ကိုယ်ဝန်သည်အမျိုးသမီးတွေဟာ အခြားလူတွေလိုပဲ လိင်လမ်းကြောင်းမှတဆင့်ကူးစက်တတ်သောရောဂါများ ဖြစ်နိုင်ချေရှိပါတယ်။ အကယ်လို့ သင်ဟာကိုယ်ဝန်သည်မိခင်ဆိုပါက သင့်ကိုယ်သင်နှင့် သင့်ကလေးကို ကာကွယ်နိုင်ဖို့ ဒါတွေကိုသိထားသင့်ပါတယ်။
ကိုယ်ဝန်သည်အမျိုးသမီးတွေဟာ အခြားလူတွေလိုပဲ လိင်လမ်းကြောင်းမှတဆင့်ကူးစက်တတ်သောရောဂါများ ဖြစ်နိုင်ချေရှိပါတယ်။ အကယ်လို့ သင်ဟာကိုယ်ဝန်သည်မိခင်ဆိုပါက သင့်ကိုယ်သင်နှင့် သင့်ကလေးကို ကာကွယ်နိုင်ဖို့ ဒါတွေကိုသိထားသင့်ပါတယ်။

လိင်လမ်းကြောင်းမှ ကူးစက်တတ်သောရောဂါတွေဟာ ကိုယ်ဝန်ကိုအန္တရာယ်ပေးနိုင်ပါတယ်။ ဒါကြောင့် ပထမဆုံး ဆေးရုံသွားဗိုက်အပ်ကတည်းက စစ်ဆေးရှာဖွေဖို့လိုအပ်ပါတယ်။ တကယ်လို့ အရင်ကစစ်ထားဖူးရင်တောင်မှ ကိုယ်ဝန်ဆောင်စဉ်မှာ ထပ်စစ်ဖို့လိုပါတယ်။ ရောဂါတော်တော်များများက လက္ခဏာထင်ထင်ရှားရှားမပြနိုင်သေးခင်မှာ သင်ခံစားနေရတာများရှိပါက သို့မဟုတ် ရောဂါရနိုင်ခြေရှိတဲ့ ကာမစပ်ယှက်မှုမျိုးရှိခဲ့ဖူးပါက ဆရာဝန်ကို ဖွင့်ဟအသိပေးပြောပြဖို့က အရေးကြီးပါတယ်။
HIV- သင့်ကလေးဆီကို ကိုယ်ဝန်ဆောင်စဉ်၊ မီးဖွားနေစဉ် သို့မဟုတ် နို့တိုက်နေစဉ် ကူးစက်သွားနိုင်ပါတယ်။ ကံကောင်းစွာပဲ တကယ်လို့သင်က ရောဂါကိုစောစီးစွာသိရှိခဲ့ရင် ကလေးကိုကူးနိုင်ခြေနည်းအောင် ကာကွယ်နည်းတချို့ရှိပါတယ်။
ဒီအသည်းရောဂါတစ်မျိုးဟာဆိုရင် ကိုယ်ဝန်ဆောင်နေစဉ်မှာ သင့်ကလေးကိုကူးစက်သွားနိုင်ပါတယ်။ သင်ရောဂါရချိန်ဟာ မီးဖွားခါနီးချိန်နှင့် နီးကပ်လေလေ၊ ကူးနိုင်ခြေများလေလေဖြစ်ပါတယ်။ မွေးပြီးပြီးခြင်း ကုသမယ်ဆိုပါက ပျောက်ကင်းနိုင်ခြေရှိပါတယ်။
ဒီရောဂါဟာ နေ့မစေ့ လမစေ့မွေးဖွားခြင်း၊ ရေမြွှာစောစောပေါက်ခြင်းနှင့် ကလေးပေါင်မပြည့်ခြင်းတို့ ဖြစ်နိုင်ပါတယ်။ မွေးဖွားနေစဉ်မှာ သင့်ကလေးကို ဒီရောဂါ ကူးသွားနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်စဉ် ကာလသားရောဂါဟာ နေ့မစေ့လမစေ့မွေးခြင်း၊ အသေမွေးခြင်း၊ တစ်ခါတရံ မွေးမွေးပြီးချင်းကလေးသေခြင်း တို့ဖြစ်စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်နေစဉ်မှာ ကလေးထံကူးနိုင်ပြီး အသက်ရှင်လျက် မွေးလာသောကလေးကို မကုသပါကလည်း အင်္ဂါအစိတ်အပိုင်း တော်တော်များများ ထိခိုက်သွားစေနိုင်ပါတယ်။
ကာလသားရောဂါနှင့် ကလက်မိုင်းဒီးယား (Chlamydia) တို့ကို ပဋိဇီဝဆေးများနှင့် ကုသနိုင်ပါတယ်။ ဗိုင်းရပ်စ်ကြောင့်ဖြစ်သော HIV ၊ အသည်းရောင်အသားဝါ ဘီ နဲ့စီ တို့မှာမူ ကုသရန်ဆေးမရှိဘဲ ဗိုင်းရပ်စ်သတ်ဆေးများဖြင့် ကလေးထံကူးစက်နှုန်းကိုတော့ လျှော့ချနိုင်ပါတယ်။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။