ပဋိဇီဝဆေးများ triazoles နှင့် echinocandins တို့ပါဝင်ပါတယ်။ Amphotericin B ကို တော့ အသုံးနည်းပါတယ်၊ ပြီးတော့ သုံးလျှင်လည်း liposomal formulaion နှင့်တွဲပြီး အဆိပ်အတောက်လျှော့ချဖို့ အတွက် အသုံးပြုပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက မှိုပိုး အဆုတ်ရောင်ရောဂါ ( fungal pneumonia )ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် fungal pneumonia ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

  • HIV လူနာတွေကိုတော့ ပြန့်ပွားစေနိုင်တဲ့ မှိုရောဂါပိုး အထူးသဖြင့် Cryptococcus neoformans တို့ကို ကာကွယ်ဖို့ နေ့စဉ် မှိုရောဂါတိုက်ဖျက်ဆေးတွေ တိုက်ရပါတယ်။
  • အစားထိုးကုသမှုခံယူထားတဲ့ လူနာတွေ အတွက်လည်း မှိုရောဂါတိုက်ဖျက်ဆေးတွေက အကျိုးရျိပါတယ်။
  • Fluconazole ဟာလည်း အစားထိုးကုသမှုခံထားသော လူနာတွေကို ကုသရာမှာ မှိုရောဂါတိုက်ဖျက်ဆေးတွေနီးပါး အကျိုးရှိပါတယ်။
  • သွေးဖြူဥကျဆင်းနေသော လူနာများသည် မှိုရောဂါမှုန်တွေနဲ့ ထိတွေ့နိုင်တဲ့ လုပ်ငန်းဆောင်တာများဖြစ်တဲ့ ပန်းခြံစိုက်ခြင်း သို့ အပင်နှင့် ပန်းစိုက်ခြင်း၊ အိမ်သန့်ရှင်းခြင်းနှင့် ဟင်းသီးဟင်းရွက်အစိမ်းများကို ကိုင်ခြင်းများကို ရှောင်ကြဉ်သင့်ပါတယ်။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Kaung Thar မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/05/2020 ဖြစ်ပါသည်။