ပန်းနာရင်ကျပ်ရောဂါ အကြောင်း သိကောင်းစရာ
ပန်းနာရင်ကျပ်ရောဂါ က မြန်မာနိုင်ငံရဲ့ အဖြစ်အများဆုံး အသက်ရှူလမ်းကြောင်းရောဂါတွေထဲမှာ နံပါတ် ၆ချိတ်ပါတယ်။ မျိုးရိုးလည်း လိုက်တတ်တာကြောင့် အဖြစ်များတဲ့ရောဂါ တစ်မျိုး ဖြစ်ပါတယ်။ ပန်းနာရင်ကျပ်နဲ့ ပတ်သက်ပြီး ဘယ်လိုအချက်အလက်တွေက သိထားသင့်သလဲဆိုတာ မျှဝေပေးလိုပါတယ်။ ပန်းနာရင်ကျပ်ရောဂါ ဆိုတာ ပန်းနာရင်ကျပ်ဆိုတာ လေပြွန်တွေ ရောင်ရမ်းတဲ့ရောဂါပါ။ လေပြွန်တွေ ရောင်ရမ်းတဲ့အတွက်ကြောင့် ကျဉ်းမြောင်းလာပြီး ချွဲတွေနဲ့ ပြည့်လာတာကြောင့် အသက်ရှူရကျပ်လာပြီး တရွှီရွှီနဲ့ မောလာပါတယ်။ နာတာရှည်ရောဂါဖြစ်ပြီး အမြစ်ပြတ်ကုသဖို့ မလွယ်ပါဘူး။ ဒါပေမယ့် ဆောင်ရန် ရှောင်ရန်တွေကို လိုက်နာရင်တော့ လူကောင်းအတိုင်း နေသွားနိုင်ပါတယ်။ ပန်းနာရင်ကျပ်ရောဂါ ဘာကြောင့်ဖြစ်တာလဲ။ ပန်းနာရင်ကြပ် ဘာကြောင့် ဖြစ်တာလဲဆိုတာ အတိအကျ မပြောနိုင်သေးပါဘူး။ မျိုးဗီဇနဲ့ ပတ်ဝန်းကျင်က အချက်အလက်တွေကြောင့်လို့ပဲ ယူဆထားကြပါတယ်။ ဒါပေမယ့် ပန်းနာရင်ကျပ်သမားတွေမှာ ရင်ကျပ်ထစေတဲ့ ပစ္စည်းလေးတွေ ရှိပါတယ်။ ဒါကို triggersလို့ ခေါ်ပါတယ်။ ဥပမာ […]
































