backup og meta

ကိုယ်ဝန် နှင့် ချော်လဲခြင်း/လိမ့်ကျခြင်း ဆောင်ရန် ရှောင်ရန်များ

ကိုယ်ဝန်ဆောင်နေစဉ်ကာလမှာ ဝမ်းဗိုက်ထဲမှ ပိုနေသော အလေးချိန်တွေ၊ ဟော်မုန်းပြောင်းလဲတာတွေနဲ့ Center of Gravity ( ကမ္ဘာဆွဲအားတည်ချက်) ပြောင်းလဲတာတွေဖြစ်နိုင်တဲ့အပြင် ဒါတွေက အဆစ်တွေနဲ့ ကြွက်သားတွေကိုလျော့ရဲသွားစေပြီး လဲကျတာမျိုးကို မကြာခဏဖြစ်စေတတ်ပါတယ်။ တကယ်တမ်းတော့ Maternal Child Health Journal (မိခင်နှင့် ကလေးကျန်းမာရေး ဂျာနယ်) (2010) မှာပါဝင်တဲ့ kari Dunningရဲ့ တင်ပြချက်အရတော့ ၂၇%သော မိခင်လောင်းတွေဟာ ကိုယ်ဝန်ဆောင်နေစဉ် အနည်းဆုံးတော့ တစ်ကြိမ်တစ်ခါလောက် လဲကျဖူးတာပါပဲတဲ့။ Cincinnati စင်စီနတီ တက္ကသိုလ်ရဲ့ လေ့လာချက်တစ်ရပ်မှာလည်း ဒီလိုလဲကျမှုတွေဟာ 29%သော ကိုယ်ဝန်ဆောင်စဉ် ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိမှုတွေရဲ့ တရားခံပါပဲလို့ ဖော်ပြထားပါတယ်။

ကိုယ်ဝန် နှင့် ချော်လဲခြင်း/လိမ့်ကျခြင်း ဆောင်ရန် ရှောင်ရန်များ

ကိုယ်ဝန်ဆောင်ကာလ အစောပိုင်း

နည်းနည်းလေးချော်ကျလိုက်တာနဲ့တော့ အရမ်းကာရောကြီး ထိတ်လန့်နေစရာမလိုပါဘူး။ ဘာကြောင့်လဲဆိုတော့ သင့်ခန္ဓါကိုယ်က သန္ဓေသားကို ကာကွယ်ဖို့အတွက် သားအိမ်နံရံအထူကြီးတွေ၊ ရေမြွှာရေတွေနဲ့ ကူရှင်အဖြစ် တည်ဆောက်ထားလို့ပါပဲ။ ကိုယ်ဝန်အစောပိုင်းကာလမှာ သားအိမ်ဟာ တင်ပါးဆုံရိုးအတွင်းမှာပဲ ရှိနေပါသေးတယ်။ ဒါက ပိုပြီးလုံခြုံစိတ်ချရပါတယ်။ ဒါကြောင့်သင်ကတကယ်လို့ ကိုယ်ဝန်ပထမ၃လအတွင်းမှာ လဲကျခဲ့တယ်ဆိုရင် သင့်ကလေးဘာမှမဖြစ်ဖို့ ရာနှုန်းများပါတယ်။

ကိုယ်ဝန်သက် ရင့်လာသောအခါ..

ဒါပေမယ့် ကိုယ်ဝန်ဆောင်ကာလရဲ့ နောက်ဆုံးရက်သတ္တပတ်တွေလောက်မှာ လဲကျခဲ့တယ်ဆိုရင် ဒါဟာ စောစောမွေးဖွားရဖို့ဖြစ်လာနိုင်ပါတယ်။ လဲကျပြီးတဲ့နောက် နာကျင်မှုတွေခံစားလာရတယ် ဒါမှမဟုတ် မိန်းမကိုယ်ကနေ သွေးတွေဆင်းလာမယ်၊ ရေမြွှာပေါက်လာမယ်၊ သားအိမ်ညှစ်လာမယ် (ကြုံ့လာမယ်) ဆိုရင် ချက်ချင်း ဆေးကုသမှုခံယူပါ။ သန္ဓေသားထိခိုက်သွားခဲ့ရင် ဒီအဖြစ်ဟာ အချင်းကွာခြင်းတွေကိုတောင်ဖြစ်စေနိုင်ပါတယ်။ ပြင်းထန်တဲ့ကိစ္စရပ်တွေမှာ ရက်မစေ့ဘဲမွေးဖွားရခြင်းတွေဖြစ်စေနိုင်ပြီး ပိုပြီးဆိုးတဲ့အခြေအနေတွေမှာတော့ မိခင်ရော သန္ဓေသားပါ သေဆုံးသွားနိုင်ပါတယ်။

ဒါကိုစိုးရိမ်ကြောက်ရွံ့နေသင့်သလား။

ရက်မစေ့ဘဲ မွေးဖွားခြင်းဟာ သိပ်မပြင်းထန်တဲ့ ဝမ်းဗိုက်ဒဏ်ရာရမှုကြောင့်ဖြစ်လေ့ရှိပြီး များသောအားဖြင့် ကောင်းကောင်းအနားယူခြင်းနဲ့ ရေဓါတ်ဖြည့်ခြင်းတို့ ပြုလုပ်ရလေ့ ရှိပါတယ်။ မပြင်းထန်တဲ့ အချင်းကွာခြင်းတွေဟာ ကုသမှုမခံယူရဘဲ ဖြည်းဖြည်းချင်း ပျောက်ကင်းသွားနိုင်ပါတယ်။ ပြင်းထန်တဲ့ ဒဏ်ရာတွေကတော့ အချင်းရဲ့ အဓိကတွယ်ဆက်ကြောင်းကို ထိခိုက်စေနိုင်တာကြောင့် ချက်ချင်းမွေးဖွားလိုက်ရတာမျိုးတွေဖြစ်နိုင်ပါတယ်။ တကယ်လို့ မွေးဖွားပြီးရင်တောင်မှ သွေးဆင်းနေဆဲဆိုရင်တော့ ဆရာဝန်က သားအိမ်ထုတ်ခြင်း သို့မဟုတ် သားအိမ်ခြစ်ခြင်း ( Hysterectomy) ကို လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။

လဲကျခြင်းဆိုတာကတော့ မိခင်လောင်းတိုင်းကို ခြောက်လှန့်နေတတ်တာပါပဲ။ အသာအယာလဲကျတာဟာ သင့်ကလေးကို မထိခိုက်စေနိုင်ဘူးဆိုတာ ယုံကြည်လိုက်ပါ။ တကယ်လို့သင်က မတော်တဆမှုကို ကာကွယ်လို့မရဘူးဆိုရင်တောင် ထိခိုက်ဒဏ်ရာတွေလျော့နည်းသွားစေဖို့အတွက် ပတ်ဝန်းကျင်ကို သတိကြီးကြီးထားပါ။ ဥပမာ ချိုင့်ခွက်တွေရှိနေတာနဲ့ ချောကျိတဲ့ မျက်နှာပြင်တွေကိုပေါ့။ သင်နှစ်သက်လှပါတယ်ဆိုတဲ့ ဒေါက်မြင့်တွေကို လွှင့်ပစ်လိုက်ပါ။ ပါးလွှာပြီး အထောက်အပံ့ဖြစ်စေနိုင်မယ့် ရှူးတွေစီးပါ။ လှေကားတက်ရဖို့လိုအပ်လာပြီဆိုရင် လှေကားလက်ရန်းတွေကို သေချာတင်းကြပ်နေအောင်ကိုင်ပြီး ဖြည်းဖြည်းချင်းတက်ပါ။ အကူအညီလိုအပ်လာပြီဆိုလည်း လက်ကမ်းခိုင်းဖို့ ဘယ်တော့မှ တွေဝေမနေပါနဲ့။

Hello Health Group မှ အခြားသောဆေးဘက်ဆိုင်ရာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများ၊ ကုသမှုများမပေးပါ။

[embed-health-tool-pregnancy-weight-gain]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Dunning, K., LeMasters, G., & Bhattacharya, A. (2009). A Major Public Health Issue: The High Incidence of Falls During Pregnancy. Maternal And Child Health Journal, 14(5), page 720-725.

http://dx.doi.org/10.1007/s10995-009-0511-0

Trauma and Surgery During Pregnancy. http://www.brooksidepress.org/Products/OBGYN_Morning_Rounds/Afternoon_Lectures/Trauma_and_Surgery_During_Pregnancy.htm. Accessed August 18, 2016.

I’m pregnant and recently fell. Should I be worried?

http://www.mayoclinic.org/healthy-lifestyle/pregnancy-week-by-week/expert-answers/fall-during-pregnancy/faq-20119023. Accessed August 18, 2016.

ယခုပုံစံ

12/05/2020

Wathun Myat Chal မှ ရေးသားသည်။

Poe Ei Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုယ်ဝန်ဆောင်စဉ် ပါဗိုဗိုင်းရပ်စ်ရောဂါ (Fifth disease) ဖြစ်ခြင်း

စိတ်ကျန်းမာရေးနှင့် ကိုယ်ဝန်ပျက်ကျခြင်း



Wathun Myat Chal မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ