ချောင်းဆိုး တာ ရောဂါကြောင့်လား၊ ရာသီဥတုကြောင့်လား။
ချောင်းဆိုး တယ်ဆိုတာ လက္ခဏာတစ်ခု ဖြစ်သလို ခန္ဓာကိုယ်ရဲ့ သဘာဝ ကာကွယ်နည်းစနစ်တစ်ခုပါ။ ချောင်းဆိုးတဲ့ လက္ခဏာကြောင့် ရောဂါတွေကို ရှာဖွေတွေ့ရှိသလို လေပြွန်ထဲကို တစ်ခုခု ဝင်လာပြီဆိုရင်လည်း ချောင်းဆိုးပြီး အပြင်ကို ပြန်ထုတ်ပေးပါတယ်။ ချောင်းဆိုးတာက အမြဲတမ်း ရောဂါတော့ မဟုတ်ပါဘူး။ တစ်ခါတလေမှာ အစားအသောက်၊ အနေအထိုင်၊ ပတ်ဝန်းကျင် အခြေအနေနဲ့ နောက်ဆုံး ရာသီဥတု အပြောင်းအလဲကြောင့်ထိ ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် ရာသီဥတု အကူးအပြောင်းဆို ဖြစ်တတ်ပါတယ်။ ချောင်းဆိုးတာ ရောဂါကြောင့်လား၊ ရာသီအကူးအပြောင်းကြောင့်လားဆိုတာ ဘယ်လို ခွဲကြမလဲ။ ရောဂါကြောင့် ချောင်းဆိုး ခြင်း ရောဂါကြောင့်ဆိုရင် ချောင်းဆိုးတာက ရေတိုဖြစ်နိုင်သလို နာတာရှည်လည်း ဖြစ်နိုင်ပါတယ်။ ချောင်းဆိုးတာ ၃ပတ်အောက်ဆို ရေတိုလို့ သတ်မှတ်ပြီး ၄ပတ်အထက်ဆိုရင် နာတာရှည်လို့ သတ်မှတ်ပါတယ်။ ရေတို ချောင်းဆိုးရတဲ့ အကြောင်းရင်းတွေကတော့ သာမန်အအေးမိတာ တုပ်ကွေးမိတာ ကြက်ညှာချောင်းဆိုး […]
































