ကလေးကြီးတဲ့အထိ နို့မှုန့်ဆက်တိုက်သင့်တဲ့ အကြောင်းအရင်း
မိဘတွေအတွက်တော့ ကလေးမွေးတဲ့အချိန်က စပြီး ကြီးပြင်းလာတဲ့အထိ အစာအာဟာရ စုံလင်အောင် ကျွေးနိုင်ဖို့ဆိုတာ ကြီးမားတဲ့ စိန်ခေါ်မှုတစ်ရပ်ပါပဲ။ ကလေးအရွယ်ဆိုတာလည်း ကြီးထွားဖွံ့ဖြိုးမှု အကောင်းဆုံးအရွယ် ဖြစ်နေတာဆိုတော့ အစာအာဟာရနဲ့ ပတ်သက်ပြီး လုံးဝပေါ့ဆလို့ မဖြစ်ပါဘူး။ ကလေး မွေးကင်းစအရွယ်မှ အသက် ၆ လထိတော့ မိခင်နို့တစ်မျိုးတည်း တိုက်သင့်တယ်ဆိုတာတော့ မေမေတိုင်း သိထားပြီး ဖြစ်မှာပါ။ မိခင်နို့မှာ ကိုယ့် ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုနဲ့ ဦးနှောက်ဉာဏ်ရည်အတွက် အကျိုးဖြစ်စေမယ့် ဗီတာမင်နဲ့ အာဟာရဓာတ်တွေ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ၊ ဝမ်းချုပ်တာ၊ ဖျားနာတာတွေ မဖြစ်စေဖို့ ကာကွယ်ပေးမယ့် anti-bodies တွေ အများအပြား ပါဝင်ပါတယ်။ ဒါကြောင့် ကိုယ့်ကလေး အသက် ၆ လ ပြည့်တဲ့အထိ မိခင်နို့ကိုသာ မဖြစ်မနေ တိုက်သင့်တယ်နော်။ အသက် ၆လ နောက်ပိုင်းမှာ […]






















