မီးဖွားပြီးချိန်မှာ ခါးနာတာက အဖြစ်များတဲ့ ကိစ္စတစ်ခုပါ။ ကိုယ်ဝန်ဆောင်ကာလအတွင်းမှာ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေ၊ ဟော်မုန်း ပြောင်းလဲမှုတွေကြောင့် ခါးနာရတာ ဖြစ်ပြီး ဒီခါးနာတာက ဘေဘီလေးကို မီးဖွားပြီးချိန် အထိတောင် ဆက်လက်ကျန်ရှိနေတတ်ပါတယ်။
မီးဖွားပြီးချိန်မှာ ခါးနာတာက အဖြစ်များတဲ့ ကိစ္စတစ်ခုပါ။ ကိုယ်ဝန်ဆောင်ကာလအတွင်းမှာ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေ၊ ဟော်မုန်း ပြောင်းလဲမှုတွေကြောင့် ခါးနာရတာ ဖြစ်ပြီး ဒီခါးနာတာက ဘေဘီလေးကို မီးဖွားပြီးချိန် အထိတောင် ဆက်လက်ကျန်ရှိနေတတ်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ ဘေဘီလေးကို သယ်ပိုးထားရတာနဲ့ ကိုယ်နေဟန်ထား ပုံစံမမှန်တာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ခါးစနာပြီး ဒီခါးနာတာက မီးဖွားပြီးချိန်မှာ ဆက်လက် ကျန်ရှိနေတာပါ။
မီးဖွားပြီးချိန် ခါးနာတာက ကိုယ်ဝန်ဆောင်မိခင် ၅၀% လောက်ခံစားရတဲ့ ကျန်းမာရေးပြဿနာပါ။ ကိုယ်ဝန်ဆောင်ကာလ အစောပိုင်းလတွေကနေစပြီး ဘေဘီလေး မွေးဖွားပြီးချိန်အထိ ခံစားရနိုင်ပါတယ်။
မီးဖွားပြီးချိန် ခါးနာတာကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေကတော့ တစ်ခုတည်း မကပါဘူး။

မီးဖွားပြီးချိန် ခါးနာတာက ခန္ဓာကိုယ်ထဲမှာ မြင့်တက်နေတဲ့ ဟော်မုန်းတွေ ပုံမှန် အခြေအနေကို ပြန်ရောက်သွားတဲ့အချိန် ကလေးမွေးဖွားပြီး ၆ လလောက်အကြာမှာ မီးဖွားပြီးချိန် ခါးနာတာ သက်သာလာပါလိမ့်မယ်။
မီးဖွားပြီးချိန် လအနည်းငယ်အကြာမှာ ခါးနာတာက တဖြည်းဖြည်းနဲ့ သက်သာလာပါမယ်။
မီးဖွားပြီးချိန် ခါးနာတာကို သက်သာစေဖို့ ဒီနည်းလမ်းလေးတွေက ထောက်ကူပေးနိုင်မှာပါ။
တစ်နေ့ကို ၁၀ မိနစ်ကနေ ၁၅ မိနစ်လောက် လမ်းလျှောက်ပေးတာက မီးဖွားပြီးချိန်မှာ ခါးနာတာကို သက်သာစေနိုင်ပါတယ်။ ခွဲမွေးထားတဲ့ မေမေတွေလည်း မီးဖွားပြီးလို့ ခါးနာတာ သက်သာစေဖို့ လမ်းလျှောက်ပေးလို့ ရပါတယ်။
မီးဖွားပြီးချိန်မှာ ယောဂလေ့ကျင့်တာကလည်း ခါးနာတာကို သက်သာစေနိုင်ပါတယ်။ မီးဖွားပြီးချိန်မှာ အဆင်ပြေသင့်တော်မယ့် ယောဂ လေ့ကျင့်ပေးတာကလည်း နည်းလမ်းကောင်း တစ်ရပ်ပါ။
ယောဂ လေ့ကျင့်တာက ကြွက်သားတွေကို ပြေလျော့စေပြီး ခါးနာတာကို သက်သာစေမှာပါ။
ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်နေဟန်ထား မှန်မှန်နေဖို့ ခက်ပေမယ့် မွေးဖွားပြီးချိန်မှာတော့ ခါးနာတာကို သက်သာစေဖို့ ကိုယ်နေဟန်ထားကို မှန်မှန်ထားပေးပါ။
မီးဖွားပြီးချိန်မှာ ခါးနာတာကို သက်သာစေဖို့အတွက် ထိုင်တဲ့အခါ ခြေထောက်လေးကို ခပ်မြင့်မြင့်လေး ထားပြီး ထိုင်ပေးတာကလည်း နည်းလမ်းကောင်း တစ်ရပ်ပါ။
မီးဖွားပြီးချိန်မှာ ခါးနာတာကို သက်သာစေဖို့အတွက် ခန္ဓာကိုယ်ကို သက်တောင့်သက်သာ ဖြစ်အောင် နေပါ။ ခန္ဓာကိုယ်ကို သက်တောင့်သက်သာဖြစ်အောင်နေတာက ကြွက်သားတွေကို ပြေလျော့စေပြီး ခါးနာတာကို သက်သာစေမှာပါ။
နာနေတဲ့နေရာကို ရေနွေးဝတ်လေး ကပ်ပေးတာက ခါးတဝိုက်က ကြွက်သားတွေကို သွေးစီးဆင်းမှု ကောင်းစေပြီး ခါးနာတာကို သက်သာစေမှာပါ။ ဒါကြောင့် မီးဖွားပြီးလို့ ကျန်ခဲ့တဲ့ ခါးနာတာကို သက်သာစေဖို့ ရေနွေးအိတ် ကပ်ပေးပါ။
ရေနွေးနဲ့ ရေချိုးတာကလည်း ရေနွေးအိတ် ကပ်သလိုပဲ ကြွက်သားတွေကို သွေးစီးဆင်းမှု ကောင်းစေပြီး ခါးနာတာကို သက်သာစေမှာပါ။
ခါးနာတာကို ပုံမှန်အားဖြင့်တော့ လေ့ကျင့်ခန်း လုပ်တာတွေလောက်နဲ့ သက်သာစေနိုင်ပါတယ်။ ဒါပေမယ့် အရမ်းပြင်းထန်မယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသဖို့ လိုပါမယ်။