brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ရေထဲတွင်မီးဖွားခြင်း

ရေထဲ၌မီးဖွားခြင်းဆိုတာ ရေနွေးနွေးထည့်ထားတဲ့ ရေချိုးကန်ထဲမှာ ကလေးမီးဖွားတာပါ။ တချို့အမျိုးသမီးတွေက ရေထဲမှာမီးဖွားချင်ကြပါတယ်။

ရေထဲတွင်မီးဖွားခြင်း

ဒီနည်းလမ်းကိုအသုံးပြုလာရခြင်းကတော့ ကလေးဟာ မိခင်ဗိုက်ထဲတွင်ရှိစဉ်ကလည်း ရေမြွှာထဲမှအရည်များဝန်းရံပြီးနေတာဖြစ်တာကြောင့် မွေးလာကာစမှာ ၎င်းကဲ့သို့ဆင်တူတဲ့ပတ်ဝန်းကျင်က ကလေးအတွက်ပို၍သိမ်မွေ့သလို မိခင်အတွက်လည်းပိုသက်တောင့်သက်သာရှိစေလို့ပါ။

မိခင်အတွက်ဘယ်လိုအကျိုးရမလဲ

  • ရေနွေးနွေးလေးက သက်သောင့်သက်သာရှိစေပါတယ်
  • မီးဖွားမှုနောက်ဆုံးအဆင့်မှာ ရေဟာမိခင်အတွက် အားအင်တွေထောက်ပံ့ပေးနိုင်ပါတယ်။
  • ရေရဲ့ပစ္စည်းတွေကိုဖော့ပေးနိုင်သောတဲ့သတ္တိက မိခင်ရဲ့ကိုယ်အလေးချိန်ကိုလျော့သွားစေပြီး ပိုလွတ်လွတ်လပ်လပ်လှုပ်ရှားနိုင်၊ ပုံစံတွေပြောင်းရလွယ်ကူစေနိုင်ပါတယ်။
  • ထို့အပြင် ထိုဖော့နိုင်သောသတ္တိက သားအိမ်ကျုံ့ခြင်းကိုပိုကောင်းစေပြီး သွေးလည်ပတ်မှုလည်းကောင်းစေတာကြောင့် သားအိမ်ကြွက်သားတွေဆီ အောက်စီဂျင်များများရောက်ကာ မိခင်ကိုအနာသာစေ၍ ကလေးကိုအောက်စီဂျင်များများပေးနိုင်ပါလိမ့်မယ်။
  • ရေထဲတွက်စိမ်လိုက်ခြင်းက တခါတရံမှာ စိုးရိမ်စိတ်ကြောင့် သွေးပေါင်ကျသွားခြင်းကိုလည်း ကူညီပေးနိုင်တတ်ပါတယ်။ စိတ်ဖိစီးမှုကြောင့်ထွက်လာတတ်တဲ့ ဟောမုန်းတွေကိုလျှော့ကျစေပြီး မိခင်ကိုနာကျင်မှုလျော့ကျစေမယ့် အန်ဒေါ်ဖင်းလို့ခေါ်တဲ့ ဟော်မုန်းများလည်းထွက်စေပါတယ်။
  • ရေဟာမွေးလမ်းကြောင်းအဝကိုလည်း ပိုမိုဆန့်နိုင်ကျုံ့နိုင်အားကောင်းစေပြီး ဖြေလျော့ပေးနိုင်မှုကြောင့် စုတ်ပြဲခြင်းကိုလျှော့ချနိုင်ကာ မွေးလမ်းကြောင်းချဲ့ရခြင်းနှင့်ပြန်ချုပ်ရခြင်းတို့ကိုလည်း ရှောင်ရှားစေနိုင်ပါတယ်။
  • မီးဖွားနေတဲ့မိခင်ဟာ သက်တောင့်သက်သာနေနိုင်တဲ့အခါ စိတ်ပိုင်းဆိုင်ရာပါ သက်သက်သာသာရှိပြီး မွေးဖွားမှုဖြစ်စဉ်မှာပဲ ပိုအာရုံစိုက်နိုင်ပါလိမ့်မယ်။
  • ရေဟာ မိခင်ကိုပိုမိုစိတ်ချလုံခြုံမှုပေးနိုင်သောကြောင့် စိုးရိမ်ကြောင့်ကြမှုတွေ ကြောက်စိတ်တွေကိုပါလျော့ကျစေနိုင်ပါတယ်။

ကလေးအတွက်ကောင်းကျိုး

  • ရေမြွှာကဲ့သို့ဆင်တူသော ပတ်ဝန်းကျင်ကိုပေးစွမ်းနိုင်ပြီး
  • မွေးဖွားခြင်း၏ဖိစီးမှုကို လျှော့ချပေးသောကြောင့် စိတ်လုံခြုံမှုတက်စေပါလိမ့်မယ်။

ရေတွင်မီးဖွားခြင်း၏ဆိုးကျိုးတွေကဘာလဲ

သားဖွားမီးယပ်ကောလိပ်တစ်ခု၏ ဆောင်းပါးအရ ရေတွင်မီးဖွားခြင်းဟာ ရေကြောင့်သွေးကြောပိတ်ဆို့မှုကိုဖြစ်စေနိုင်လောက်တယ်လို့ ဆိုပါတယ်။ မိခင်ရဲ့သွေးလမ်းကြောင်းထဲကို ရေဝင်ပါကရရှိနိုင်ချေရှိပါတယ်။ ဗြိတိသျှဆေးဘက်ဆိုင်ရာဂျာနယ်တွေရဲ့ ၉၅% လောက်က ရေတွင်မီးဖွားခြင်းကို အန္တရာယ်ကင်းပါတယ်လို့ သေချာနေကြပေမယ့် ရေမွန်းနိုင်ချေကိုလည်းတွေ့နေရပါသေးတယ်။

တကယ်လို့ ကလေးဟာ မွေးလမ်းကြောင်းထဲမှာ ဖိစိးမှုခံစားနေရလို့ ဒါမှမဟုတ် ချက်ကြိုးထုံးနေတာ လိမ်နေတာမျိုးရှိနေလို့ အသက်ရှူလိုက်ရင်တော့ ရေတွေကိုရှူမိ၊ရေမွန်းတာမျိုးဖြစ်သွားနိုင်ပါတယ်။

ဒါပေမယ့် ဒါကဖြစ်တောင့်ဖြစ်ခဲကိစ္စတစ်ခုပါ။ ကလေးတွေဟာ လေကိုမထိတွေ့မချင်း အသက်မရှူကြပါဘူး။ သူတို့အသက်စမရှူသေးမချင်း ဒါမှဟုတ် ချက်ကြိုးကိုမဖြတ်သေးမချင်း လိုအပ်တဲ့အောက်စီဂျင်ကို ချက်ကြိုးကနေတဆင့် မိခင်ဆီကရနေလို့ပါ။

ဖြစ်နိုင်ချေအနည်းဆုံး အန္တရာယ်ကတော့ ကလေးကိုအလောတကြီး ရေမျက်နှာပြင်ပေါ်တင်လိုက်တဲ့အခါ ချက်ကြိုးကိုဆောင့်ဆွဲမိသလိုဖြစ်သွားမှာပါ။ ဒါကလည်း ကလေးကို မိခင်ရင်ခွင်ထဲထည့်ပေးရာမှာ ဂရုတစိုက်ပြုလုပ်ရင် ရှောင်ရှားလို့ရနိုင်တဲ့ကိစ္စပါ။

ဘယ်လိုမျိုးဆိုရင် ရေမှာမီးမဖွားရဘူးလဲ

  • တကယ်လို့သင့်မှာရေယုန်တွေရှိနေမယ်ဆိုရင် ရေထဲမှာမမွေးသင့်ပါဘူး၊ ရေယုန်ဟာ ရေထဲမှာဆို အလွယ်တကူပျံ့ပွားနိုင်လို့ပါ။ ထိုအကြောင်းကို သင့်ကျန်းမာရေးစောင့်ရှောက်သူနဲ့ သေချာဆွေးနွေးတိုင်ပင်သင့်ပါတယ်။
  • တကယ်လို့ကလေးအနေအထားတလွဲဖြစ်နေရင် – ရေထဲမှာမွေးဖွားခြင်းဟာ ကလေးက ခြေထောက်ဘက်ကစမွေးမယ့်အခြေအနေတွေမှာ ဆောင်ရွက်တာမှန်ပေမယ့် ဒီအချက်ကို ဆရာဝန်နဲ့သေချာပြောပြဆွေးနွေးတိုင်ပင်သင့်ပါတယ်။
  • တကယ်လို့သင်ကသွေးသွန်လွန်ပြီး ရောဂါတစ်ခုခုရှိနေရင်။တကယ်လို့ကလေးကအမြွှာများတဲ့အခါ – ကမ္ဘာအနှံ့မှာ နှစ်မြွှာပူးလေးတွေကို ရေထဲမှာအောင်မြင်စွာမွေးဖွားနေကြပေမယ့် ကျန်းမာရေးစောင့်ရှောက်သူနဲ့အရင်သေချာတိုင်ပင်သင့်ပါ။
  • အကယ်၍နေ့မစေ့ လမစေ့မွေးတဲ့အခါ – ကလေးကနေ့မစေ့ လမစေ့ဖြစ်နေတဲ့အခါ(၂ ပတ် သို့မဟုတ် ၂ ပတ်ထက်ပိုပြီးစောနေတဲ့အခါ) ရေမှာမမွေးသင့်ပါဘူး။
  • သူငယ်ချေးများတဲ့အခါ – ကလေးတွေရဲ့ သာမန်လောက်သောသူငယ်ချေးက ပုံမှန်ဖြစ်ပေမယ့် များပြီး ရေပေါ်ပေါ်လာတွေ့တာနဲ့ သင့်ကျန်းမာရေးစောင့်ရှောက်သူက ချက်ခြင်းသိကာ ဖယ်ပစ်တာပဲဖြစ်ဖြစ်၊ သင့်ကိုချက်ခြင်းရေကန်ထဲကထွက်ဖို့ကူညီတာဖြစ်ဖြစ် လုပ်သင့်ပါတယ်။
  • တကယ်လို့ကလေးကရေထဲမှာပဲရှိနေသေးရင် – သူငယ်ချေးတွေဟာကလေးပါးစပ်နဲ့နှာခေါင်းတွေကပါ ထွက်လာနိုင်သောကြောင့် မီးမဖွားခင် ရေညစ်ပတ်လာတာတွေ့ရင် မိခင်ဟာ တင်ပါးဆုံရိုးကို ရေနဲ့လွတ်အောင်မပြီးဖြစ်ဖြစ် မွေးဖွားနိုင်ပါတယ်။တကယ်လို့သင်ကကိုယ်ဝန်အဆိပ်သင့်တာရှိရင် – ဆရာဝန်နဲ့သေချာတိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ရေပူတွေ၊ ရေဝဲတွေက ကိုယ်ဝန်ဆောင်တွေအတွက် အန္တရာယ်များတယ်လို့ထင်ထားခဲ့တာလား????

ဒီကိစ္စကတော့ အပူချိန်ပေါ်မှာသက်ဆိုင်ပါလိမ့်မယ်။ တကယ်လို့ ရေကအရမ်းပူလွန်းနေရင် သင်နဲ့သင့်ကလေးကို ရေဓါတ်ခန်းခြောက်ခြင်းနဲ့ အပူလွန်ကဲခြင်းအန္တရာယ်တွေဖြစ်စေနိုင်ပါလိမ့်မယ်။ ဒါကြောင့် ရေအပူချိန်ကို ၃၇ဒီကရီဆဲလ်စီးယပ်စ်လောက်ပဲထားပြီး သင်ကလည်း ရေဓါတ်အမြဲဖြည့်တင်းနေသင့်ပါတယ်။ ဒါပေမယ့် မီးဖွားဖို့အတွက်ရေကန်လေးတွေကတော့ ဒီလိုပြဿနာကို ရှောင်ရှားနိုင်ဖို့ သေချာကိုပြင်ဆင်ထားပြီးသားပါ။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr.Aye Myat Myat Noe မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/05/2020 ဖြစ်ပါသည်။