backup og meta

ဘေဘီလေးဉာဏ်ကောင်းအောင် မေမေတို့ဘာတွေစားပေးသင့်လဲ

သွက်လက်ချက်ချာတဲ့ ဘေဘီလေးရဲ့ ဖေဖေမေမေတွေ ဖြစ်ချင်ကြတယ်ဟုတ်။ မွေးဖွားလာမယ့် ရင်သွေးလေး ကျန်းမာပျော်ရွှင်ပြီး ဉာဏ်ကောင်းတဲ့ကလေးငယ်လေးအဖြစ်ကြီးပြင်းလာစေဖို့က မိဘတိုင်းရဲ့ စိတ်ကူးပါ။ ဒါဆိုဒီဆန္ဒလေးပြည့်ဝစေဖို့ ဘာလုပ်ရမှာလဲ။ ဆုတောင်းရုံမှတစ်ပါး အခြားနည်းလမ်းမရှိတော့ဘူးလား။ ဒီလိုမဟုတ်ပါဘူး။မွေးလာတဲ့ ကလေးလေးဉာဏ်ကောင်းလာစေဖို့အတွက်မေမေတို့အနေနဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ စားပေးလို့ရတဲ့ အစားစာတွေရှိပါတယ်နော်။

ဘေဘီလေးဉာဏ်ကောင်းအောင် မေမေတို့ဘာတွေစားပေးသင့်လဲ

ဘေဘီလေးဉာဏ်ကောင်းအောင်မေမေတွေဘာတွေစားရမလဲ

ကိုယ်ဝန်ဆောင်ချိန်မှာ အာဟာရပြည့်ဝအောင်စားသုံးမှုက သန္ဓေသားရဲ့ ဦးနှောက်နဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှုအပေါ်မှာ သက်ရောက်မှုရှိနေပါတယ်။ ဒီတော့ ကလေးတစ်ယောက်ကောင်းမွန်စွာဖွံဖြိုးကြီးထွားဖို့ နဲ့ဉာဏ်ရည်ထက်မြက်စေဖို့မေမေတို့ကတာဝန်အရှိဆုံးပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ စားသုံးတဲ့အာဟာရ ကလေးရဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှုအတွက်တော်တော်လေးအရေးပါပါတယ်။ ကဲမေမေတို့ စားသုံးလိုက်တဲ့ အစားအစာတွေကဘေဘီလေးရဲ့ ဉာဏ်ရည်အပေါ်မှာ ဘယ်လိုသက်ရောက်မှုရှိနေတာလဲ။

Choline

လေ့လာမှုတွေအရကတော့ ကလေးရဲ့ ရုပ်ပိုင်းဆိုင်ရာ နဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးဖို့အတွက် choline ဓာတ်က မရှိမဖြစ်လိုအပ်တာပါ။ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ယောက်အနေနဲ့ တစ်နေ့ကို Choline ၃၀၀ ကယ်လ်လိုရီရရှိဖို့လိုအပ်ပါတယ်။ ကလေးငယ်တွေရဲ့ ဦးနှောက်နဲ့ ဉာဏ်ရည်ဖွံ့ဖြိုးဖို့အတွက်ရော ။ သင်ယူနိုင်စွမ်းအတွက်ပါ အဓိကအခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။

သံဓာတ်

ကလေးဦးနှောက်ဖွံ့ဖြိုးဖို့အတွက် အရေးပါတဲ့ အာဟာရဓါတ်တစ်ခုပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ သံဓာတ်ချို့တဲ့တာက ကလေးရဲ့ဉာဏ်ရည်ဖွံ့ဖြိုးမှုအပေါ်မှာ သက်ရောက်မှုရှိပါတယ်။ ဒါတွေတင်မကပါဘူး။ ကလေးရဲ့ အာရုံစူးစိုက်နိုင်မှု နဲ့ ဘာသာစကားစွမ်းရည်အပေါ်မှာပါ သက်ရောက်မှုရှိစေမှာပါ။

  • ပဲအမျိုးမျိုး၊
  • စပျစ်သီးခြောက်၊
  • ဇီးသီးခြောက်၊
  • အဆီမပါတဲ့ အနီရောင်အသား၊
  • ကိုက်လန်၊
  • ဟင်းနုနွယ်ရွက်တို့လိုမျိုး အစိမ်းရင့်ရောင်ရှိတဲ့ အရွက်တွေကို စားသုံးပေးသင့်ပါတယ်။

Omega 3 Fatty Acids

ကလေးရဲ့ ဦးနှောက် နဲ့ အမြင်အာရုံဖွံ့ဖြိုးဖို့အတွက် အရေးပါတဲ့ ဓာတ်တစ်မျိုးပေါ့။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ဒီဓာတ်လေးကို ပါဝင်အောင်စားသုံးပေးပါ။

  • တူနာ၊ဆယ်လ်မွန်တို့လိုမျိုးအဆီများတဲ့ ပင်လယ်ငါးတွေစားသုံးပေးလို့ရပါတယ်။
  • ပင်ပွားစေ့၊
  • သစ်ကြားသီး၊
  • ပဲပိစပ်၊
  • ပဲပြား တို့စားသုံးပေးလို့ရပါတယ်။

ပရိုတင်း

ကိုယ်ဝန်ဆောင်ချိန်မှာ ပရိုတင်းဓာတ်လုံလောက်စွာမရရှိတာက သန္ဓေသားရဲ့ အာရုံကြောနဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ပါတယ်။ သင်ယူမှုပိုင်းမှာ အားနည်းတာမျိုးလည်းဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ပရိုတင်းပြည့်ဝအောင်စားသုံးဖို့လိုပါမယ်။

  • ကြက်သား၊
  • အဆီထုတ်နို့၊
  • အသား၊
  • ပဲအမျိုးမျိုး၊
  • အယ်လ်မွန်စေ့တို့လိုမျိုး အစေ့အဆန်တွေစားသုံးပေးလို့ရပါတယ်။

ဦးနှောက်ဖွံ့ဖြိုးဖို့လိုအပ်တဲ့ ဓာတ်တစ်မျိုးပေါ့။ ကလေးရဲ့ ဉာဏ်ရည်ကောင်းစေဖို့ မေ့ထားလို့မဖြစ်ပါဘူး။

  • ဖရုံစေ့၊
  • အမဲသား၊
  • ဝက်သား၊
  • အခွံမာသီး၊
  • ဂျုံနဲ့ဆန်တို့ကနေရရှိနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်မေမေတို့အနေနဲ့ ဒီအာဟာရတွေကိုပြည့်ဝအောင်စားသုံးပေးပြီးဘေဘီလေးကို ဉာဏ်ကောင်းအောင်လုပ်ဆောင်ပေးလိုက်ပါနော်……..

[embed-health-tool-pregnancy-weight-gain]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

What Foods to Eat during Pregnancy for an Intelligent Babyhttps://parenting.firstcry.com/articles/what-foods-to-eat-during-pregnancy-for-intelligent-baby/ Accessed Date 17 January 2019

Right diet during pregnancy for an intelligent babyhttp://www.cordlife.co.id/en/right-diet-during-pregnancy-for-an-intelligent-baby Accessed Date 17 January 2019

What To Eat During Pregnancy For An Intelligent Babyhttps://www.curejoy.com/content/what-to-eat-during-pregnancy-for-an-intelligent-baby/?utm_source=Popular&utm_medium=FCM&utm_campaign=Push&fbclid=IwAR0HhgRywzhVFIhQeossh3sBw4mVv0nuPWntERRSFo0yApGa1fC_E2VYKxk Accessed Date 17 January 2019

ယခုပုံစံ

17/06/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးကျန်းမာရေးအတွက် အမျှင်ဓာတ်ရဲ့ အကျိုးပြုပုံ

ကလေးအရပ်ရှည်စေဖို့ ကျွေးသင့်တဲ့ အစားအစာတွေ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 17/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ