ချောင်းဆိုးခြင်းသည် အပြင်ဘက်မှအရာများ ဝင်ရောက် ခြင်းကို ခန္ဓါကိုယ်မှ ပုံမှန်တုံ့ပြန်ခြင်း ဖြစ်သည်။ ၎င်းသည် သင့်ကျန်းမာရေးတွင် တစ်ခုခုမှားနေပြီဆိုသော သတိပေး သော လက္ခဏာတစ်ခုလည်း ဖြစ်သည်။ သို့သော်လည်း လူ များစွာသည် ချောင်းဆိုးခြင်းနှင့် ၎င်းနှင့်အတူဖြစ်သော လက္ခဏာများကို လျော့တွက်ကြသည်။ ဤဆောင်းပါးတွင် ချောင်းဆိုးခြင်း ၇မျိုးအကြောင်း နှင့် ၎င်းတို့ အမှန်တကယ် ဘာကိုဆိုလိုသလဲကို ဖော်ပြသွားပါမည်။
ချောင်းဆိုးခြင်းဆိုတာ ဘာလဲ။
လည်ချောင်းနှင့် အသက်ရှူလမ်းကြောင်းတွင် ပြင်ပ အမှုန်များ၊ ရောဂါပိုးမွှားများ၊ ယားယံစေသော အရာများ၊ အရည်များ အကျိအချွဲများ ရှိပါက ရှင်းလင်းသွားစေရန် ချောင်းဆိုးကြသည်။ သို့သော်လည်း ပြင်းထန်ပြီး ဆက်တိုက် ချောင်းဆိုးနေပါက ၎င်းသည် ရှုပ်ထွေးသော ကျန်းမာရေး အခြေအနေများ၏ လက္ခဏာတစ်ခု ဖြစ်နိုင်သည်။
ချောင်းဆိုးခြင်း ဖြစ်စဉ်တွင် အဓိက အဆင့် ၃ဆင့် ပါသည်။
- အသက်ရှူသွင်းခြင်း
- လည်မျိုရှိ အသံကြိုးများပိတ်ပြီး လည်ချောင်းနှင့် အဆုတ်တွင် ဖိအားမြင့်တက်ခြင်း
- လေများ ပေါက်ကွဲထွက်လာပြီး ( အသံကြိုးများ ပြန် ပွင့်သောအခါ) ချောင်းဆိုးခြင်း၏ အသံကို ဖြစ်စေသည်။
ချောင်းဆိုးခြင်းကို ဖြစ်စေသော အရာတွေကဘာလဲ။
- အအေးမိခြင်း။ သင်၏ နှာခေါင်းနှင့် လည်ချောင်းတွင် ရောဂါပိုးကူးစက်သော အခြေအနေ ဖြစ်သည်။
- တုပ်ကွေး။ နှာခေါင်း၊ လည်ချောင်း၊ အဆုတ် စသော အသက်ရှူ စနစ်တွင် ဗိုင်းရပ်စ်ပိုးကူးစက်ခြင်း ဖြစ်သည်။ တုပ်ကွေးကို flu ဟု သိကြသည်။
- ယားယံစေသော အရာ ရှူမိခြင်း
- ဝမ်းဗိုက် ကြွက်သားများ အားစိုက်ဆွဲခြင်း
- ြကက်ညှာချောင်းဆိုးရောဂါ။ Pertussis ဟုလည်း ခေါ်သော ကြက်ညှာချောင်းဆိုးသည် ကူးစက်လွယ် သော အသက်ရှူ လမ်းကြောင်းရောဂါပိုးကူးစက်မှု တစ်မျိုး ဖြစ်သည်။ ပြင်းထန်စွာ ချောင်းဆိုးပြီးနောက် ဝူး ဟူသော အသံဖြင့် အသက်ရှူသွင်းသံ ကြားရသည်။
နာတာရှည် ချောင်းဆိုးခြင်း၏ လက္ခဏာများ
နာတာရှည် ချောင်းဆိုးခြင်းသည် အခြား လက္ခဏာများ ဖြစ်ပေါ်စေသည်။ ၎င်းတို့မှာ-
- နှာရည်စီးခြင်း သို့မဟုတ် နှာပိတ်ခြင်း
- အရည်များ လည်မျိုတွင် စီးကျနေသော ခံစားမှု
- မကြာခဏ ချောင်းဟန့်ခြင်း၊ လည်ချောင်းနာခြင်း
- အသံ ကွဲအက်ခြင်း
- အသက်ရှူရာတွင် တရွှီရွှီသံ မြည်ခြင်း၊ အသက်ရှူ မြန်ခြင်း
- ရင်ပူခြင်း၊ ပါးစပ်ထဲတွင် ချဉ်သောအရသာ ဖြစ်ခြင်း
- ချောင်းဆိုးခြင်းနှင့်အတူ သွေးပါခြင်း၊ အဖြစ်နည်း သည်။
ချောင်းဆိုးခြင်း ၇မျိုးနှင့် သူတို့၏ ဆိုလိုရင်း
အဖြစ်များသော ချောင်းဆိုးခြင်း အမျိုးအစား ၇ မျိုးနှင့် သင်သိသင့်သော အကြောင်းများကို အောက်တွင် ဖော်ပြထား သည်။
- ချွဲထွက်ပြီး ချောင်းဆိုးခြင်း။ အဖြစ်များသော အကြောင်းရင်းမှာ လေပြွန်ရောင်ပြီး အချွဲအကျိများ ထွက်ခြင်းကြောင့် ဖြစ်သည်။ ရောဂါလက္ခဏာသည် ဗိုင်းရပ်စ်ကြောင့်ဖြစ်ပြီး အအေးမိပြီးနောက် ပိုဆိုး နိုင်သည်။
- ဆေးလိပ်သောက်သူများ ချောင်းဆိုးခြင်း။ ၎င်းသည် COPD ၏ အသိများသော လက္ခဏာတစ်ခု ဖြစ်သည်။ COPD တွင် အသက်ရှူလမ်းကြောင်းများ ကျဉ်းပြီး အသက်ရှူရ ခက်သည်။ COPD နှင့်ဆိုင်သော အခြား လက္ခဏာများမှာ ရင်ကြပ်ခြင်း၊ အသက်ရှူရာတွင် တရွှီရွှီ ုမြည်ခြင်း၊ အသက်ရှူ မြန်ခြင်းတို့ ဖြစ်သည်။
- Sour cough ။ ပါးစပ်ထဲတွင် ချဉ်သောအရသာ ဖြစ်ပြီး ၂ လကျော်ကြာ ဆိုးသောချောင်းသည် GERD ( အစာရေမြို နှင့် အူလမ်းကြောင်း ပြန်စီးခြင်း ရောဂါ) ၏ လက္ခဏာတစ်ခု ဖြစ်သည်။ ၎င်းသည် အစာအိမ်က လည်ချောင်းဘက်သို့ ရွေ့လာသောအခါ ဖြစ်ပွား သည်။
- ချောင်းခြောက်ဆိုးခြင်း။ ချွဲမထွက်ဘဲ ညဘက်တွင် အချိန်အတန်ကြာ ချောင်းဆိုးခြင်းသည် ပန်းနာ ရင်ကြပ်၏ လက္ခဏာတစ်ခု ဖြစ်သည်။ လူအများစု တွင် ပန်းနာရင်ကြပ်ကြောင့် ဖြစ်သော လက္ခဏာများ မှာ ရင်ကြပ်ခြင်း၊ အသက်ရှူရာတွင် တရွှီရွှီ မြည်ခြင်း၊ အသက်ရှူ မြန်ခြင်းတို့ ဖြစ်သည်။
- ချောင်းဆိုးသွေးပါခြင်း။ ချောင်းဆိုးခြင်းသည် အဆုတ် သို့မဟုတ် အသက်ရှူလမ်းကြောင်းမှ လာသည်။ ချောင်းတွင် သွေးပါပါက ၎င်းသည် အန္တရာယ်ရှိသော ရောဂါတစ်ခု၏ လက္ခဏာ ဖြစ်နိုင်သည်။ ဥပမာ- အဆုတ်ကင်ဆာ
- အအေးမိသော လက္ခဏာများနှင့် ချောင်းဆိုးခြင်း။ ဤ ချောင်းဆိုးခြင်းသည် ရာသီဥတု အပြောင်းအလဲ ကြောင့် အအေးမိခြင်း၏ လက္ခဏာတစ်ခု ဖြစ်သည်။ နှာရည်ယိုခြင်း၊ ခန္ဓါကိုယ် ကိုက်ခဲခြင်း၊ လည်ချောင်း နာခြင်းတို့နှင့် တွဲ၍ ဖြစ်သည်။
- အဖျားတက်ပြီး ချွဲပါ ချောင်းဆိုးခြင်း။ ၎င်းသည် အဆုတ်ရောင်ရောဂါ၏ လက္ခဏာတစ်ခု ဖြစ်သည်။ အဖျားတက်ခြင်း၊ ချမ်းတုန်ခြင်း၊ အသက်ရှူ မြန်ခြင်း တို့လည်း ဖြစ်သည်။ သလိပ်သည် အစိမ်းရောင်၊ အဝါရောင် သို့မဟုတ် သွေးရောင် ဖြစ်နိုင်သည်။
Hello Health Group သည် ဆေးပညာအကြံပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။