
nitrous ရဲ့ ဂုဏ်သတ္တိဟာ လူနာရဲ့ နာကျင်မှုကို သက်သာစေပြီး oxygen ကတော့ သတိမေ့ခြင်း မဖြစ်အောင် ကာကွယ်ပေးပါတယ်။ Entonox ဟာ သူ့ရဲ့ အလွယ်တကူ အသုံးဝင်မှု၊ စိတ်ချရမှုနဲ့ အာနိသင် ပြမှု လျင်မြန်ခြင်းတွေကြောင့် လူသိများပါတယ်။
ဒါပေမယ့် Entonox ကို ရေရှည်အသုံးပြုခြင်းဟာ လူနာတွေမှာ ခေါင်းမူးခြင်းနဲ့ ပါးစပ်ခြောက်ခြင်းတွေကို ဖြစ်ပေါ်စေပါတယ်။ Entonox ဟာ ပုံမှန်အားဖြင့် ၂ – ၄ နာရီအထိ ကြာမြင့်နိုင်ပါတယ်။
မော်ဖင်း နဲ့ အလားတူစွာ Penthidine ဟာ အပျော့စားကနေ ပြင်းထန်တဲ့ နာကျင်မှုအမျိုးအစားတွေအထိ ကုသဖို့ အသုံးပြုတဲ့ လူလုပ်ဘိန်း၊ အနာသက်သာဆေး တစ်မျိုး ဖြစ်ပါတယ်။ ဒီဆေးကို ဆေးပြား၊ ဆေးရည်၊ အကြောတွင်း (သို့) ကြွက်သားတွင်း ထိုးရတဲ့ ဆေးအနေနဲ့ ရရှိနိုင်ပါတယ်။
ကလေးမွေးစဉ်မှာ ဒီဆေးကို မိခင်ရဲ့ ပေါင် (သို့) တင်ပါးကို ပုံမှန်အားဖြင့် ထိုးလေ့ရှိပါတယ်။ Penthidine ဟာ စိတ်ချရပြီး ဘေးထွက်ဆိုးကျိုး နည်းပါးတာကြောင့် မိခင်တွေအတွက် အများဆုံးအသုံးပြုတဲ့ ဘိန်းတစ်မျိုးဖြစ်ပါတယ်။
ဒါပေမယ့် Penthidine ရဲ့ အစွမ်းထက်မှုဟာ ကလေးမွေးစဉ်မှာ အသုံးပြုတဲ့ အခြားအနာပျောက်ဆေးတွေနဲ့ ယှဉ်ရင် ခဏသာ ခံပါတယ်။ ဒီဆေးဟာ အော့အန်ခြင်းကို တခါတရံဖြစ်စေတာကြောင့် ဆေးထိုးပြီးရင် အအန်ပျောက်ဆေးကိုပါ ပေးသင့်ပါတယ်။
Penthidine နဲ့ မော်ဖင်းတွေနဲ့ အလားတူတဲ့ ဘိန်းအမျိုးအစား တစ်မျိုးကတော့ meptid ပဲ ဖြစ်ပါတယ်။ Meptid ဟာ သူ့ရဲ့ ပျော့ပြီး ခဏတာသာ ခံတဲ့ အစွမ်းကြောင့် အသုံးနည်းပေမယ့် သူဟာ ဆေးစွမ်းပြဖို့ ပိုမို မြန်ဆန်ပြီး (အချိန် ၁၅ မိနစ်လောက်လာ ကြာမြင့်ပါတယ်) ကလေးရဲ့ အသက်ရှူနှုန်းကို ထိခိုက်မှု နည်းပါးပါတယ်။
မိခင်နို့အတွင်းမှာ ပါဝင်တဲ့ ဆေးပြင်းအားဟာ အခြားဆေးတွေနဲ့ ယှဉ်ရင် အလွန်နည်းပါးပါတယ်။ အချို့ဆေးရုံနဲ့ ကလေးမွေးတဲ့ ဌာနတွေဟာ နာကျင်မှု ပျောက်ကင်းဖို့အတွက် Meptid ကို ပေးလေ့မရှိပါဘူး။
ဒီလိုအခြေအနေမျိုးဆိုရင်တော့ Penthidine သို့ diamorphine ကို အနာသက်သာတဲ့ အစွမ်းရရှိဖို့ အသုံးပြုနိုင်ပါတယ်။
သဘာဝအတိုင်း ဆေးမကူတဲ့ ကလေးမွေးခြင်းဟာ မိခင်ရော ကလေးအတွက်ပါ ဆိုးကျိုးတွေ ရရှိခြင်း မရှိနိုင်ပါဘူး။ ဒါ့ပြင် မိခင်ဟာ သတိကောင်းကောင်းရှိတာမို့ ကလေးမွေးတဲ့ ဖြစ်စဉ်မှာ တက်ကြွစွာ ဆောင်ရွက်နိုင်ပါတယ်။
ဒါကြောင့် ဖြစ်နိုင်ရင် မိခင်ကို သဘာဝအတိုင်း ကလေးမွေးဖု့ိ အားပေးသင့်ပါတယ်။ အောက်ဖေါ်ပြပါ နည်းလမ်းတွေဟာ သဘာဝအတိုင်း ကလေးမွေးခြင်းကို ပိုမိုလွယ်ကူစေပါတယ်။