နှာစေး လာပြီဆိုရင် တွေးမိတာက အအေးမိပြီလို့ပေါ့။ အခုကာလဆိုရင်တော့ နှာစေး ပြီဆိုရင် ထည့်စဉ်းစားစရာ တစ်ခု ရှိလာပါတယ်။ ဒါကတော့ ကိုဗစ် ဖြစ်နေတာလားပေါ့။
နှာစေး လာပြီဆိုရင် တွေးမိတာက အအေးမိပြီလို့ပေါ့။ အခုကာလဆိုရင်တော့ နှာစေး ပြီဆိုရင် ထည့်စဉ်းစားစရာ တစ်ခု ရှိလာပါတယ်။ ဒါကတော့ ကိုဗစ် ဖြစ်နေတာလားပေါ့။

တကယ်ကတော့ နှာစေး လာပြီဆိုရင် အအေးမိတာ အပြင် ကိုဗစ်ကို ထည့်မတွက်ခင် နောက်ထပ်ဖြစ်နိုင်ခြေ တစ်ခု ရှိပါတယ်။ ဒါကတော့ Sinus Infection လား ဆိုတာပါ။
ဒီတစ်ခေါက်တော့ နှာစေးတဲ့အခါ အအေးမိတာလား ……. Sinus Infection လား ……. ဆိုတာကို သဲသဲ ကွဲကွဲ သိရှိနိုင်အောင် ပြောပြပေးသွားပါမယ်။
အအေးမိတယ်ဆိုတာ အသက်ရှူ လမ်းကြောင်း အထက်ပိုင်း ပိုးဝင်ကူးစက်တာပါ။ အသက်ရှူ လမ်းကြောင်း အထက်ပိုင်းကို ဝင်ရောက် ကူးစက်နိုင်တဲ့ ဗိုင်းရပ်စ်တွေက rhinoviruses၊ respiratory syncytial virus (RSV)၊ adenoviruses နဲ့ coronaviruses တွေပါ။
အအေးမိတာက လူတစ်ဦး ကနေ တစ်ဦးဆီကို လေထဲက တဆင့် ကူးစက်နိုင်သလို တစ်ဦးနဲ့တစ်ဦး ထိတွေ့မိတာကနေ တဆင့်လည်း ကူးစက်နိုင်ပါတယ်။ ရောဂါပိုးတွေ ရှိနေတဲ့ မျက်နှာပြင်တွေကို ကိုယ်တွယ်ထိတွေ့မိတာကနေတဆင့်လည်း ကူးစက်နိုင်ပါတယ်။ ရောဂါပိုးတွေ ရှိတဲ့ ပစ္စည်းတွေကို ကိုယ်တွယ်ထားတဲ့ လက်တွေနဲ့ မျက်လုံး၊ ပါးစပ်၊ နှာခေါင်းတွေကို ကိုင်တွယ်ထိတွေ့မိတာကနေတဆင့်လည်း ကူးစက်နိုင်ပါတယ်။
အအေးမိတာကို သက်သာစေဖို့ဆိုရင် ဒီနည်းလမ်းလေးတွေကို သေချာလေး လုပ်ဆောင်ပေးဖို့ လိုပါမယ်။
sinus infectionက ဘက်တီးရီးယားကြောင့် ဖြစ်မယ်ဆိုရင် ပဋိဇီဝ ပိုးသတ်ဆေး တစ်မျိုးမျိုး သောက်ဖို့ လိုပါမယ်။ ဒီလို သေချာ သိရှိနိုင်ဖို့က ဆရာဝန်နဲ့ သေချာ ပြသဖို့ လိုပါမယ်။
ဆေးကို ရက်ပြည့်အောင် သေချာလေး သောက်ဖို့ လိုပါမယ်။ ပြင်းထန်မယ်ဆိုရင် ဆရာဝန်နဲ့ ရက်အတော်ကြာ ပြဖို့ လိုပါမယ်။
သက်သာစေဖို့ဆိုရင်
ကဲ … နှာစေး ပြီဆိုရင် အအေးမိတာလား ……. Sinus Infection လား ……. ဆိုတာကို သေချာလေး ခွဲလို့ ရပြီ ထင်ပါတယ်။