ကိုယ်ဝန်ဆောင်နေစဉ်အတွင်းမှာ မိခင်လောင်းတွေဟာ စားစရာအချို့ကို ချဉ်ခြင်းတပ်နေတာမျိုး ဖြစ်နိုင်ပါတယ်။ အမျိုးမျိုးသော စားစရာတွေကို စားသုံးခြင်းဟာ ကလေးငယ်ကြီးထွားဖို့အတွက် လုံလောက်တဲ့အာဟာရဓါတ်တွေကိုရရှိစေပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ဆောင်နေစဉ်အတွင်းမှာတော့ သင်ကိုယ်တိုင်ရော သင့်ကလေးရဲ့ ကျန်းမာရေးကိုပါ ကာကွယ်ပေးနိုင်ဖို့ သင်လုံးဝကို မစားသင့်တဲ့အရာတွေ ရှိနေပါသေးတယ်။ အောက်ပါစာရင်းထဲမှာ ယုံကြည်စိတ်ချရတဲ့ လေ့လာသူတွေ တင်ပြထားတဲ့ ကိုယ်ဝန်ဆောင်တွေရှောင်ရှားသင့်တဲ့ စားစရာ၅မျိုးကိုဖော်ပြပေးထားပါတယ်။
Cheese (ချိစ့်)
ချိစ့်တွေဟာ အရသာထူးလှပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ဆောင်သည်တွေကတော့ Brie, Camembert, feta, Maxican style cheese တွေလို နူးညံ့တဲ့ချိစ့်တွေနဲ့ တူညီတဲ့ပုံစံတွေနဲ့ထုတ်လုပ်ထားတဲ့အခြားသော ချိစ့်တွေကိုလည်း ရှောင်ရှားသင့်ပါတယ်။ ဒါ့အပြင် Gorgonzola သို့မဟုတ် Roquefort တို့လို blue-veined cheese တွေကိုလည်း ရှောင်ရှားသင့်ပါတယ်။ အဆိုပါ ချိစ့်အမျိုးအစားတွေဟာ ထူးကဲတဲ့အရသာတွေရအောင် မှိုတွေနဲ့ပြုလုပ်ထားတာကြောင့် listeriosis ဖြစ်နိုင်တဲ့ ဘက်တီးရီးယားတွေမြောက်များစွာ ပါဝင်နေပါတယ်။
အရွယ်ရောက်ပြီးသူတွေမှာတော့ listeria infection ဟာ ဖြစ်ခဲပေမယ့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်အတွက်တော့ Listeria infection အပျော့စားလေးကတောင်မှ ကိုယ်ဝန်ပျက်ကျခြင်း သို့မဟုတ် ရက်မစေ့ဘဲမွေးခြင်းစတဲ့ ပြင်းထန်တဲ့ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သင့်ကလေးရဲ့ ကျန်းမာရေးအတွက် pasteurized milk နဲ့လုပ်ထားတဲ့ ချိစ့်တွေကိုသာ ရွေးချယ်ပါ။
ကြက်ဥအစိမ်း
Salmonella မဖြစ်စေဖို့အတွက် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ ကြက်ဥအစိမ်းတွေ သို့မဟုတ် ကြက်ဥစိမ်းပါဝင်တဲ့ ဘယ်လိုအစားအစာမျိုးကိုမဆို ရှောင်ကြဉ်သင့်ပါတယ်။ အချို့သော အိမ်လုပ်ဆော့စ်တွေ ဥပမာ မရောနိစ်၊ Caesar dressings, ရေခဲမုန့် သို့မဟတ် ကိတ်မုန့်တွေမှာလည်း ကြက်ဥအစိမ်းတွေပါတတ်တယ်မဟုတ်လား။ pasturized ကြက်ဥတွေကနေရပြီး စက်ရုံထုတ်ပစ္စည်းတွေဖြစ်တဲ့ Ice cream, မရောနိစ် နဲ့ dressings သို့မဟုတ် eggnog တွေကို ရွေးချယ်တာကတော့ Salmonella ရနိုင်ချေကနေ လျော့ကျသွားစေနိုင်ပါတယ်။
အခွံပါရေသတ္တဝါ အစိမ်းများ
Shellfish တွေဖြစ်တဲ့ ပြည်ကြီးငါး၊ ခရုနဲ့ ဂုံးတွေမှာ ကယ်လ်ဆီယမ်လယ်ဗယ် မြင့်မားစွာပါဝင်တာကြောင့် ဒါတွေဟာ သန္ဓေသားရဲ့ ဖွံ့ဖြိုးမှုအတွက်တော့ တကယ်ကောင်းတဲ့အရာတွေပါ။ ဒါပေမယ့် ကိုယ်ဝန်ဆောင်တွေကတော့ မချက်ပြုတ်ရသေးတဲ့ shellfish တွေကို စားသုံးခြင်းကိုရှောင်ကြဉ်သင့်ပါတယ်။ ဒါမှသာ ပင်လယ်စာကြောင့်ဖြစ်တဲ့ ရောဂါတွေကို ရှောင်ရှားနိုင်မှာပါ။ ချက်ပြုတ်ထားမှသာ shellfish မှာပါဝင်တဲ့ ဘက်တီးရီးယားအချို့ကို ဖျက်ဆီးပစ်နိုင်တာပါ။ ဒါပေမယ့် အချို့ဘက်တီးရီးယားတွေက မြင့်မားတဲ့အပူချိန်ကိုတောင် အံတုပြီး ကျန်ရှိနေနိုင်ပါသေးတယ်။ ဒါကြောင့် ကလေးမမွေးဖွားမီအချိန်ထိ shellfish တွေကို ရှောင်လိုက်တာက အကောင်းဆုံးပါပဲ။
ကြပ်တိုက်ငါး
ကြပ်တိုက်ငါးတွေ သို့မဟုတ် ကြပ်တိုက်ထားတဲ့ပင်လယ်စာတွေမှာတော့ ပုံမှန်အားဖြင့် Listeria ပမာဏများပြားစွာ ပါဝင်လေ့ရှိပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးအများစုဟာ ဒီလိုငါးအများစုကို မဝယ်ဘဲမနေနိုင်ကြပါဘူး။ တကယ်လို့ ဒီငါးတွေကိုမရှောင်နိုင်ဘူးဆိုရင်တော့ မစားမီ သေချာချက်ပြုတ်ဖို့ မမေ့ပါနဲ့။
အသားစိမ်း
အသားစိမ်း သို့မဟုတ် မကျက်တကျက်အသားတွေဟာ ပုံမှန်အားဖြင့်တော့ အဓိကဟင်းလျာတွေအဖြစ် စားသုံးလေ့ရှိကြတာပါ။ ဥပမာအားဖြင့် Pho သို့မဟုတ် Beefsteak တွေလိုပေါ့။ ဒါပေမယ့် ကိုယ်ဝန်ဆောင်တွေကတော့ အသားစားတဲ့အချိန်မှာသတိထားသင့်ပါတယ်။ ဒါမှမဟုတ် ပန်းရောင်ဖြစ်နေသေးတဲ့အသားတွေ သွေးပါနေသေးတဲ့အသားတွေကို ရှောင်သင့်ပါတယ်။ Sausages တွေ၊ Salami, chorizo, pepperoni, ham သို့မဟုတ် ကြိတ်သားတွေစတာတွေဟာ ချက်ပြုတ်ခဲပြီး ဒီတိုင်းစားတာများတာကြောင့် ကိုယ်ဝန်ဆောင်တွေအတွက် ကပ်ပါးပိုးတွေဖြစ်နိုင်တဲ့ ဘက်တီးရီးယားတွေ ပါရှိနိုင်ပါတယ်။
နိဂုံးအားဖြင့် မိခင်လောင်းတွေဟာ ဗီတာမင် အေ သို့မဟုတ် မာကျူရီ မြင့်မားစွာပါဝင်တဲ့စားစရာတွေကို ရှောင်ကြဉ်သင့်ပါတယ်။ ဒါတွေက ကလေးအတွက် အန္တရာယ်ကြီးတဲ့ ကျန်းမာရေးပြဿနာတွေကို သယ်လာနိုင်ပါတယ်။ သူတို့ဟာ Salmoella သို့မဟုတ် Listeriosisအဆိပ်သင့်ခြင်း စတာတွေဖြစ်စေနိုင်ပါတယ်။ တကယ်လို့သင်က ဘယ်စားစရာကိုပဲ သင့်ရဲ့စားသောက်မှုပုံစံထဲထည့်ရမယ်ဆိုတာ ဝေခွဲမရဖြစ်နေခဲ့ရင် ဘာကစားသင့်တယ်၊ ဘယ်အရာကတော့စားသင့်ဘူး စတာတွေကို သေချာသိနိုင်ဖို့အတွက် အာဟာရပညာရှင် သို့မဟုတ် သင့်ရဲ့ဆရာဝန်ကို မေးကြည့်ပါ။
[embed-health-tool-pregnancy-weight-gain]

















