မီးတွင်းကာလ နောက်ဆက်တွဲပြဿနာများ

မီးတွင်းကာလ နောက်ဆက်တွဲပြဿနာများ ကို ကျော်လွှားနိုင်မယ့် နည်းလမ်းများ၊ ဆောင်ရန် ရှောင်ရန်များကို လေ့လာနိုင်ပါသည်။

ကျန်းမာရေးဗဟုသုတ

မီးတွင်းကာလ နောက်ဆက်တွဲပြဿနာများ

ကလေးမီးဖွားချိန် မှာ ကြုံရနိုင်တဲ့ အခက်အခဲများ

မိခင်တွေရဲ့ ဘဝဟာ ကိုယ်ဝန်စရှိတဲ့အချိန်ကစပြီး မွေးတဲ့အထိ  အရိပ်တကြည့်ကြည့်နဲ့ စောင့်ကြည့်နေရတာပါ။ ၉လလုံးလုံး ကလေးလေးကို မထိခိုက်အောင်ကိုယ်ဝန်လွယ်ထားရုံနဲ့ မပြီးသေးပါဘူး။ နောက်ဆုံး မွေးခန်းထဲရောက်တဲ့အထိ ဗိုက်ထဲကနေ ကလေးလေး ကျန်းကျန်းမာမာနဲ့ ထွက်သွားနိင်ဖို့လည်း လိုပါတယ်။ ဒါက နောက်ဆုံးပန်းတိုင်ပါ။ ဒါပေမယ့် ကလေးမီးဖွားချိန် နာရီပိုင်းလောက်မှာလည်း မေမေတို့ အခက်အခဲတွေ၊ မျှော်လင့်မထားတာတွေ ဖြစ်နိုင်ပါသေးတယ်။ ဒါတွေက ဘာတွေလဲ။ မေမေတို့ ဘယ်လိုတွေ ဖြေရှင်းကြမလဲ။ ကလေးမီးဖွားချိန် မှာ ကြုံရနိုင်တဲ့ အခက်အခဲများ မမွေးနိုင်တော့တာ အမေက ပန်းနေပြီ၊ မညှစ်နိုင်တော့ဘူးလို့ ပြောတာ ကြားဖူးမှာပါ။ ကလေးမီးဖွားချိန် မှာ မွေးချိန်က ထင်ထားတာထက် ကြာတဲ့အခါ အမေမညှစ်နိုင်တော့ဘူးလို့ ထင်ကြပါတယ်။ မညှစ်နိုင်တာထက် တခြားအကြောင်းအရင်းတွေ ရှိနေလို့ ကလေးက အပြင်ကို ထွက်မလာသေးတာပါ။ American Pregnancy Association ရဲ့ […]

မီးတွင်းကာလ နောက်ဆက်တွဲပြဿနာများ ကို ရှာဖွေမည်။

မီးတွင်းကာလ နောက်ဆက်တွဲပြဿနာများ

မီးဖွားရခက်ပြီး မီးဖွားချိန်ကြာ တဲ့အခါ မိခင်နဲ့ကလေးမှာ ဘာတွေဖြစ်လာမလဲ။ ။

Prolonged Labour လို့ခေါ်တဲ့ မီးဖွားချိန် ကြာတဲ့ပြဿနာဟာ မီးဖွားခန်းထဲ ဝင်တဲ့ မိခင်တိုင်း စိုးရိမ်ကြတဲ့ပြဿနာတစ်ခုပါ။ မီးဖွားနေရင်း ကလေးက ဆက်ဆင်းမလာတာ၊ မိခင်က ဆက်မညှစ်နိုင်တော့တာတွေက မီးဖွားချိန်ကြာ တဲ့ ပြဿနာတွေပါ။ လူတိုင်းနီးပါးသိကြပါတယ်။ မီးဖွားတာ ကြာသင့်တဲ့ အချိန်ထက် ပိုကြာသွားရင် ကလေးရော မိခင်ရောကို ထိခိုက်နိုင်တယ်ဆိုတာ သိကြပေမယ့် ဘာတွေ ဘယ်လိုထိခိုက်သွားမလဲဆိုတာကိုတော့ သိတဲ့သူရှားမယ်လို့ထင်ပါတယ်။ မီးဖွားချိန်ကြာနေပြီဆိုတဲ့ လက္ခဏာတွေက ဘယ်လိုမျိုးလဲ ။ ဒီအချက်က လူတိုင်းသိထားသင့်တဲ့အချက်ပါ။ မီးဖွားချိန်ကြာတဲ့ လက္ခဏာတွေကတော့ ခုပြောမယ့် အချက်ထဲက အနည်းဆုံး ၃ ချက်လောက်ပါရမှာပါ။ ဗိုက်နာတာ ၁၄-၂၀ နာရီလောက်ကြာနေပြီ အမေကလည်း ဆက်မညှစ်နိုင်တော့ဘဲ နှုတ်ခမ်းတွေခြောက် အသက်ရှူမဝသလိုမျိုးတွေ ခံစားနေရလိမ့်မယ် မွေးလမ်းကြောင်းထဲ ကလေးဆက်မဆင်းတော့လို့ တစ်ဆို့ဆို့ ဖြစ်နေရာကနေ ခါးတွေ အောက်ပိုင်းတွေ နာလာမယ် […]


မီးတွင်းကာလ နောက်ဆက်တွဲပြဿနာများ

မီးဖွားပြီးနောက် အမျိုးသားနဲ့ အတူပြန်နေတဲ့အခါ သွေးဆင်းခြင်း

မီးဖွားတယ်ဆိုတာ အမျိုးသမီးတွေအတွက်တော့ အပြောင်းအလဲကြီးတစ်ခုနဲ့ ရင်ဆိုင်ရတဲ့ ကိစ္စပါပဲ။ ကိုယ်ဝန်စလွယ်တည်း မီးဖွားချိန် နဲ့နောက်ပိုင်း မီးဖွားပြီးတဲ့အချိန်တွေအထိ ပြောင်းလဲမှုတွေနဲ့ချည်း ရင်ဆိုင်ရတာပါ။ ဒီအထဲမှာ မီးဖွားပြီးနောက်ပိုင်း အမျိုးသားနဲ့ အတူနေတဲ့ ကိစ္စလည်းပါတာပေါ့။ မီးဖွားပြီးနောက် အိမ်ထောင်သည်အမျိုးသမီးတိုင်း ကြုံတွေ့ရတဲ့ ကိစ္စတွေထဲမှာ အမျိုးသားနဲ့ အတူနေတဲ့အချိန် သွေးဆင်းတဲ့ ပြဿနာဟာ စိတ်ညစ်စရာ အကောင်းဆုံးပါ။ ဘာ့ကြောင့် ဖြစ်ရတာလဲ။ စိုးရိမ်ရလားပေါ့။ မီးဖွားပြီးနောက် အမျိုးသားနဲ့ အတူနေတဲ့အခါ ဘာ့ကြောင့် သွေးဆင်းရတာလဲ။ မီးဖွားပြီးနောက် ဘယ်အချိန်အမျိုးသားနဲ့အတူပြန်နေသင့်တာလဲ ဆိုတာကို အရင်သိထားဖို့လိုပါတယ်။ မီးဖွားပြီး ၄၅ ရက်နောက်ပိုင်းမှသာ အမျိုးသားနဲ့အတူပြန်နေသင့်ပါတယ်။ ဒီမတိုင်ခင် အတူပြန်နေတဲ့အခါ နောက်ကိုယ်ဝန် ထပ်ရသွားနိုင်သလို နုနယ်နေတဲ့ သားအိမ်အတွက်လည်း အန္တရာယ်ရှိပါတယ်။ ဒီတော့ မီးဖွားပြီးနောက်ပိုင်း အမျိုးသားနဲ့ အတူပြန်နေတဲ့ခါ သွေးဆင်းရတာ ဘာ့ကြောင့်လဲ။ ( ၁ ) မီးဖွားပြီးနောက်ပိုင်း ပုံမှန်ဆင်းတဲ့သွေး […]


မီးတွင်းကာလ နောက်ဆက်တွဲပြဿနာများ

ဗိုက်ခွဲကလေးမွေးပြီး ခါးနာရတာ ဘာကြောင့်လဲ ။ ။

ဗိုက်ခွဲပြီး ကလေးမွေးဖူးတဲ့ မိခင်တွေရှိကြမှာပါ။ ရိုးရိုးမွေးရင် နာမှာကြောက်လို့၊ ရိုးရိုးမွေးလို့မရလို့ဆိုပြီး ဗိုက်ခွဲပြီး ကလေးမွေးဖူးတဲ့သူတွေရှိမှာပါ။ ကလေးမွေးတဲ့အချိန်မှာတော့ အားမစိုက်ရဘဲ သက်သက်သာသာ ကလေးမွေးသွားတယ်ဆိုပေမယ့် ခွဲမွေးပြီးချိန်မှာတော့ ခံစားရမယ့် ဝေဒနာတွေ က အများကြီးပါ။ ချုပ်ရိုးကနာတာတစ်မျိုး၊ ခွဲထားလို့ဆီးမသွားနိုင်တာကတစ်မျိုး၊ ထုံဆေးကြောင့် ရတဲ့ ဘေးထွက်ဆိုးကျိုးတွေကတစ်မျိုး နဲ့ အမျိုးမျိုးခံစားရမှာပါ။ ဒီလို ဗိုက်ခွဲမွေးပြီးနောက်ပိုင်း ခံစားရတဲ့ ဘေးထွက်ဆိုးကျိုးတွေထဲမှာ ခါးနာတာ အဆိုးဆုံးနဲ့ အဖြစ်အများဆုံးပါ။ ဒီဆောင်းပါးထဲမှာတော့ ဗိုက်ခွဲမွေးပြီးတဲ့သူတွေ ဘာကြောင့် ခါးနာရတာလဲဆိုတဲ့ အကြောင်းကို ပြောပြပေးတော့မှာပါ။ ဗိုက်ခွဲမွေးပြီးနောက် ခါးနာတာ ဘာကြောင့် ဖြစ်ရတာလဲ ။ ။ ဗိုက်ခွဲမွေးတယ်ဆိုရင် အသားပေါ်ဓားတင်တဲ့ အနာဒဏ်ကို ခံနိုင်ဖို့အတွက် ခါးဆစ်ရိုးထဲကို ထုံဆေးပေးလေ့ရှိကြပါတယ်။ ထုံဆေးအပ်ဟာ အသား၊ ကြွက်သား၊ ခါးဆစ်ရိုးအရွတ်နဲ့ အာရုံကြောတို့ကို ဖြတ်ပြီး သွားရတာကြောင့် […]


မီးတွင်းကာလ နောက်ဆက်တွဲပြဿနာများ

ကလေးမွေးပြီးနောက် သွေးသွန်ခြင်း

ကိုယ်ဝန်ဆောင်မိခင်များသည် ကလေးမွေးပြီးချိန်တွင် အချင်းကွာကျခြင်းကြောင့် သွေးသွန်နိုင်ချေရှိပါသည်။ ဗိုက်ခွဲမွေးသူများသည် ရိုးရိုးမွေးသူများထက်ပိုပြီး သွေးသွန်နိုင်ချေများပါသည်။ သို့သော် ကံကောင်းစွာဖြင့် ကိုယ်ဝန်ဆောင်ချိန်တွင် သာမန်ချိန်ထက် ကိုယ်ထဲရှိသွေးပမာဏသည် ၅၀ % မြင့်တက်လာခြင်းကြောင့် သွေးဆုံးရှုံးမှုကို အတန်သင့် ခံနိုင်ရည်ရှိစေပါသည်။ သို့သော် အချင်းအရှေ့ရောက်ခြင်း၊ အချင်းအပိုရှိသည့် ကိုယ်ဝန်ဆောင်များသည် သွေးသွန်နိုင်ချေများသည့်အတွက် အထူးကုသမှုများလိုအပ်ပါသည်။ ၆% သော အမျိုးသမီးများသည် ကလေးမွေးပြီးလျှင် သွေးသွန်နိုင်ချေရှိကြောင်းတွေ့ရသည်။   ကလေးမွေးပြီးနောက် သွေးသွန်ခြင်းကိုဖြစ်စေမည့် အကြောင်းတွေက ဘာတွေလဲ။ အချင်းကွာကျပြီးနောက် သွေးသွန်စေနိုင်သောအကြောင်းများမှာ မွေးလမ်းကြောင်းပြဲသွားခြင်း မိန်းမကိုယ်နှင့် စအိုတဝိုက်တွင် ပြဲသွားခြင်း မွေးလမ်းကြောင်းချဲ့ရာတွင် လွန်သွားခြင်း သားအိမ်ကွဲထွက်ခြင်း၊ သားအိမ်အတွင်းနှင့် အပြင် ပြောင်းပြန် ဖြစ်သွားခြင်း သွေးမတိတ်ခြင်း တို့ဖြစ်ပါသည်။ (သွေးမတိတ်ခြင်းသည် မျိုးရိုးကြောင့်သော်လည်းကောင်း၊ ကိုယ်ဝန်ဆောင်နေချိန်တွင် အချင်းစောကွာခြင်း၊ ကိုယ်ဝန်ဆိပ်တက်ခြင်းနှင့် အသည်းကိုထိခိုက်စေသော HELLP ရောဂါစု စသည့် ကိုယ်ဝန်ဆောင်ချိန်တွင်ဖြစ်သော နောက်ဆက်တွဲရောဂါများကြောင့်သော်လည်းကောင်းဖြစ်တတ်သည်။)   ကလေးမွေးပြီးနောက် သွေးသွန်ခြင်းကို […]


မီးတွင်းကာလ နောက်ဆက်တွဲပြဿနာများ

Postpartum Haemorrhage (မီးဖွားပြီးနောက်သွေးသွန်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Postpartum Haemorrhage (မီးဖွားပြီးနောက်သွေးသွန်ခြင်း) ကဘာလဲ။ မီးဖွားပြီးနောက်သွေးသွန်ခြင်း (Postpartum haem orrhage – PPH) ဆိုသည်မှာ ကလေးမွေးဖွားပြီးစတွင် သွေးအလွန်ယိုစီးခြင်းဖြစ်ပြီး မိခင်သေနိုင်သည်အထိ ဖြစ်နိုင်ပါသည်။ မူလ မီးဖွားပြီးနောက်သွေးသွန်ခြင်းဆိုသည်မှာ မီးဖွားပြီး ၂၄ နာရီအတွင်း သွေးပမာဏ ၅၀၀ မီလီလီတာ (တစ်ပိုင့်) အထက် ဆုံရှုံးခြင်းကိုခေါ်သည်။ ၎င်းသည် အဖြစ်များပြီး အမျိုးသမီး ၁၀၀ လျှင် ၅ ယောက်ထိ ဖြစ်နိုင်ပါသည်။ အလွန်များစွာ သွေးယိုခြင်း (သွေး ၂ လီတာ သို့မဟုတ် ၄ ပိုင့်) ကတော့ သိပ်မဖြစ်တတ်ပါ။ အမျိုးသမီး ၁၀၀၀ မှ ၆ ယောက်လောက်သာ ဖြစ်တတ်ပါသည်။ တစ်ဆင့်ခံ မီးဖွားပြီးနောက်သွေးသွန်ခြင်းသည် မီးဖွားပြီး ၂၄ နာရီနောက်မှ ၁၂ ပတ်အတွင်း မိန်းမကိုယ်မှ မူမမှန်ပဲသွေးထွက်ခြင်း […]


မီးတွင်းကာလ နောက်ဆက်တွဲပြဿနာများ

မွေးကင်းစကလေးထွားခြင်းက တကယ်ပဲ ပိုကောင်းတာလား

ကြီးမားတဲ့ (ကိုယ်အလေးချိန်များတဲ့) ကလေးမွေးနှုန်းဟာ မကြာသေးမီ နှစ်များအတွင်းက လျင်မြန်စွာ မြင့်တက်ခဲ့ပါတယ်။ မျိုးရိုးဗီဇ၊ ကိုယ်ဝန်ဆောင်စဉ် အသက်၊ မိခင်ကျန်းမာရေးအခြေအနေ တွေနဲ့အတူ ဒီဖြစ်စဉ်ရဲ့ နောက်ကွယ်က အကြောင်းရင်းတွေက ကလေးရဲ့ကိုယ်အလေးချိန်များခြင်းက ကောင်းမွန်တဲ့ အကျိုးကျေးဇူးတွေ ရှိတယ်ဆိုတဲ့ ယုံကြည်ချက်ထက် မပိုပါဘူး။ ဒါပေမယ့် ကြီးမားတဲ့ ကလေးတွေဟာ တကယ်ပဲ ကောင်းမွန်ပါသလား။ ကြီးမားတဲ့ကလေးတွေရဲ့ အကျိုးကျေးဇူးများ ရောဂါဖြစ်ပွားနှုန်းနိမ့်ခြင်း မိခင်ရဲ့ သားအိမ်အခြေအနေ၊ ကလေးရဲ့ မွေးကင်းစ ကိုယ်အလေးချိန်နဲ့ နောက်ပိုင်းဖြစ်နိုင်တဲ့ နာမကျန်းမှုတွေ ဆက်စပ်မှုကို ရှာဖွေတဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်ခဲ့တဲ့ Cambridge Univerisity ရဲ့ သုတေသန တစ်ခုမှာတော့ မွေးကင်းစမှာ ကိုယ်အလေးချိန်များတဲ့ ကလေးတွေဟာ ကိုယ်အလေးချိန်နည်းတဲ့ ကလေးတွေနဲ့ ယှဉ်ရင် ရောဂါတိုက်ဖျက်နိုင်တဲ့ DNA patterns တွေ ပါရှိတယ်လို့ ဆိုပါတယ်။ Dr. […]


မီးတွင်းကာလ နောက်ဆက်တွဲပြဿနာများ

ခွဲမွေးပြီးနောက် ဆက်လက်ခွဲမွေးခြင်းက ရိုးရိုးမွေးခြင်းထက် ပိုစိတ်ချရသလား

အချို့အမျိုးသမီးများသည် ကျန်းမာရေးကြောင့်ဖြစ်စေ၊ ရိုးရိုးမွေးခြင်းကိုကြောက်၍ဖြစ်စေ ခွဲမွေးခြင်းကိုရွေးချယ်ကြသည်။ သို့သော်ဒီနည်းဟာ ရိုးရိုးမွေးခြင်းလောက်အန္တရာယ်ကင်းနိုင်သလား? Australia လေ့လာချက်အရ ပထမအကြိမ်တွင်ခွဲမွေးပြီး နောက်အကြိမ်တွင်လည်း ခွဲမွေးခြင်းက ရိုးရိုးမွေးသူများထက်ပို၍ရလဒ်ကောင်းတတ်ပါသည်။   ခွဲမွေးပြီး ရိုးရိုးမွေးခြင်းအတွက် လေ့လာချက်များ အမေရိကန်နိုင်ငံတွင် ကလေး၃ယောက်တွင် ၁ယောက်ကခွဲမွေးကြသည်။ မွေးနည်းတိုင်းသည် သူ့အတိုင်းနဲ့သူ ဆိုးကျိုးရှိနိုင်သည်။   လေ့လာချက်အဖြေ Australiaလေ့လာချက်အရ ၂၃၄၅ ကိုယ်ဝန်ဆောင်တွင် ခွဲမွေးပြီးရိုးရိုးမွေးရန် အတွက် သင့်တော်သည့်အမျိုးသမီးများအဖြစ် သတ်မှတ်ခဲ့ကြသည်။ ထိုထဲမှ ၁၁၀၈ယောက်မှာ ခွဲမွေးရန်ပြင်ဆင်ကြပြီး ၁၂၃၇အမျိုးသမီးများမှာ ရိုးရိုးမွေးရန်ပြင်ဆင်ကြသည်။ သို့သော်လည်း ရိုးရိုးမွေးရန်ပြင်ဆင်ထားသူများအနက် တစ်ဝက်အောက်သာ ရိုးရိုးမွေးပြီး ကျန်သူများမှာ ခွဲမွေးကြရသည်။ သတိပြုရန်မှာ ရိုးရိုးမွေးသောကလေးများတွင် နှစ်ယောက်မှာ အကြောင်းပြချက်အသေအချာမရှိဘဲ အသေမွေးခဲ့ပြီး ခွဲမွေးသူများတွင် သေဆုံးခြင်းမရှိသည်ကိုတွေ့ရသည်။ ရိုးရိုးမွေးသူများတွင် ကလေးသေမွေးခြင်း သို့မဟုတ် မွေးကင်းစတွင်သေဆုံးခြင်း သို့မဟုတ် ပြင်းထန်သောကျန်းမာရေးဆိုးကျိုးများဖြစ်ပေါ်ခြင်းတို့သည် ၂.၄ရာခိုင်နှုန်းရှိပြီး ကြိုတင်စီစဉ်ခွဲမွေးသူများတွင် ဝ.၉ရာခိုင်နှုန်းသာရှိပါသည်။ သုံးသပ်ချက်အနေဖြင့် ခွဲစိတ်မွေးဖွားခဲ့ကြပြီး နောက်တစ်ခေါက်ထပ်မံခွဲစိတ်မွေးဖွားခြင်းသည် မိခင်ရော ကလေးရောအတွက် […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း