လေပြွန်ရောင်ခြင်း
လေပြွန်နဲ့ပတ်သတ်ပြီးရောင်ရမ်းခြင်းတွေထဲမှာ လေပြွန်ရောင်ခြင်းဟာ လတ်တလောအဖြစ်အများဆုံးဖြစ်တယ်။ လေပြွန်နံရံမှာရောဂါပိုးဝင်ခြင်းကြောင့်ဖြစ်ရတယ်။ လေပြွန်ရောင်ပါက အဆုတ်ဆီအောက်ဆီဂျင်ရောက်ရန်ခက်သွားတာကြောင့် အသက်ရှူမဝခြင်းများဖြစ်တတ်ပါတယ်။ မညစ်ညမ်းသောလေနဲ့ အန္တရာယ်များတဲ့ကယ်မီကယ်တွေ တာရှည်ထိတွေ့ရှူရှိုက်ခြင်းဟာ လေပြွန်ရောင်စေတဲ့အချက်တွေဖြစ်တယ်။ လေပြွန်ရောင်ခြင်းဆိုတာဘာလဲ ရုတ်တရတ်ဖြစ်တာလည်းဖြစ်နိုင်သလို၊ နာတာရှည်လည်းဖြစ်နိုင်တယ်။ ရုတ်တရတ်လေပြွန်ရောင်ခြင်းက ဗိုင်းရပ်စ်ပိုးဝင်ခြင်း၊ အအေးမိခြင်းတို့နဲ့ ဆက်နွယ်နေတတ်ပြီး ရုတ်တရတ်ဖြစ်လာတယ်။ လက္ခဏာတွေကတော့ ချောင်းဆိုးခြင်း၊ ဖျားခြင်း၊ သလိပ်ထွက်ခြင်း၊ ရင်ဘက်အောင့်ခြင်း၊ တခါတရံအသက်ရှူမဝခြင်း စသည်ဖြင့် သာမန်လောက်နေ ပြင်းပြင်းထန်ထန်ထိအမျိုးမျိုးဖြစ်နိုင်ပါတယ်။ ရုတ်တရတ်လေပြွန်ရောင်ခြင်းဟာ ရက်အနည်းငယ် သို့ ရက်သတ္တပတ်အနည်းငယ်အကြာမှာကောင်းသွားတတ်ပြီး နာတာရှည်ကတော့ ပိုပြင်းထန်တာ လနဲ့ ပိုဆိုးပါက နှစ်နဲ့ချီကြာတတ်ပါတယ်။ အချိန်ကြာချွဲထခြင်း၊ ချောင်းဆိုးခြင်း၊ လေပြွန်ရောင်ခြင်းတို့ခံစားရတတ်ပြီး တခါတလေမှာ ချဲွသလိပ်အထွက်များတတ်ပါတယ်။ အသက်ရှူရလည်းခက်နိုင်တယ်။ အဆုတ်ရေဝင်ပြီး လေပြွန်ရောင်ပါက COPD ခေါ် နာတာရှည်အသက်ရှူလမ်းကြော်ငးရောဂါဖြစ်သွားနိုင်ပါတယ်။ အကြောင်းအရင်းများ ယေဘုယျအားဖြင့်တော့ ဘတ်တီးရီးယား၊ ဗိုင်းရပ်စ် နဲ့ တခြားအချက်တွေကြောင့်လေပြွန်ရောင်နိုင်တယ်။ အတိအကျဆိုရပါက ရုတ်တရတ်လေပြွန်ရောင်ခြင်းဟာ ဘတ်တီးရီးယားပိုးဝင်ခြင်း သို့ တစ်ခုခုနဲ့ထိတွေ့ခြင်းတို့ကြောင့် ဖြစ်နိုင်ပါတယ်။ […]




















