
ပုံမှန်ကျန်းမာရေးကောင်းသူ တစ်ဦး၏ စံပြသွေးပေါင်ချိန်သည် အပေါ်သွေး ၁၂၀ အောက်သွေး ၈၀ (၁၂၀/၈၀ mmHg) ဖြစ်သည်။ သို့သော် သွေးပေါင်ချိန်သည် ၉၀/၆၀ mmHg နှင့် ၎င်းအောက် ရောက်သွားလျှင် သွေးပေါင်ကျပြီဟု ပြောနိုင်ပါသည်။
သွေးပေါင်ကျခြင်းသည် ကိုယ်ဝန်ဆောင်များ၏ ပထမ သုံးလနှင့် ဒုတိယသုံးလတွင် အဖြစ်များပါသည်။ သွေးကြောနံရံများ ပြေလျော့ ပြန့်ကားစေရန်အတွက် သင့်ခန္ဓာကိုယ်မှ စတင်ထုတ်လုပ်သော တချို့ဟော်မုန်းများဖြစ်သည့် ပရိုဂျက်စတီရုန်းများကြောင့် ဖြစ်ရခြင်းဖြစ်သည်။
ထိုမှသာ သန္ဓေသားမှ လုံလောက်သော အာဟာရနှင့် အောက်စီဂျင်ကို သွေးမှရနိုင်မည်ဖြစ်သည်။
သွေးပေါင်ကျခြင်းသည် သွေးအားနည်းခြင်း (ဖောလစ်အက်စစ်နှင့် ဗီတာမင် ဘီ၁၂ ချို့တဲ့ခြင်း) သို့မဟုတ် အလက်ဂျီများကြောင်းလည်း ဖြစ်နိုင်ပါသည်။
တချို့ဖြစ်ရပ်မျာတွင် သွေးပေါင်ကျခြင်းသည် ကိုယ်ဝန်ကြောင့်ဖြစ်သော နောက်ဆက်တွဲများဖြစ်သည့် ကိုယ်ဝန်ဆိပ်တက်ခြင်းကို ပြသနေသည်လည်း ဖြစ်နိုင်ပါသည်။
ထို့ကြောင့် သွေးပေါင်ကျခြင်းသည် အဖြစ်များသော်လည်း ကျန်းမာရေးအခြေအနေ သေချာစစ်ဆေးနိုင်ရန် သားဖွားဆရာမနှင့် တိုင်ပင်သင့်ပါသည်။
ယေဘုယျအားဖြင့် သွေးပေါင်ကျခြင်းကို သင်သွေးပေါင်ကျသည့်လယ်ဗယ်ပေါ်လိုက်ပြီး အန္တရာယ်မရှိကြောင်း ယူဆနိုင်ပါသည်။ နှလုံးသွေးလန့်ခြင်း ဖြစ်နိုင်ချေလည်း ပိုနည်းပါသည်။ အဘယ်ကြောင့်ဆိုသော တစ်ဦးစီသည် ကွဲပြားသောကြောင့် အန္တရာယ်ရှိသည့် သွေးပေါင်ကျခြင်းကို စံသတ်မှတ်မထားနိုင်ပါ။
အောက်ပါလက္ခဏာများရှိလာပါမှ သွေးပေါင်ကျခြင်းအား အန္တရာယ်ရှိကြောင်း စဉ်းစားပါသည်။
နောက်ဆုံးသုံးလတွင် သင့်ခန္ဓာကိုယ်သည် သွေးပေါင်ချိန်အား ကိုယ်ဝန်မရှိခင်က ပုံစံဖြစ်အောင် ပြန်မြှင့်တင်ပါလိမ့်မည်။ သို့သော် သင့်သွေးပေါင်ခြင်းသည် မွေးဖွားစဉ် ကျနေပါက ခါးရိုးထုံဆေးထိုးခြင်းကို သတိနှင့်လုပ်ဆောင်ရမည်ဖြစ်ပြီး ထုံဆေးသည် သွေးပေါင်များကို ထိုးကျသွားစေနိုင်ပါသည်။
သင့်အစားအသောက်များကို ဆားထည့်ပါ။ သို့သော် မထည့်ခင် ပြုစုစောင့်ရှောက်သူနှင့် အရင်တိုင်ပင်သင့်ပါသည်။