မီးဖွားတယ်ဆိုတာ ရိုးရိုးပဲ မွေးမွေး၊ ခွဲပြီးပဲ မွေးမွေး အပြောင်းအလဲတွေ အများကြီးနဲ့ ကြုံတွေ့ရမယ့် ကိစ္စ တစ်ခုပါ။ အနေအထိုင်ဆင်ခြင်ရမယ်၊ အာဟာရရှိတာတွေ စားရမယ်၊ အိပ်ရေးဝဝအိပ်ရမယ် စတာတွေပေါ့။ ဒါတွေအားလုံးလည်း ဂရုစိုက်ဆင်ခြင်တယ် မိခင်ရော ကလေးရော ကျန်းမာနေတယ် ခရီးလည်း သွားချင်တယ်။ မီးဖွားပြီး ခရီးသွား ဖို့ ဘယ်လောက်စောင့်ရမလဲ။
မှတ်ထားသင့်တာက ကလေးမီးဖွားပြီးတဲ့အချိန်ဆိုတာ ကလေးကိုရော အမေကိုရော ဂရုစိုက်နေရမယ့် ကာလဖြစ်တာကြောင့် ဘယ်ကိုပဲ သွားသွား၊ ဘာကိုပဲ လုပ်လုပ် ကိုယ့်ဆရာဝန်တွေဆီ သွားတိုင်ပင်ပါ။ နောက်ပြီး အဆင်ပြေလို့ ခရီးသွားဖြစ်ခဲ့တယ်ဆိုရင်လည်း ခုပြောထားတွေကို လိုက်နာပါ။
ကိုယ်သွားမယ့် ခရီးကို ပြင်ဆင်တဲ့အခါ
ခရီးသွားနေချိန် အတွင်းမှာလည်း
- တစ်ချိန်လုံးထိုင်မနေဘဲ၊ တစ်နာရီတစ်ခါလောက် မတ်တပ်ရပ်ပါ။ ခြေထောက် အကွေးအဆန့်ပြုလုပ်ပေးပါ။ ကားနဲ့ ခရီးသွားခဲ့ရင်လည်း လမ်းတစ်ထောက် ခဏခဏ နားပေးပါ။ မတ်တပ် ခဏခဏ ရပ်ပေးခြင်းကြောင့် မီးဖွားပြီးနောက်ပိုင်း အဖြစ်များတဲ့ သွေးခဲခြင်းကို သက်သာစေမှာပါ။
- ရေများများသောက်ပါ။ ခရီးသွားရင် ရေမသောက်ဖြစ်တတ်တာများတော့ ရေများများသောက်ဖို့ကိုလည်း မမေ့ပါနဲ့။ ကလေးနို့တိုက်ဖို့ကလည်း လိုသေးတယ်လေ။
- တွေ့ရာ အစားအသောက်တွေကို လျှောက်မစားပါနဲ့။ ကိုယ်မသန့်တာတွေ စားမိရင် ကိုယ်လည်း ဝမ်းလျှော ကလေးလည်း ဝမ်းလျှောနိုင်လို့ပါ ။ ။