backup og meta
hellosayarwon logo
ဆောင်းပါးများ

ကျန်းမာရေး ကဏ္ဍများ

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

သဘာဝဆေးဖက်ဝင်ပစ္စည်းများ

သဘာဝဆေးဖက်ဝင်ပစ္စည်းများ

အခြေခံကျန်းမာရေး

အခြေခံကျန်းမာရေး

အိပ်စက်ခြင်း

အိပ်စက်ခြင်း

ဆီးနှင့်ကျောက်ကပ်ကျန်းမာရေး

ဆီးနှင့်ကျောက်ကပ်ကျန်းမာရေး

အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး

အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး

ကဏ္ဍအားလုံး ကြည့်ရှုမည်။

အာရုံစိုက်ရမည့် အကြောင်းအရာ

အာရုံစိုက်ရမည့် အကြောင်းအရာများကို ကြည့်ရန်
CarePath

CarePath

၂၀၂၂ ကမ္ဘာ့နှလုံးကျန်းမာရေးနေ့

၂၀၂၂ ကမ္ဘာ့နှလုံးကျန်းမာရေးနေ့

၂၀၂၂ ကမ္ဘာ့အသည်းရောင်ရောဂါနေ့

၂၀၂၂ ကမ္ဘာ့အသည်းရောင်ရောဂါနေ့

၂၀၂၂ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့

၂၀၂၂ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့

ကိရိယာများ

ကျန်းမာရေးကိရိယာများ

သွေးဆုံးအကြိုကာလ၊ သွေးဆုံးခါနီးကာလနဲ့ သွေးဆုံးပြီးချိန်များကို ကိုယ်တိုင်ဆန်းစစ်ကြည့်ခြင်း

သွေးဆုံးအကြိုကာလ၊ သွေးဆုံးခါနီးကာလနဲ့ သွေးဆုံးပြီးချိန်များကို ကိုယ်တိုင်ဆန်းစစ်ကြည့်ခြင်း

အရွယ်ရောက်ပြီးသူများထိုးထားသင့်တဲ့ ကာကွယ်ဆေး

အရွယ်ရောက်ပြီးသူများထိုးထားသင့်တဲ့ ကာကွယ်ဆေး

ကလေးရဲ့ဝမ်း အရောင်နဲ့ ကျန်းမာရေး

ကလေးရဲ့ဝမ်း အရောင်နဲ့ ကျန်းမာရေး

ဆီးကျိတ်ရောဂါ ဖြစ်နိုင်ခြေ စစ်ဆေးခြင်း

ဆီးကျိတ်ရောဂါ ဖြစ်နိုင်ခြေ စစ်ဆေးခြင်း

သုက်လွှတ်စောခြင်း ကို စစ်ဆေးခြင်း

သုက်လွှတ်စောခြင်း ကို စစ်ဆေးခြင်း

ရှိသင့်တဲ့ ပျမ်းမျှနှလုံးခုန်နှုန်း တွက်ချက်ခြင်း

ရှိသင့်တဲ့ ပျမ်းမျှနှလုံးခုန်နှုန်း တွက်ချက်ခြင်း

ကိရိယာများကို ကြည့်မည်။

နှစ်သက်သည့်ကိရိယာများ

ရှိသင့်တဲ့ ပျမ်းမျှနှလုံးခုန်နှုန်း တွက်ချက်ခြင်း

ပိုမိုကြည့်ရှုမည်။
ရှိသင့်တဲ့ ပျမ်းမျှနှလုံးခုန်နှုန်း တွက်ချက်ခြင်း

ခန္ဓာကိုယ်ထုထည်ညွှန်းကိန်း (BMI) တွက်ချက်ခြင်း

ပိုမိုကြည့်ရှုမည်။
ခန္ဓာကိုယ်ထုထည်ညွှန်းကိန်း (BMI) တွက်ချက်ခြင်း

အခြေခံ တစ်နေ့တာ ကယ်လိုရီလိုအပ်ချက်ပမာဏ (BMR) တွက်ချက်ခြင်း

ပိုမိုကြည့်ရှုမည်။
အခြေခံ တစ်နေ့တာ ကယ်လိုရီလိုအပ်ချက်ပမာဏ (BMR) တွက်ချက်ခြင်း
အဖွဲ့များ

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။

ကိုယ်ဝန်ဆောင်ကျန်းမာရေး

ကိုယ်ဝန်ဆောင်ကျန်းမာရေး

အဖွဲ့အားလုံးကို ကြည့်မည်။

ဖတ်ရှုသင့်သောဆောင်းပါးများ

ထပ်မံ ကြည့်ရှုမည်
avatar
Hello.Sayarwon
ကိုယ်ဝန်ဆောင်ကျန်းမာရေး
•
3 years
ကိုယ်ဝန်ဆောင် ကိုယ်အလေးချိန် တွက်ချက်ခြင်း ကိရိယာ
ကိုယ်ဝန်ဆောင်ကျန်းမာရေး
မိခင်ကျန်းမာရေး

မီးနေသွေး ဆင်းခြင်း

အမျိုးသမီးတွေဟာ ကိုယ်ဝန်ဆောင်တဲ့အချိန်ကစပြီ သူ့ဘဝမှာ တစ်ခါမှမကြုံဖူးတဲ့ ပြောင်းလဲမှုတွေကို ခံစားရတာပါ။ မီးဖွားချိန်မှာရော မီးတွင်းမှာရောပဲ။ မီးတွင်းမှာဆိုရင်လည်း သူ့အနေနဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေကို ကြုံတွေ့နေရပါသေးတယ်။ ဒီထဲမှာ မီးနေသွေး ဆင်းတာလည်းပါပါတယ်။ မွေးပြီးခါစမှာ မိခင်တွေက မိန်းမကိုယ်က သွေးဆင်းရင် တစ်ခုခုဖြစ်တယ်ဆိုပြီး စိုးရိမ်တတ်ကြပါတယ်။ သားဦးအမေတွေဆိုရင်ပိုဆိုးပါတယ်။ ဒါကြောင့် မီးနေသွေးဆိုတာဘာလဲ။ ဘယ်လောက်ကြာအောင်ဆင်းမှာလဲ။ အန္တရာယ်ရှိလားဆိုတာကို လေ့လာကြည့်ရအောင်။

မီးနေသွေး ဆင်းခြင်း

မီးနေသွေး ဆိုတာဘာလဲ။

မီးနေသွေးကို ဆေးပညာအရ Lochiaလို့ခေါ်ပါတယ်။ မွေးပြီးတဲ့နောက်မှာ ရာသီသွေးဆင်းသလိုမျိုး ဆင်းတာပါ။ သွေးတွေရော အချွဲတွေရောဆင်းတာပါ။

ဘာကြောင့် မီးနေသွေး ဆင်းတာလဲ။

ကိုယ်ဝန်ဆောင်ချိန်မှာ ကလေးလေးကို အာဟာရပေးခဲ့ရတဲ့ တစ်ရှူးတွေ၊ ကလေးလေးနေဖို့ သားအိမ်နံရံထူပေးခဲ့ရတာတွေက ခုချိန်မှာ မလိုအပ်တော့တာကြောင့် သွေးတွေ အချွဲတွေအနေနဲ့ ဆင်းတာပါ။ ဒါကြောင့် ရိုးရိုးပဲမွေးမွေး၊ ခွဲပဲမွေးမွေး မီးနေသွေးက ဆင်းမှာပါပဲ။

ဘယ်လောက်ကြာအောင်ဆင်းမှာလဲ။

မွေးပြီးပြီးချင်း ၁၀ရက်လောက်ထိတော့ သွေးဆင်းများနေမှာပါ။ နည်းနည်း နည်းနည်းဆင်းတာကတော့ ၄ပတ်ကနေ ၆ပတ်အထိကြာနိုင်ပါတယ်။ တစ်ယောက်နဲ့  တစ်ယောက်တော့ မတူနိုင်ဘူးပေါ့။

ဘယ်လိုဆင်းမှာလဲ။

မွေးပြီး ၁ရက်ကနေ ၃ရက်အထိ သွေးက ရာသီလာသလိုမျိုး အနီရောင်တွေဆင်းနေမှာပါ။ သွေးခဲလေးတွေလည်းပါတတ်ပါတယ်။ ၄ရက်မြောက်ကနေ ၇ရက်အထိ ပန်းရောင် ဒါမှမဟုတ် အညိုရောင်ဆင်းပါတယ်။ သွေးခဲတွေ ပါချင်မှပါတော့မှာပါ။ တစ်ပတ်ကျော်သွားရင်တော့ အဝါဖျော့ဖျော့ ဒါမှမဟုတ် အဖြူရောင်ဆင်းပါတယ်။ ၃ပတ်ကနေ ၆ပတ်ဆိုရင် ဆင်းတာရပ်သွားပါပြီ။

သွေးဆင်းရင်ဘာလုပ်ကြမလဲ။

စစဆင်းချင်းဆိုရင် များတဲ့အတွက် စုပ်ယူမှုအားကောင်းတဲ့ padကို ခံရမှာပါ။ နောက်ပိုင်းကျရင်တော့ သာမန်padကိုပဲ ခံလို့ရပါပြီ။ ပိုးမဝင်အောင် padကို ခဏ ခဏလဲပေးပါ။ Tamponမသုံးပါနဲ့။

ဘယ်အချိန်မှာ သွေးဆင်းများနိုင်လဲ။

မွေးပြီး ၁ပတ်ကျော်လောက်ဆိုရင် သွေးဆင်းနည်းသွားပါပြီ။ ဒါပေမယ့် ဒီအချိန်မှာတော့ သွေးဆင်းများတတ်ပါတယ်။

  • မနက်စောစောအိပ်ရာအထမှာ
  • နို့တိုက်တဲ့အချိန်မှာ (နို့တိုက်ရင် ထွက်လာတဲ့ အောက်စီတိုစင်ဟော်မုန်းက သားအိမ်ကျုံ့တာကို အားပေးတဲ့အတွက် သွေးဆင်းများပါတယ်။)
  • လေ့ကျင့်ခန်းလုပ်တဲ့အချိန်မှာ
  • ဆီးသွား၊ ဝမ်းသွားတဲ့အခါ ညှစ်တာ စတာတွေလုပ်ရင် သွေးဆင်းများတတ်ပါတယ်။

မီးနေသွေး ဆင်းတာသက်သာဖို့ ဘာလုပ်ကြမလဲ။

မီးနေသွေးဆိုတာ မိခင်တိုင်းကြုံရတာမို့လို့ ရှောင်လွှဲလို့ မရပါဘူး။ ဒါပေမယ့် သွေးဆင်းတဲ့အချိန်မှာ သက်တောင့်သက်သာဖြစ်အောင်တော့နေလို့ရပါတယ်။ နည်းလမ်းတွေကတော့

  • မီးနေသွေးဆင်းတဲ့အချိန်မှာ padပဲသုံးပါ။ Tamponမသုံးပါနဲ့။ အခန့်မသင့်ရင် ပိုးဝင်တတ်ပါတယ်။
  • ပွပွချောင်ချောင် အဝတ်အစားတွေပဲ ဝတ်ပါ။ အထူးသဖြင့် အတွင်းခံတွေပါ။ တတ်နိုင်ရင် မဝတ်ပါနဲ့။ ဝတ်ရင်လည်း သက်တောင့်သက်သာဖြစ်တာပဲ ရွေးတတ်ပါ။
  • သက်တောင့်သက်သာ အနားယူပါ။ မီးတွင်းမှာ ပင်ပင်ပန်းပန်းအလုပ်တွေမလုပ်ပါနဲ့။ ဒါက သင့်ခန္ဓာကိုယ်ရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ထိခိုက်စေပါတယ်။
  • သွေးဆင်းတာ များလွန်းရင်ပဲဖြစ်ဖြစ်၊ သွေးခဲတွေကြီးလွန်းရင်ပဲဖြစ်ဖြစ်၊ အနံ့ဆိုးတွေထွက်ရင်ပဲဖြစ်ဖြစ် ဆရာဝန်နဲ့ပြသပါ။.

ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြကြမလဲ။

  • တစ်နာရီအတွင်းမှာ padတွေ ခဏခဏလဲနေရရင်
  • တစ်ပတ်လောက်ကြာတဲ့အထိ သွေးဆင်းများနေတုန်းပဲဆိုရင်
  • ပိုးဝင်တယ်လို့ ယူဆရင်
  • ချမ်းတုန်ဖျားရင်
  • ဗိုက်အောင့်ရင်
  • ခေါင်းမူးရင်
  • ရင်တုန်ရင် ဆရာဝန်နဲ့ ပြသပါ။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-pregnancy-weight-gain]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.whattoexpect.com/pregnancy/symptoms-and-solutions/postpartum-bleeding.aspx

https://www.healthline.com/health/pregnancy/is-postpartum-bleeding-normal

ယခုပုံစံ

11/07/2022

Dr. Htet Htet Zaw Win မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ရိုးရိုးမွေးရန် ပြင်ဆင်ခြင်း

မီးနေသည် ကိုပြုစုစောင့်ရှောက်ခြင်း


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ
Logo

Helloဆရာဝန်အနေဖြင့် ပိုမို ကျန်းမာပျော်ရွှင်စေဖို့ နှင့်ကျန်းမာရေးနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် စိတ်ချရသော ကျန်းမာရေး အချက်အလက်များကို ထောက်ပံ့ပေးသည့် ယုံကြည်စိတ်ချရသော ကျန်းမာရေး စောင့်ရှောက်ပေးသူ ဖြစ်ချင်ပါတယ်။

FOLLOW US

Logo SocialLogo SocialLogo SocialLogo Social

HELLO SAYARWON

ကျန်းမာရေး ဆောင်းပါးများကျန်းမာရေး ကိရိယာများ

သတင်းအချက်အလက်

ကျွန်ုပ်တို့အကြောင်းကိုယ်ရေးအချက်အလက်စောင့်ထိန်းခြင်းမူဝါဒကြော်ငြာနှင့် စပွန်ဆာ လက်ခံခြင်းဆိုင်ရာ မူဝါဒတည်းဖြတ်ခြင်းနှင့် ပြင်ဆင်ခြင်းဆိုင်ရာမူဝါဒဝဘ်ဆိုက်အသုံးပြုမှု စည်းမျဉ်းများ

Hello Health

Hello Health အကြောင်း

Country FlagCountry FlagCountry FlagCountry FlagCountry FlagCountry FlagCountry FlagCountry Flag
DMCA Icon
© 2025 Hello Health Group Pte. Ltd. All Rights Reserved. Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။