backup og meta

ကိုယ်ဝန်ဆောင်ချိန်အတွင်း တုပ်ကွေးနဲ့ချောင်းဆိုးခြင်းကို ရင်ဆိုင်ဖြေရှင်းနိုင်မည့် အချက်များ။

အဖြစ်များတဲ့ အအေးမိခြင်းရဲ့လက္ခဏာတွေကိုဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်အမျိုးအစားဟာ ၂၀၀နှင့်အထက်ရှိပါတယ်။ ဒီလက္ခဏာတွေဟာတစ်ပတ်ခန့်ကြာမြင့်နိုင်ပြီး ချောင်းဆိုးခြင်းကတော့ ၃ပတ်နှင့်အထက် ကြာမြင့်နိုင်ပါတယ်။ အအေးမိခြင်းဟာ ဘက်တီးရီးယားကြောင့်မဟုတ်ဘဲ ဗိုင်းရပ်စ်ကြောင့်ဖြစ်ရတာမို့ antibiotics (ပဋိဇီဝဆေးတွေ)က လည်း သင့်ကိုသက်သာစေမှာမဟုတ်ပါဘူး။ တစ်ခါတလေမှာ အအေးမိခြင်းကြောင့် လည်ချောင်း၊ နှာခေါင်းလမ်းကြောင်း(sinuses)၊ နားနဲ့ အဆုတ်တွေမှာ ဘက်တီးရီးယားပိုးဝင်ခြင်းတွေလည်းဖြစ်နိုင်ပါသေးတယ်။ ဒါတွေကတော့ ပဋိဇီဝဆေးတွေ လိုကောင်းလိုနိုင်မှာဖြစ်ပြီး သင့်ရဲ့လက္ခဏာတွေက ပိုဆိုးလာတယ်ဆိုရင် အထွေထွေရောဂါကုဆရာဝန်နဲ့ပြပါ။ ကိုယ်ဝန်ဆောင်နေစဉ်မှာ အဖျားပြင်းထန်ချိန်တိုင်းမှာ အထွေထွေရောဂါကုဆရာဝန်နဲ့ အမြဲပြပါ။

ကိုယ်ဝန်ဆောင်ချိန်အတွင်း တုပ်ကွေးနဲ့ချောင်းဆိုးခြင်းကို ရင်ဆိုင်ဖြေရှင်းနိုင်မည့် အချက်များ။

ကိုယ်ဝန်ဆောင်စဉ် အအေးမိခြင်း သို့မဟုတ် တုပ်ကွေးဖြစ်ခြင်းအတွက် ကုသမှုနည်းလမ်းများ

ကိုယ်ဝန်ဆောင်နေစဉ်မှာ အသုံးပြုခဲ့ကြပြီးအကျိုးသက်ရောက်မှုတကယ်ရှိတဲ့ ကုသမှုနည်းလမ်းတွေကတော့

• များများအနားယူပါ။

• အရည်များများသောက်ပါ။

• လည်ချောင်းနာခြင်း သို့မဟုတ် ချောင်းဆိုးခြင်းအတွက် ဆားရည်နွေးနဲ့ အာခလောက် (အာလုတ်ကျင်း)ပါ။

အနည်းငယ်သော အိမ်သုံးကုထုံးတွေကတော့

• နှာရည်ယိုခြင်းနဲ့ နှာခေါင်းတွင်းတစ်သျှူးတွေရောင်ယမ်းခြင်းကို သက်သာစေဖို့အတွက် Saline nasal drops (နှာခေါင်းတွင်းအစက်ချဆေး) နဲ့ ဖြန်းဆေး သုံးပါ။

• နှာပိတ်ခြင်းကို သက်သာစေဖို့ ရေနွေးငွေ့ပါတဲ့လေရှူပါ။ မျက်နှာရေနွေးငွေ့ပေးစက် (facial steamer) ၊ hot-mist vaporizer တွေကိုစမ်းသုံးကြည့်ပါ။ သို့မဟုတ် ရေနွေးနဲ့ရေချိုးပါ။

• ကြက်စွပ်ပြုတ်ဟာ ရောင်ယမ်းခြင်းကိုသက်သာစေပြီး ပိတ်ဆို့နေတာတွေကိုလည်း ချောမွေ့သွားစေပါတယ်။

• ကဖိန်းမပါတဲ့လက်ဖက်ရည်နွေး တစ်ခွက်ထဲကို ပျားရည်သို့မဟုတ် သံပုရည်ထည့်သောက်ခြင်းကလည်း လည်ချောင်းနာခြင်းကို သက်သာစေပါတယ်။ ကောင်းကောင်းအိပ်ပျော်နိုင်ဖို့အတွက် ခေါင်းကိုမြှင့်အိပ်ပါ။

• Sinus နာကျင်မှုကိုသက်သာစေဖို့အတွက် ရေနွေးအိတ်၊ရေခဲအိတ် စတာတွေကို အသုံးပြုပါ။

ကိုယ်ဝန်ဆောင်နေစဉ်မှာ ချောင်းဆိုးခြင်းနဲ့ အအေးမိခြင်းမဖြစ်ပေါ်စေဖို့ ဘယ်လိုကာကွယ်ကြမလဲ။

အအေးမိတာနဲ့ ချောင်းဆိုးတာမဖြစ်စေဖို့အတွက် အရေးအကြီးဆုံးခြေလှမ်းကတော့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ လူမှုနေထိုင်မှုဘဝပုံစံကို ထိန်းသိမ်းထားနိုင်ခြင်းပါပဲ။ အာဟာရပြည့်အောင်စားပါ။ အိပ်ရေး၀၀အိပ်ပါ။ ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ။ ဒါတွေအပြင် ကိုယ်ဝန်ဆောင်အားဆေးတွေနဲ့ probiotics တွေကိုသောက်ဖို့ကလည်း အရေးကြီးပါသေးတယ်။

ရောဂါကာကွယ်ခြင်းနဲ့ ထိန်းချုပ်ခြင်းစင်တာတွေ (CDC, Centers of Disease Control and Prevention) ကတော့ တုပ်ကွေးကာကွယ်ဆေးဟာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ ကလေးငယ်တွေကို မွေးဖွားပြီး ၆လအကြာထိ ကာကွယ်ပေးနိုင်တယ်လို့ဆိုပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက် ကာကွယ်ဆေးထိုးရမယ့် အချိန်ဇယားကို ပြည့်မှီနိုင်ဖို့ကလည်း အရေးကြီးပါတယ်။ ကာကွယ်ဆေးအများစုကြာရှည်ခံအောင်သုံးတဲ့ ပြဒါး (mercury)ပါဝင်မှုနှုန်းကို စိုးရိမ်တယ်ဆိုရင် ကြာရှည်ခံအောင်လုပ်မထားတဲ့ကာကွယ်ဆေး (Preservative-free vaccine) ကိုအသုံးပြုလို့ရမရ ဆရာဝန်ကိုမေးကြည့်ပါ။

နေမကောင်းဖြစ်နိုင်ဖွယ်အခြေအနေတွေကိုလျှော့ချနိုင်ဖို့အတွက် သင်လုပ်နိုင်တဲ့အခြားအရာတွေကတော့

• မကြာခဏလက်ဆေးပါ။

• အိပ်ရေး၀၀အိပ်ပါ။

• ကျန်းမာရေးနဲ့ ညီညွတ်စွာစားသောက်ပါ။

• နေမကောင်းဖြစ်နေတဲ့မိသားစုဝင် သို့မဟုတ် မိတ်ဆွေတွေနဲ့ နီးကပ်စွာနေခြင်းကို ရှောင်ကြဉ်ပါ။

• ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ။

• စိတ်ဖိစီးမှု လျှော့ချပါ။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-pregnancy-weight-gain]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

http://www.healthline.com/health/cold-flu/treating-during-pregnancy

http://americanpregnancy.org/pregnancy-complications/cough-cold-during-pregnancy/

http://www.babycentre.co.uk/a542237/coughs-and-colds-in-pregnancyhttp://

ယခုပုံစံ

12/05/2020

Wathun Myat Chal မှ ရေးသားသည်။

Yun Sandi Nan Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုယ်ဝန်ဆောင်ချိန်မှာ သန္ဓေသားလေး ကျန်းမာတဲ့ ကိုယ်အလေးချိန်ရှိစေဖို့ ဒါလေးတွေ စားပေးပါ

ကိုယ်ဝန်ဆောင်ချိန်မှာ လမ်းလျှောက်ပေးပါ



Wathun Myat Chal မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ