brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အအေးမိတာလား ....... Sinus Infection လား .......

နှာစေး လာပြီဆိုရင် တွေးမိတာက အအေးမိပြီလို့ပေါ့။ အခုကာလဆိုရင်တော့ နှာစေး ပြီဆိုရင် ထည့်စဉ်းစားစရာ တစ်ခု ရှိလာပါတယ်။ ဒါကတော့ ကိုဗစ် ဖြစ်နေတာလားပေါ့။

အအေးမိတာလား ....... Sinus Infection လား .......

တကယ်ကတော့ နှာစေး လာပြီဆိုရင် အအေးမိတာ အပြင် ကိုဗစ်ကို ထည့်မတွက်ခင် နောက်ထပ်ဖြစ်နိုင်ခြေ တစ်ခု ရှိပါတယ်။ ဒါကတော့ Sinus Infection လား ဆိုတာပါ။

ဒီတစ်ခေါက်တော့ နှာစေးတဲ့အခါ အအေးမိတာလား ……. Sinus Infection လား ……. ဆိုတာကို သဲသဲ ကွဲကွဲ သိရှိနိုင်အောင် ပြောပြပေးသွားပါမယ်။

အအေးမိ တယ်ဆိုတာ

အအေးမိတယ်ဆိုတာ အသက်ရှူ လမ်းကြောင်း အထက်ပိုင်း ပိုးဝင်ကူးစက်တာပါ။ အသက်ရှူ လမ်းကြောင်း အထက်ပိုင်းကို ဝင်ရောက် ကူးစက်နိုင်တဲ့ ဗိုင်းရပ်စ်တွေက rhinoviruses၊ respiratory syncytial virus (RSV)၊ adenoviruses နဲ့ coronaviruses တွေပါ။

အအေးမိတာက လူတစ်ဦး ကနေ တစ်ဦးဆီကို လေထဲက တဆင့် ကူးစက်နိုင်သလို တစ်ဦးနဲ့တစ်ဦး ထိတွေ့မိတာကနေ တဆင့်လည်း ကူးစက်နိုင်ပါတယ်။ ရောဂါပိုးတွေ ရှိနေတဲ့ မျက်နှာပြင်တွေကို ကိုယ်တွယ်ထိတွေ့မိတာကနေတဆင့်လည်း ကူးစက်နိုင်ပါတယ်။ ရောဂါပိုးတွေ ရှိတဲ့ ပစ္စည်းတွေကို ကိုယ်တွယ်ထားတဲ့ လက်တွေနဲ့ မျက်လုံး၊ ပါးစပ်၊ နှာခေါင်းတွေကို ကိုင်တွယ်ထိတွေ့မိတာကနေတဆင့်လည်း ကူးစက်နိုင်ပါတယ်။

အအေးမိရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ …..

အအေးမိတဲ့အခါ

sinus infection ဆိုတာ

sinus infection ဆိုတာက Sinus လို့ ခေါ်တဲ့ မျက်နှာပေါ်က လေအိတ်လေးတွေထဲမှာ အရည်တွေ ပြည့်လာတာကြောင့် ပိုးမွှားတွေ ပေါက်ဖွားပြီး ဖြစ်ရတဲ့ ကျန်းမာရေး ပြဿနာ တစ်ရပ်ပါ။ sinus infections က ဗိုင်းရပ်စ်ရော ဘက်တီးရီးယားတွေ ကြောင့်ရော ဖြစ်နိုင်ပါတယ်။ ဗိုင်းရပ်စ်ကြောင့် ဖြစ်တာကတော့ ပိုများပါတယ်။

sinus infection ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ ….

sinus infection ဖြစ်ရင်

  • နှာရည်ယိုမယ်
  • နှပ် အစိမ်းရောင်တွေ ထွက်မယ်
  • နှာခေါင်းပိတ်မယ်
  • မျက်ရိုးတွေ ကိုက်နေမယ်
  • နဖူးနားက ကိုက်မယ်
  • သွားနာမယ်
  • ချောင်းဆိုးမယ်
  • အဖျားတက်မယ်
  • ခြေကုန်လက်ပမ်းကျမယ်
  • ခံတွင်းနံ့ဆိုးမယ်။

အအေးမိတာ သက်သာစေဖို့ ဆိုရင်

အအေးမိတာကို သက်သာစေဖို့ဆိုရင် ဒီနည်းလမ်းလေးတွေကို သေချာလေး လုပ်ဆောင်ပေးဖို့ လိုပါမယ်။

sinus infection သက်သာစေဖို့ ဆိုရင်

sinus infectionက ဘက်တီးရီးယားကြောင့် ဖြစ်မယ်ဆိုရင် ပဋိဇီ​ဝ ပိုးသတ်ဆေး တစ်မျိုးမျိုး သောက်ဖို့ လိုပါမယ်။ ဒီလို သေချာ သိရှိနိုင်ဖို့က ဆရာဝန်နဲ့ သေချာ ပြသဖို့ လိုပါမယ်။

ဆေးကို ရက်ပြည့်အောင် သေချာလေး သောက်ဖို့ လိုပါမယ်။ ပြင်းထန်မယ်ဆိုရင် ဆရာဝန်နဲ့ ရက်အတော်ကြာ ပြဖို့ လိုပါမယ်။

သက်သာစေဖို့ဆိုရင်

  • နှာခေါင်းပိတ်တာကို သက်သာစေမယ့် စပရေးကို ၃ ရက် ကနေ ၄ ရက်လောက်အထိ အသုံးပြုပေးပါ။
  • antihistamines သောက်ပေးပါ
  • corticosteroid ပါတဲ့ နှာခေါင်းဖြန်း စပရေးကို အသုံးပြုပါ
  • ဆားရည်နဲ့ နှာခေါင်းကို သန့်စင်ပေးပါ။

ကဲ … နှာစေး ပြီဆိုရင် အအေးမိတာလား ……. Sinus Infection လား ……. ဆိုတာကို သေချာလေး ခွဲလို့ ရပြီ ထင်ပါတယ်။

Aye Thi Mon
Aye Thi Mon
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Aye Thi Mon · 11/11/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။