backup og meta

ကိုယ်ဝန်ဆောင်သည်များအတွက် အသားအရေထိန်းသိမ်းခြင်းနည်းလမ်း

မိခင်လောင်းများ အနေဖြင့် ကိုယ်ဝန်ဆောင်ချိန်တွင် စားသောက်ခြင်း၊ ရေချိုးခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ ခရီးသွားခြင်း စသည်တို့နှင့် ပက်သက်ပြီး ရှောင်သင့် လိုက်နာသင့်သည်များကို အတိုင်းအတာတခုအထိသိကြပါသည်။

ကိုယ်ဝန်ဆောင်သည်များအတွက် အသားအရေထိန်းသိမ်းခြင်းနည်းလမ်း

သို့သော် ကိုယ်ဝန်ဆောင်ချိန်တွင် မိတ်ကပ်နှင့် အလှအပရေးရာနှင့် ပက်သက်ပြီး လိုက်နာသင့်သည်များကို သိပါသလား။ သင်နေ့စဉ်သုံးနေသော မိတ်ကပ်ပစ္စည်းများနှင့် အရေပြားထိန်းသိမ်းသော ပစ္စည်းများသည် သင့်ဗိုက်ထဲမှကလေးကို ကြီးမားစွာသက်ရောက်နိုင်ကြောင်း သိပါသလား။

အောက်ပါတို့သည် ကိုယ်ဝန်ဆောင်မိခင်များ လိုက်နာသင့်သော အရေပြားဆိုင်ရာ အကြံပေးချက်များဖြစ်ပါသည်။

အလှအပ အတွက်နေ့စဉ်သုံးပစ္စည်းများထဲတွင် မပါသင့်သော အရာများ

ခဲ

ခဲသည် အလှကုန်များထဲတွင် အများဆုံးပါသော ပစ္စည်းဖြစ်ပြီး ယင်းသည် ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်စေသော အဆိပ်အတောက်တခု ဖြစ်ပါသည်။ ထို့ကြောင့် ခဲသည် နှစ်တစ်နှစ်တွင်သန်းနှင့်ချီသော မျိုးမအောင်ခြင်း၊ အလိုအလျောက် ကလေးပျက်ကျခြင်းတို့၏ တရားခံဖြစ်လာပါသည်။

ကိုယ်ဝန်ဆောင်ချိန်တွင် ခဲ နှင့် ထိတွေ့ခြင်းကြောင့် ပေါင်မပြည့်ဘဲမွေးဖွားခြင်း နှင့် မွေးကင်းစကလေးတွင် မွေးရာပါချို့ယွင်းချက်များဖြစ်ခြင်းတို့ဖြစ်လာနိုင်ပါသည်။

Triclocarban

ဆပ်ပြာများ၊ သွားတိုက်ဆေးများ နှင့် ဘက်တီးရီးယားသေဆေးများတွင် Triclocarban နှင့် တွဲပြီးပါဝင်သော Triclosan သည် လူတို့တွင် ဟော်မုန်းဓါတ်များဖြစ်စဉ်ကို အနှောင့်အယှက်ပေးသာ ဓါတုပစ္စည်း တစ်မျိုးဖြစ်သည်။

ထို့ပြင် ယင်းသည် သန္ဓေသားတွင် ဟော်မုန်းနှင့် ဆိုင်သော ၊ စိတ်နှင့်ဆိုင်သော မူမမှန်မှုများကို ဖြစ်စေပြီး ပေါင်မပြည့်ဘဲမွေးဖွားမှုကို ဖြစ်စေပါသည်။ ၂၀၁၀ တွင် လေ့လာမှုများအရ Triclosan သည် သန္ဓေသားဆီသို့ Oestrogen ရောက်ရှိမှုကို ကြန့်ကြာစေကြောင်းတွေ့ရသည်။

Parabens (propyl, butyl, isopropyl, isobutyl, and methyl parabens)

Parabens သည် ကနေ့ခေတ်တွင်ရှိသော ၉၀% ကျော်သော အလှကုန်ပစ္စည်းများတွင် ကြာရှည်ခံဆေးအဖြစ် ထည့်သွင်းထားပါသည်။ အထက်ဖော်ပြပါပစ္စည်းကဲ့သို့ပင် Parabensသည်လည်း oestrogen ဟော်မုန်းဓါတ်ကို ပြောင်းလဲမှုဖြစ်စေပါသည်။

ယင်းသည် မိခင်တွင်ရှိသော ဟော်မုန်းများကို မျှခြေမညီအောင်ဖြစ်သွားစေပြီး ကလေးငယ်များတွင် တိုးတက်မှုဖြစ်စဉ်များနှင့် လုပ်ငန်းဆောင်တာများကို အနှောက်အယှက်ဖြစ်စေပါသည်။ ၂၀၁၅ လေ့လာမှုများအရ ၉၅% သော မွေးကင်းစကလေးများ၏သွေးထဲတွင် Parabens ကိုတွေ့ရပြီး ယင်းအနက် တဝက်သော ကလေးများသည် မိခင်ထံမှ ရရှိကြောင်းတွေ့ရသည်။

Salicylic acid (BHA) နှင့် BHT

BHA နှင့် BHTများသည် အလှကုန်ပစ္စည်းများကို ကြာရှည်ခံအောင်သုံးသော ပစ္စည်းများဖြစ်ကြပြီး ယင်းတို့သည် ကင်ဆာဖြစ်စေနိုင်သည်။ BHA ကို ဝက်ခြံကုသရန်နှင့် အရေပြားရှိ ချွေးပေါက်များကို သန့်စင်ရန်သုံးကြသည်။

ပါးစပ်မှ အက်ဆစ်ဓါတ်များကို ဆေးပမာဏလွန်ကဲစွာ သောက်သုံးခြင်းသည် ကိုယ်ဝန်ဆောင်ချိန်တွင် ဆိုးကျိုးများကိုဖြစ်စေပြီး ကလေးများတွင်လည်း မွေးရာပါချို့ယွင်းချက်များကိုဖြစ်စေသည်။

BHA 2% အောက်ရောက်သော အသားအရေထိန်းပစ္စည်းများကို အသုံးပြုရန်စိတ်ချရသည်ဟုဆိုထားသော်လည်း ကိုယ်ဝန်ဆောင်များသည် ဖြစ်နိုင်လျှင့် BHA အစားAHA သုံးရန် ကျွမ်းကျင်ပညာရှင်များက ထောက်ခံထားပါသည်။

Retinol နှင့် Retinol ကို အခြေခံထားသော ပစ္စည်းများ

Retinol နှင့် Retinyl palmitate တို့သည် vitamin A ကိုအခြေခံထုတ်လုပ်ထားသော လူသိများသည့် ပစ္စည်း ၂ မျိုးဖြစ်ပြီး အရေးအကြောင်းများကို လျော့နည်းစေသော ဂုဏ်သတ္တိရှိသည်။

သို့သော် ထိုသို့အကျိုးသက်ရောက်မှုများရှိသော်လည်း Retinolသည် သတ်မှတ်ထားသော ပမာဏ ထက်ပိုသုံးမိလျှင် ကလေးများတွင် မွေးရာပါချို့ယွင်းချက်များကိုဖြစ်စေခြင်း၊ အသည်းကို အဆိပ်အတောက်ဖြစ်စေခြင်းတို့ကြောင့် Retinolကို မသုံးစွဲရန် တားမြစ်ထားပါသည်။

ကံကောင်းစွာဖြင့် ကနေ့ခေတ်အလှကုန်များသည် Retinol အစား Retinol နှင့် အာနိသင်တူသော vitamin C, glycolic acid, kojic acid နှင့် oestrogen ဓါတ်ထုတ်ထားသော ပဲပုပ်စေ့ တို့ပါဝင်ပြုလုပ်ထားကြောင်းတွေ့ရသည်။

[embed-health-tool-pregnancy-weight-gain]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Transplacental passage of antimicrobial paraben preservatives. https://www.ncbi.nlm.nih.gov/pubmed/25944699 Accessed January 14, 2017
Safe skin care during pregnancy http://newparent.com/mom/safe-skin-care-during-pregnancy Accessed January 14, 2017

ယခုပုံစံ

12/05/2020

Dr. K Zin Thwe မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Poe Ei Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မွေးရာပါနှလုံးရောဂါသည်တွေ ကိုယ်ဝန်ရနိုင်လား

ကိုယ်ဝန်ဆောင် ဆီးချိုကြောင့် အော်တစ်ဆင်ရောဂါ ဖြစ်လာနိုင်လား


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. K Zin Thwe မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ