မီးဖွားပြီးနောက်သွေးသွန်ခြင်း (Postpartum haem orrhage – PPH) ဆိုသည်မှာ ကလေးမွေးဖွားပြီးစတွင် သွေးအလွန်ယိုစီးခြင်းဖြစ်ပြီး မိခင်သေနိုင်သည်အထိ ဖြစ်နိုင်ပါသည်။
မူလ မီးဖွားပြီးနောက်သွေးသွန်ခြင်းဆိုသည်မှာ မီးဖွားပြီး ၂၄ နာရီအတွင်း သွေးပမာဏ ၅၀၀ မီလီလီတာ (တစ်ပိုင့်) အထက် ဆုံရှုံးခြင်းကိုခေါ်သည်။ ၎င်းသည် အဖြစ်များပြီး အမျိုးသမီး ၁၀၀ လျှင် ၅ ယောက်ထိ ဖြစ်နိုင်ပါသည်။
အလွန်များစွာ သွေးယိုခြင်း (သွေး ၂ လီတာ သို့မဟုတ် ၄ ပိုင့်) ကတော့ သိပ်မဖြစ်တတ်ပါ။ အမျိုးသမီး ၁၀၀၀ မှ ၆ ယောက်လောက်သာ ဖြစ်တတ်ပါသည်။
တစ်ဆင့်ခံ မီးဖွားပြီးနောက်သွေးသွန်ခြင်းသည် မီးဖွားပြီး ၂၄ နာရီနောက်မှ ၁၂ ပတ်အတွင်း မိန်းမကိုယ်မှ မူမမှန်ပဲသွေးထွက်ခြင်း သို့မဟုတ် သွေးအများကြီးယိုခြင်းကို ဆိုလိုသည်။ ၎င်းသည် အမျိုးသမီး ၁၀၀ တွင် ၂ ယောက် ဖြစ်တတ်သည်။
ဒီရောဂါသည် အလွန့်အလွန်အဖြစ်များ၏။ အသက် ၃၅ ကျော်သော အမျိုးသမီးများတွင် ပိုအဖြစ်များ၏။ ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။
အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။
မီးဖွားပြီးနောက်သွေးသွန်ခြင်း ၏ အဖြစ်အများဆုံးရောဂါလက္ခဏာများမှာ
မီးဖွားပြီးနောက် အနီရောင်သွေးများ မိန်းမကိုယ်မှတစ်ဆင့် အလွန်များပြားစွာထွက်ခြင်း
ဗိုက်အောက်ပိုင်းနာခြင်း
ဖျားခြင်း
အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီ၌ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။
သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲမှ တစ်ခုခုများရှိနေမယ်ဆိုလျှင် သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုလျှင် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။ လူတိုင်း၏ခန္ဓါကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နှင့် တိုင်ပင်တာက အကောင်းဆုံးပါပဲ။
ဖြစ်ရပ်အများစုတွင် အစောပိုင်း မီးဖွားပြီးနောက်သွေးသွန်မှု ဖြစ်ပွားရခြင်းမှာ သားအိမ်သည် ၎င်း၏နံရံတွင်ရှိသော သွေးကြောများ ကျဉ်းစေရန်အတွက် လုံလောက်စွာ မညှစ်နိုင်တော့သောကြောင့် ဖြစ်သည်။
၎င်းသည် မွေးဖွားချိန်ကြာသည့်အခါတွင် သားအိမ်ကြွက်သားများ မောပမ်းသွားသောကြောင့်ဖြစ်နိုင်သည်။ အမွှာမွေးရခြင်းကြောင့်၊ ရေမွှာရေအလွန်များသောကြောင့်၊ ကလေးကြီးသောကြောင့် သားအိမ်အလွန်ကြီးထားခြင်းကြောင့်လဲ ဖြစ်နိုင်ပါသည်။
သားအိမ်ကျုံခြင်းအား နှောက်ယှက်နိုင်သည့် နောက်တစ်ချက်မှာ သားအိမ်ထဲတွင် ကင်ဆာမဟုတ်သည့် အလုံးများရှိခြင်း သို့မဟုတ် မီးဖွားပြီးနောက် အချင်းမကျခြင်း သို့ အချင်းကျန်နေခြင်းတို့ကြောင့်လဲ ဖြစ်နိုင်ပါသည်။
မီးဖွားပြီးနောက်သွေးသွန်ခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေသော အကြောင်းရင်းများစွာရှိပါသည်။ ဥပမာအားဖြင့်
အရင်ကိုယ်ဝန်များတွင် မီးဖွားပြီးနောက်သွေးသွန်မှု ဖြစ်ဖူးခြင်း
ခန္ဓါကိုယ်အလေးချိန်ကိန်းညွှန်း BMI – ၃၅ ထက် ကျော်နေခြင်း
ကလေး လေးယောက်နှင့်အထက် မွေးထားခြင်း
နှစ်မွှာ သုံးမွှာ ကိုယ်ဝန်ဆောင်ထားခြင်း
တောင်အာရှမျိုးနွယ်စုများ
အချင်းသည်သားအိမ်အောက်နားတွင်တည်နေခြင်း (Placenta praevia)
အချင်းစောကွာခြင်း (Placental abruption)
ကိုယ်ဝန်ဆိပ်သင့်မလိုဖြစ်ခြင်း သို့မဟုတ် ကိုယ်ဝန်ဆောင်သွေးတိုးခြင်း
သွေးအားနည်းခြင်း
ဗိုက်ခွဲမွေးခြင်း
မီးဖွားစေရန် ဆေးဖြင့်လုပ်ရခြင်း
အချင်းကပ်ခြင်း
မွေးလမ်းကြောင်းချဲ့ရခြင်း (မွေးဖွားရ လွယ်ကူစေရန် မိန်းမကိုယ်ကိုခွဲပစ်ရခြင်း)
ညှပ်ဆွဲ သို့ စုပ်ခွက်နှင့်ဆွဲမွေးရခြင်း
မီးဖွားချိန် ၁၂ နာရီထက်ပိုကြာခြင်း
ကလေးကြီးခြင်း (၄ ကီလိုထက်ပိုခြင်း)
အသက်လေးဆယ်ကျော်မှ ပထမဆုံးကလေး မီးဖွားခြင်း
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
သင်ဆေးရုံတက်မီးဖွားနေခြင်းမဟုတ်ပါက ချက်ချင်း ဆေးရုံတက်ရပါမည်။ သွေးလန့်ခြင်းရှိမရှိသိရန် သင်၏ သွေးပေါင်ချိန်နှင့် သွေးခုန်နှုန်းကို စမ်းသပ်နေရမည်ဖြစ်သည်။
အစောပိုင်း မီးဖွားပြီးနောက်သွေးသွန်ခြင်းဖြစ်လာပါက ဆရာဝန်သည် သင့်ဗိုက်အောက်ပိုင်းကိုစမ်းပြီး သားအိမ်ကျုံ့မကျုံ့ စစ်ဆေးပါလိမ့်မည်။ အချင်းကုန်မကုန် အချင်းကိုလဲ စစ်ဆေးပါမည်။
သားအိမ်ကျုံ့သော်လည်း သွေးဆက်ထွက်နေလျှင် သင့်သားအိမ်ခေါင်းနှင့် မိန်းမကိုယ်ကို စစ်ဆေးပါမည်။ ဒီလိုစစ်ဆေးရန် မေ့ဆေးပေးပြီးလည်းကောင်း ခါးရိုးထုံဆေးဖြင့်လည်းကောင်း လုပ်ဆောင်နိုင်သည်။
နောက်ကျသော မီးဖွားပြီးနောက်သွေးသွန်ခြင်းဖြစ်ပါက ဆရာဝန်သည် တီဗီဓါတ်မှန်ကြည့်ရန် စီစဉ်မည်ဖြစ်ပြီး မိန်းမကိုယ်ထဲသို့ ဓါတ်မှန်ရိုက်သည့်အချောင်းကို ထည့်ကာ သားအိမ်းတွင်း၌ အချင်းကျန်မကျန် စစ်ဆေးနိုင်သည်။
မိန်းမကိုယ်အား ဂွမ်းစနှင့်သုတ်၍ ပိုးကူးစက်မှုရှိမရှိသိရန် စစ်ဆေးကောင်း စစ်ဆေးနိုင်ပါသည်။
အစောပိုင်း မီးဖွားပြီးနောက်သွေးသွန်ခြင်းသည် သားအိမ်မကျုံ့နိုင်ခြင်းကြောင့်ဆိုပါက သားအိမ်ကျုံ့ခြင်းကို အထောက်အကူပြုသောဆေး ထိုးပေးနိုင်သည်။ သင့်ဆရာဝန်မှ ဗိုက်ကို နှိပ်နယ်ခြင်းလဲ ပြုပေးနိုင်သည်။ ထိုသို့မှ အလုပ်မဖြစ်လျှင် နောက်ထပ်ဆေးများ ထပ်ပေးပြီး သားအိမ်ညှစ်ရန် ပြုလုပ်ပါလိမ့်မည်။
သွေးဆက်ထွက်နေပါက ခွဲစိတ်ကုသမှု လိုကောင်းလိုနိုင်ပါသည်။ အလွန်ရှားသော ဖြစ်ရပ်မျိုးတွင် သားအိမ်ထုတ်ရန် လိုကောင်းလိုနိုင်ပါသည်။ အချင်းကပ်ခြင်းကြောင့် သွေးသွန်သည်ဆိုပါက မိန်းမကိုယ်မှတစ်ဆင့် ကပ်နေသောအချင်းအား လက်နှင့်နှိုက်ခွာပါလိမ့်မည်။
သားအိမ်ခေါင်း သို့ မိန်းမကိုယ်တွင်ရှိသော အပေါက်အပြဲများမှ သွေးသွန်ခြင်းဆိုလျှင် ချုပ်ပေးပါလိမ့်မည်။
နောက်ပိုင်း မီးဖွားပြီးနောက်သွေးသွန်ခြင်းသည် ကူးစက်ပိုးကြောင့်ဆိုပါက ပဋိဇီဝဆေးများကို ပေးပါလိမ့်မည်။ သွေးဆင်ထွက်နေလျှင် ခွဲစိတ်မှုလုပ်ကောင်း လုပ်ရနိုင်ပြီး သားအိမ်အားစစ်ဆေးခြင်း ကျန်နေသည့် အချင်းအပိုင်းအစများကို ဖယ်ပါလိမ့်မည်။ မီးဖွားပြီးနောက်သွေးသွန်ခြင်းကြောင့် ဆုံးရှုံးသွားသောသွေးများကို အစားထိုးရန် သွေးသွင်းရပါမည်။
အရည်အသွေးမြင့်သော လေ့လာမှုများတွင် မီးဖွားစဉ်အဆင့် ၃ (သားအိမ်ချသည့်အဆင့်) တွင် Active management (အချင်းအား ဆေးသုံးပြီး လက်အားနှင့် ထိန်းပြီးချခြင်း) လုပ်လျှင် မီးဖွားပြီးနောက်သွေးသွန်ခြင်းဖြစ်နိုင်ချေ ပြင်းထန်နိုင်ချေကို လျော့ချပေးကြောင်း သက်သေပြထား၏။
Active Management ဆိုသည်မှာ သားအိမ်ညှစ်ဆေးများ (Oxytocin ပိုကောင်းသည်)အား မီးဖွားပြီးချင်း ထိုးပြီး စောလျှင်စွာ ချက်ကြိုးအား ညှပ်ပြီး ဖြတ်ပစ်ခြင်းနှင့် သားအိမ်ကျုံ့သည်နှင့် အချင်းအား ညှင်သာစွာ ဆွဲထုတ်ခြင်းတို့ ပေါင်းစပ်ခြင်းကိုဆိုလိုသည်။
အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့်အိမ်သုံးကုထုံးများက သင့်အနေဖြင့် မီးဖွားပြီးနောက်သွေးသွန်ခြင်း ကိုကုသတဲ့နေရာနှင့် လိုက်လျောညီထွေဖြစ်အောင်နေသောနေရာများတွင် အကူအညီပေးနိုင်ပါသည်။
သံဓါတ်အားဖြည့်ဆေး – သံဓါတ်အားဖြည့်ဆေးသောက်ထားလျှင် မီးဖွားပြီးနောက်သွေးသွန်ခြင်းဖြစ်ပါက သွေးသွင်းရနိုင်ချေ လျော့နည်းနိုင်ပါသည်။ တစ်ချို့ သွေးအားနည်းရောဂါရှိသော အမျိုးသမီးများတွင် သံဓါတ်အားဖြည့်ဆေးများကို ကြိုပေးထားရနိုင်သည်။
ဆရာဝန်နှင့် ဗိုက်အပ်ပါ။ အရင်တစ်ခါ ခွဲမွေးထားလျှင် ခွဲရာအမာရွတ်ပေါ်တွင် အချင်းကပ်နေမှုရှိမရှိ စစ်ဆေးထားရန် အရေးကြီးပါသည်။
အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုလျှင် သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ