brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

မီးဖွားချိန် ကြုံရတတ်တဲ့ ကလေးရေမြွှာညစ်ရေ မွန်းခြင်း( meconium aspiration syndrome)

မီးဖွားချိန် ကြုံရတတ်တဲ့ ကလေးရေမြွှာညစ်ရေ မွန်းခြင်း( meconium aspiration syndrome)

မီးဖွားချိန် ကြုံရတတ်တဲ့ ကလေးရေမြွှာညစ်ရေ မွန်းခြင်း( meconium aspiration syndrome)

meconium aspiration syndrome ဆိုတာ မီးဖွားချိန် ကလေးက ရေမြွှာညစ် မွန်းသွားပြီး ထွက်လာတဲ့ကလေး အသက်ရှူလို့မရတဲ့ ပြဿနာကို ပြောတာဖြစ်ပါတယ်။ ရေမြွာညစ်ရေလို့ ပြောရခြင်း အကြောင်းအရင်းမှာ ရေမြွှာရေထဲ ကလေးရဲ့ မစင်တွေပါနေပြီး မီးဖွားချိန်ဒီရေကို ကလေးက ရှူမိကာ ရေမြွှာညစ်ရေတွေ အဆုတ်ထဲ ဝင်သွားရခြင်းဖြစ်ပါတယ်။

Meconium ဆိုတာ မီးဖွားပြီးပြီးချင်း နို့တောင်မတိုက်ရသေးတဲ့အချိန် ကလေးဆီက ထွက်လာတဲ့ မစင်ကိုပြောတာဖြစ်ပါတယ်။ မီးဖွားရခက်နေတာ မီးဖွားချိန် ကြာနေတဲ့ အခါမျိုးတွေမှာ မွေးလမ်းကြောင်းထဲ တစ်နေတာကြောင့် အောက်ဆီဂျင်နဲ့သွေးတွေ ကလေးဆီ မရောက်တော့အခါမျိုးတွေမှာ ဒီ Meconium တွေကလေးဆီက ထွက်လာပြီး ရေမြွှာရေနဲ့ရောသွားပါတော့တယ်။ ဒီလိုနဲ့ ဒီ ရေမြွှာညစ်ရေတွေကို ကလေးပြန်ရှူမိရာကနေ meconium aspiration syndrome လို့ခေါ်တဲ့ ရေမြွှာညစ်ရေ မွန်းတဲ့ ပြဿနာဖြစ်လာပါတော့တယ်။

  • ကလေးသားအိမ်ထဲမှာပဲ ရှိနေတဲ့အချိန်
  • မီးဖွားတဲ့အချိန်နဲ့
  • မီးဖွားပြီးခါစ အချိန်တွေအားလုံးမှာ ဒီပြဿနာဖြစ်တတ်ပါတယ်။ ရှူသွင်းလိုက်တဲ့ ရေမြွှာညစ်ရေတွေ ကလေးအဆုတ်ထဲ ဝင်သွားပြီး အသက်ရှူရခက်တဲ့ ပြဿနာတွေ ကလေးဆီ စဖြစ်လာပါတော့တယ်။

ဘယ်လို ကလေးတွေက ပိုအဖြစ်များလဲ။

  • Due Date ကျော်နေတဲ့ ကိုယ်ဝန်တွေ
  • သားအိမ်ထဲ ရှိနေချိန် အောက်ဆီဂျင်ကောင်းကောင်းမရတဲ့ ကလေးတွေ
  • မီးဖွားချိန်ကြာတာ မီးဖွားရခက်တဲ့ အခါမျိုးတွေ
  • မိခင်က ကိုယ်ဝန်ကြောင့်ဆီးချိုတက်နေတဲ့ အခါမျိုးတွေနဲ့
  • ကိုယ်ဝန်ဆောင်မိခင်သွေးတိုးနေတဲ့အခါမျိုးတွေဆို ကလေးဆီမှာ meconium aspiration syndrome ဖြစ်နိုင်ချေများပါတယ်။

လက္ခဏာတွေကတော့

  • မီးဖွားပြီးပြီးချင်း ကလေးတွေရဲ့ အသားက ပြာနေမယ်
  • အသက်ကို အငမ်းမရရှူနေရလို့ ရင်ဘတ်က နိမ့်လိုက်မြင့်လိုက်နဲ့ အသက်ရှူသံတွေလည်း ပြင်းနေမယ်
  • တစ်ချို့ အရမ်းပြင်းထန်သွားရင် ကလေးက ထွက်လာလာချင်း အသက်လုံးဝ မရှူတာမျိုးတွေလည်း ရှိတတ်ပြီး
  • တစ်ကိုယ်လုံးလည်း ပျော့ဖတ်နေတတ်ပါတယ်။

ကုသမှု အနေနဲ့ကတော့

ကလေးတော်တော်များများကတော့ မီးဖွားချိန် ရေမြွှာညစ်ရေ ပြန်ရှူမိတာမျိုးတွေ မရှိပေမယ့် တစ်ချို့ ပြန်ရှူတဲ့ကလေးတွေ ၁၀ရာခိုင်နှုန်းလောက် းရှိပါတယ်။ ဒါပေမယ့် ကလေးက ငိုလည်းငိုတယ်၊ လှုပ်ရှားမှုလည်း ရှိတယ်ဆိုရင် ဘာကုသမှုမှ လုပ်ဖို့ မလိုအပ်ပါဘူး။

ဒါပေမယ့် ကလေးက ထွက်လာလာချင်း ငိုလည်းမငိုဘူး၊ တစ်ကိုယ်လုံးလည်း ပျော့ဖတ်နေတယ်ဆိုရင်

  • ထွက်လာတဲ့ကလေးနှာခေါင်းနဲ့ ပါးစပ်ထဲကရေမြွှာညစ်ရေ တွ အရင်စုပ်ထုတ်မယ်
  • ကလေးရဲ့ ကိုယ်အပူချိန် ပုံမှန်အတိုင်းပြန်ဖြစ်အောင်လို့ ကလေးကို နွေးနွေးထွေးထွေးထားမယ်
  • ကလေးကို ခြောက်အောင်သုတ်ပြီး ငိုအောင် သတိဝင်လာအောင် ဆရာဝန်တွေက နည်းမျိုးစုံနဲ့ ကြိုးစားမှာဖြစ်ပါတယ်။

ဒါတွေ လုပ်တာတောင် ကလေးဘက်က တုံ့ပြန်မှု မရှိဘူးဆိုရင်

  • ကလေးကို အောက်ဆီဂျင်ပေးတဲ့ပိုက်တွေတပ်မယ်
  • အထူကြပ်မတ်ကုသဆောင်ကို ခေါ်သွားပြီး အနီးကပ်စောင့်ကြည့် ကုသမှုတွေ လုပ်ပေးမှာ ဖြစ်ပါတယ်။

ကုသမှုက ဘယ်လောက်ကြာရင်ြ ပန်ကောင်းမှာလဲ။

ရေမြွှာညစ်ရေမွန်းသွားတဲ့ ကလေးတစ်ယောက် ဘယ်လောက်ကြာရင် ပြန်ကောင်းမှာလဲဆိုတာက ရှူလိုက်မိတဲ့ရေမြွှာညစ်ရေပမာဏရယ်၊ မီးဖွားတာကြာချိန်ရယ်၊ အောက်ဆီဂျင်နည်းပါးမှု ကြာချိန်ရယ် ပေါ်မှာ မူတည်တာကြောင့် အတိအကျ ပြောလို့မရပါဘူး ။ ။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
မှ ရေးသားသည်။ Dr. Thin Yadanar @ Frances · 23/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။