backup og meta

ကိုယ်ဝန်ဆောင်စဉ် ဆံပင်ဆေးဆိုးလို့ရသလား

အများစုကတော့ ကိုယ်ဝန်ဆောင်နေစဉ် ဆံပင်ဆေးမဆိုးရဘူးလို့ထင်ကြတယ်။ ဆရာဝန်တချို့ကတားမြစ် ပေမယ့် တချိကတော့ ဆိုးလို့ရတယ်ပြောကြတယ်။ ဆိုးသင့် မဆိုးသင့်လေ့လာကြည့် ကြရအောင်။

ကိုယ်ဝန်ဆောင်စဉ် ဆံပင်ဆေးဆိုးလို့ရသလား

သိပ္ပံပညာရပ်ဆိုင်ရာ ရှု့ထောင့်က ကြည့်ရအောင်

ဆံပင်ဆေးဆိုးတာက ကိုယ်ဝန်အပေါ်ဘယ်လိုသက်ရောက်မှု ရှိမလဲဆိုတာ သုတေသနလေ့လာချက် မရှိတော့ ထင်ကြေးအမျိုးမျိုးဖြစ်နေကြတာပေါ့။ သိပ္ပံပညာရှင် တွေကတော့ ဆံပင်ဆိုးဆေးထဲမှာပါတဲ့ ဓါတ်ပစ္စည်းတွေက ဦးရေပြားမှတဆင့် သွေးထဲဝင်ရောက်ပြီး ကလေးဆီသို့ရောက်ရှိသွားနိုင်မယ်လို့ထင်ကြတယ်။ ကိုယ်ဝန်ရဲ့ပထမသုံးလမှာ သန္ဓေသား အကောင်ထည်ဖွံ့ဖြိုးမှု အကောင်းဆုံးအချိန်ဖြစ်တဲ့အတွက် တိတိကျကျ သုတေသနအဖြေမရှိပေမယ့်လည်း ပထမ သုံးလအတွင်းတော့ ဆေးဆိုးတာရှောင်ကြဉ်သင့်ပါတယ်။

အန္တရာယ်မရှိအောင် ဘယ်လိုဆေးဆိုးမလဲ။

ကိုယ်ဝန်ပထမသုံးလပြည့်သွားပြီ ဆိုရင် ဆံပင်ဆေးဆိုးလို့တော့ရပြီ။ ဒါပေမယ့် သတိထားစရာအချက်လေး တွေတော့ရှိပါတယ်။

အန္တရာယ် အကင်းဆုံးပုံစံ နဲ့ ဆိုးပါ။

ဆိုးဆေးကို ဦးရေပြားပေါ် ရောက်တဲ့အထိဆိုးတာမျိုးက ဦးရေပြား မှတဆင့်ခန္ဓါကိုယ်ထဲ စိမ့်ဝင်သွားနိုင်လို့ ဆံပင်အရင်းထိမရောက်စေဘဲ ထိပ်ပိုင်းလောက်သာဆိုးတာမျိုး ပြုလုပ်သင့်ပါတယ်။

အရောင်ရွေးချယ်မှု သတိပြုပါ။

ချွတ်ဆေးမပါဝင်တဲ့ ဆိုးဆေး သို့မဟုတ် အမိုးနီးရား မပါဝင်တဲ့ အရောင်နု မျိုးကိုရွေးချယ်သင့်ပါတယ်။ ဒန်းပင်မှထုတ် လုပ်ထားတဲ့ဆိုးဆေး သို့မဟုတ် သစ်သီးသစ်ရွက်ကိုအခြေခံပြီးထုတ်လုပ်ထားတဲ့ ဆိုးဆေးမျိုးကိုစဉ်းစားသင့်ပါတယ်။ မဆိုးခင်မှာ ဆိုးဆေးက အတတ်နိုင်ဆုံးသဘာဝပစ္စည်းတွေနဲ့ ပြုလုပ်ထားလား သေချာစေရန် အညွန်းစာရွက်ကို ဖတ်ကြည့်ပါ။

လေဝင်လေထွက်ကောင်းတဲ့နေရာမှာဆိုးပါ။

ဆိုးဆေးမှာပါဝင်တဲ့ အဆိပ်အတောက်ဖြစ်စေနိုင်တဲ့ အငွေ့တွေ အဝေးလွင့်သွားအောင် လေဝင်လေထွက်ကောင်း တဲ့နေရာမှာဆိုးပါ။ ကိုယ်ကိုတိုင် ဆိုးတာမျိုးဆိုရင်တော့ လက်အိတ်ရှည်ဝတ်ပြီး ဆိုးပါ။ ဆိုးပြီးတဲ့အခါမှာ ဦးရေပြား မှာ ဆိုးဆေးအကြွင်းအကျန်တွေကပ်မနေစေပါနဲ့။ ဆိုးပြီးလျှင် လက်ကို သေချာဆေးကြောသင့်ပါတယ်။

ဆိုးဆေးကြောင့် ကိုယ်ဝန်အပေါ် မည့်သည့်သက်ရောက်မှု့တွေဖြစ်ပေါ်နိုင်တယ်ဆိုတာကို သုတေသနပြုလုပ်ထား တာမရှိပေမယ့်လည်း ဆိုးဆေးမှာပါဝင်တဲ့ ဓါတ်ပစ္စည်းတွေကြောင့် အန္တရာယ် ဖြစ်စေနိုင်တာမျိုးရှိမှာ စိုးရိမ်ရတဲ့အတွက် ဖြစ်နိုင်ရင် ကလေးမွေးပြီးတဲ့အထိစောင့်ပါ။ ကိုယ့်ရဲ့အသက်မွေး ဝမ်းကြောင်းလုပ်ငန်း သဘောအရ မဖြစ်မနေ ဆေးဆိုးရမယ်ဆိုရင်တော့ အထက်ပါအချက်တွေကိုသတိပြုဆင်ခြင်ဖို့သင့်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-pregnancy-weight-gain]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hair Care During Pregnancy. http://www.webmd.com/baby/features/pregnancy-hair-care#1

Accessed November 11, 2016.

Hair Dye and Highlights During Pregnancy. http://www.whattoexpect.com/pregnancy/hair-dye

Accessed
November 11, 2016.

ယခုပုံစံ

12/05/2020

Dr. Kaung Thar မှ ရေးသားသည်။

Poe Ei Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုယ်ဝန်ဆောင် ဆီးချိုကြောင့် အော်တစ်ဆင်ရောဂါ ဖြစ်လာနိုင်လား

မွေးရာပါနှလုံးရောဂါသည်တွေ ကိုယ်ဝန်ရနိုင်လား



Dr. Kaung Thar မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ