ကလေးမွေးဖွားခြင်း

ကိုးလလွယ် ဆယ်လဖွားရမယ့် ဘေဘီလေးကို မွေးဖွားရတော့မယ် အချိန် နီးကပ်နေပြီလား။ ဒါဆိုရင် ဘေဘီလေးကို လွယ်လွယ်ကူကူနဲ့ ဘေးကင်းချောမွေ့စွာ မွေးဖွားနိုင်စေဖို့အတွက် ဘာတွေများ လုပ်ဆောင်ရမလဲလို့ သိချင်နေပြီလား။ ဒီကဏ္ဍလေးမှာ ဖတ်ရှု့နိုင်ပါတယ်။ ဘေဘီလေးက မေမေ့မျက်နှာကို ​ကြည့်ဖို့ မကြာခင် လူ့လောကကြီးထဲကို ရောက်လာတော့မှာပါ။

ကျန်းမာရေးဗဟုသုတ

ကလေးမွေးဖွားခြင်း

ခွဲမွေးပြီးရင် ရိုးရိုးပြန်မွေး လို့ ရမရ

ခွဲမွေးထားတဲ့ မေမေတွေအနေနဲ့ နောက်တစ်ခါကိုယ်ဝန်ဆောင်တဲ့အခါ ဘယ်လိုမွေးရင် ကောင်းမလဲဆိုတာ ကြိုတင်ပြင်ဆင်ထားရမှာပါ။ ရှေ့တစ်ခေါက်က အကြောင်းအမျိုးမျိုးကြောင့် ခွဲမွေးလိုက်ရပေမယ့် ဒီတစ်ခေါက်မှာ ရိုးရိုးပြန်မွေး ရင် အဆင်ပြေမလားဆိုတာက တစ်ယောက်ချင်းစီအပေါ်မှာ မူတည်ပါတယ်။ သားအိမ်မှာ အမာရွတ်တစ်ခုရှိပြီးသား ဖြစ်တဲ့အတွက် နောက်တစ်ခါမွေးရင် ဒီအမာရွတ်ကိုပါ ထည့်စဉ်းစားရတော့မှာပါ။ ရိုးရိုးပြန်မွေး ရန်  စမ်းသပ်ခြင်း အရင်ကတော့ ခွဲမွေးပြီး ရိုးရိုးပြန်မွေး တာကို Vaginal birth after cesaren (VBAC)လို့ ခေါ်ပါတယ်။ နောက်ပိုင်းကျတော့ ဒီတိုင်း မွေးတာမဟုတ်တော့ဘဲ စမ်းပြီး မွေးကြည့်တာဖြစ်တဲ့အတွက် Trial of labor after cesarean (TOLAC) လို့ ခေါ်ကြပါတယ်။ ဆိုလိုတာက ရိုးရိုးမွေးကြည့်ပြီး မရဘူး။ အခြေအနေတစ်ခုခု ပေါ်လာတယ်ဆိုရင် အရေးပေါ် ခွဲမွေးရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒါကို ပစ္စည်းကိရိယာ […]

ကလေးမွေးဖွားခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးမွေးဖွားခြင်း ကို ရှာဖွေမည်။

ကလေးမွေးဖွားခြင်းအကြောင်း

ကလေးကိုဗိုက်ခွဲမွေး ဖို့ချည်း စဉ်းစားနေမယ်ဆို ဒါတွေသိထားသင့်တယ်နော်

မိန်းကလေးတွေအနေနဲ့ ဗိုက်ခွဲကလေးမွေးတာကို ထပ်ခါထပ်ခါရွေးချယ်ဖို့ သင့်တော်ရဲ့လား။ ၂ ကြိမ်၊ ၃ ကြိမ်လောက် ကလေးကိုဗိုက်ခွဲမွေး ပြီးရင် ဘာတွေဖြစ်လာနိုင်လဲ။ ဘာတွေဂရုစိုက်ဖို့လိုအပ်သလဲ စတဲ့သိသင့်တဲ့အချက် လေးတွေကို ဖြေကြားပေးသွားပါ့မယ်။ ကလေးမွေးမယ်ဆို မိန်းမကိုယ်ကနေ ရိုးရိုးမွေးဖွားခြင်း (Normal Labour) နဲ့ ဗိုက်ခွဲကလေးမွေးဖွားခြင်း (C-section) ဆိုပြီး ရွေးချယ်စရာနည်းလမ်း (၂) မျိုးပဲရှိပါတယ်။ တစ်ခုချင်းစီမှာ သူ့အားသာချက်၊ အားနည်းချက် ကိုယ်စီရှိပါတယ်။ ဒီတစ်ခေါက်မှာတော့ တစ်ကြိမ်ဗိုက်ခွဲမွေးခဲ့ဖူးပြီး နောက်ကိုယ်ဝန်တွေမှာလည်း ဗိုက်ခွဲမွေးဖို့စဉ်းစားထားတဲ့ မိခင်လောင်းတွေ အမေးများတဲ့မေးခွန်းလေးတွေကို ပြောပြချင်ပါတယ်။ ခဏခဏ ကလေးကိုဗိုက်ခွဲမွေး တာသင့်တော်ရဲ့လား အခုချိန်ထိ မိန်းကလေးတစ်ယောက်ဟာ အကြိမ်ရေ ဘယ်လောက်ပဲ ဗိုက်ခွဲမွေးသင့်တယ်ဆိုပြီး အကြံပြုထားတာမျိုးမရှိသေး ပါဘူး။ ဒါပေမဲ့ ဗိုက်ခွဲမွေးတဲ့အကြိမ်ရေများလာလေ မိခင်နဲ့ ကလေးအတွက် ပိုပြီး အန္တရာယ်များလာလေ ဆိုတာတော့ သေချာပါတယ်။ ဥပမာ (၂) ကြိမ်ဗိုက်ခွဲမွေးဖူးတဲ့သူထက် […]


ကလေးမွေးဖွားခြင်းအကြောင်း

ကလေးမွေး တဲ့အခါ ဗိုက်သိပ်မနာမယ့် နည်းလမ်းများ

ကလေးမွေး တဲ့ မေမေတိုင်းက လရင့်လာလေလေ မွေးရမှာ ကြောက်လေပါပဲ။ လူကြီးတွေက ဗိုက်ကြီးသည်တွေက တစ်နေ့ ၃ခါ သင်္ချိုင်းမျက်စောင်းထိုးရတယ်လို့ ပြောကြတာကိုး။ မွေးနေရင်းနဲ့ သွေးတွေများကြီး ထွက်နေမလား။ ကလေးများ ထွက်မလာဘဲ အထဲမှာ အကြာကြီး တစ်နေမလား။ မွေးရင်းတန်းလန်း သတိများ လစ်သွားမလားဆိုပြီး စိုးရိမ်တတ်ကြပါတယ်။ ဒီကြားထဲမှာ ထူးထူးဆန်းဆန်း ဆရာမရယ် ကလေးတော့ မွေးချင်ပါတယ်။ ဗိုက်တော့မနာချင်ပါဘူးဆိုတဲ့ မေမေတွေလည်း တွေ့ဖူးသား။ ဒါလည်း ဟုတ်တာပဲ။ ကလေးမွေးတဲ့အချိန် ဗိုက်နာတာက ဘာနဲ့မှ ပြောပြလို့မရဘူးတဲ့။ ခန္ဓာကိုယ်က အရိုးတွေ ချိုးခံရသလို နာတာပါတဲ့။ ဒီတော့ မေမေလောင်းလျာလေးတွေလည်း ကြောက်တော့မှာပေါ့။ ခု ကလေးမွေးတဲ့အချိန်မှာ အနာသက်သာအောင် ဘာတွေ လုပ်လို့ ရလဲဆိုတာ ပြောပြပေးမယ်နော်။ ကလေးမွေး ချိန် အနာသက်သာစေမယ့် နည်းလမ်းများ ကလေးမွေးတဲ့အချိန်မှာ ဗိုက်နာသက်သာချင်တယ်ဆိုရင် […]


ကလေးမွေးဖွားခြင်းအကြောင်း

ရေထဲမှာ ကလေးမွေး ခြင်း (Water birth)

ခုခေတ်က တိုးတက်နေပြီဆိုတော့ ကလေးမွေး တာတောင် ရိုးရိုးမွေး၊ ခွဲမွေးတာ အပြင် ရေထဲမှာ ကလေးမွေး တာတဲ့။ ယူကျူ့တို့ ဖေ့စ်ဘွတ်တို့မှာ တွေ့ရင် တွေ့ဖူးကြမှာပါ။ လေထိုးကန်ထဲမှာ ရေဖြည့်ထားပြီး ကလေးမွေးဖို့ ပြင်တာမျိုးပေါ့။ မြန်မာနိုင်ငံမှာ သိသလောက် ပြောရရင် water birth မရသေးပါဘူး။ ဒါပေမယ့် ခုက အဆင့်မြင့်လာပြီဆိုတော့ နိုင်ငံခြားသွားပြီး ကလေးမွေးမယ့် မေမေတွေအတွက် ဗဟုသုတရအောင် ပြောပြပေးလိုက်ပါတယ်။ ရေထဲမှာ ကလေးမွေး တယ်ဆိုတာ လေထိုးကန်လိုမျိုး ကန်ထဲကို ရေနွေးနွေးလေးထည့်ပြီး မွေးတာပါ။ မွေးတယ်ဆိုပေမယ့် ကလေးထွက်တဲ့အထိ ကန်ထဲမှာ နေတာ ရှားပါတယ်။ သားအိမ်ဝကောင်းကောင်းပွင့်ပြီဆိုတာနဲ့ အရင်ပုံစံအတိုင်း ပြန်မွေးကြတာပါ။ ရိုးရိုးဖြစ်ဖြစ် ခွဲမွေးတာဖြစ်ဖြစ်ပေါ့။ ဘာဖြစ်လို့ ရေထဲမှာ ကလေးမွေး ကြတာလဲ။ ရေထဲမှာ မွေးတာက အနာသက်သာတယ်။ ထုံဆေး၊ မေ့ဆေးပေးရ သက်သာတယ်။ […]


ကလေးမွေးဖွားခြင်းအကြောင်း

ရိုးရိုမွေးခြင်းအတွက် ဘာတွေကြိုပြင်ဆင်သင့်သလဲ။

ကိုယ်ဝန်ဆောင်အမျိုးသမီးသုံးယောက်မှာ နှစ်ယောက်နှုန်းဟာ လစေ့လို့ ကလေးမီးဖွားရင် ရိုးရိုးပဲ မွေးတတ်ကြပါတယ်။ ရိုးရိုးမွေးမယ်လို့ အစီအစဉ်ရှိတဲ့ အမျိုးသမီးတွေ ကြိုတင်ပြင်ဆင်ထားသင့်တဲ့ အချက် (၁၂) ချက်ကို ပြောပြပေးပါမယ်နော်။ (၁) မှန်ကန်တဲ့ဆရာဝန်ကိုရွေးချယ်ပါ။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ မီးဖွားနေချိန်နဲ့ မီးဖွားပြီးချိန်မှာ ဘာတွေဖြစ်နိုင်သလဲဆိုတာကို သိချင်ကြပါတယ်။ သူတို့အတွက် ဘယ်လိုအန္တရာယ်ဖြစ်နိုင်သလဲ ဆိုတာတွေကိုပါ နှံ့နှံ့စပ်စပ်သိချင်ကြပါတယ်။ သားဖွားမီးယပ်ဆရာဝန်ကို မေးမြန်းကြပါတယ်။ ဒီအခါမှာ သူတို့ကို စိတ်ရှည်လက်ရှည်နဲ့ သေသေချာချာရှင်းပြပေးမယ့် ဆရာဝန်ကို ရွေးချယ်သင့်ပါတယ်။ ဒါမှသာ ကိုယ်ဝန်ဆောင်တွေရဲ့ စိတ်ပိုင်း ဆိုင်ရာပြဿနာတွေ၊ အလွန်အမင်းကြောက်ရွံ့မှုတွေ ဖြစ်မလာမှာပါ။ (၂)   ဘယ်ဆေးရုံမှာ မွေးမလဲဆိုတာကို ရွေးချယ်ထားပါ။ ရိုးရိုးမွေးမယ်လို့ ရည်ရွယ်ထားပေမဲ့ အခြေအနေတစ်ခုခုကြောင့် အရေးပေါ် ခွဲမွေးလိုက်ရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အရေးပေါ်ခွဲမွေးနိုင်တဲ့ ခွဲခန်းတွေအဆင်သင့်ရှိတဲ့ ဆေးရုံဖြစ်ဖို့လိုပါတယ်။ နောက်တစ်ချက်က မိမိဗိုက်အပ်ထားတဲ့ ဆရာဝန်အတွက် အဆင်ပြေနိုင်မယ့် ဆေးရုံဖြစ်ဖို့လည်းလိုအပ်ပါတယ်။ ဒါမှသာ […]


မီးတွင်းကာလ နောက်ဆက်တွဲပြဿနာများ

ကလေးမွေးပြီးရင် သားအိမ်ကျွံ တတ်သလား

ကလေးမွေးပြီးနောက် ဖြစ်တဲ့ နောက်ဆက်တွဲ ပြဿနာတွေထဲမှာ သားအိမ်ကျွံ တာလည်း အပါအဝင်ပါ။ သားအိမ်ကျွံတာက အဖြစ်နည်းပါတယ်။ ကိုယ်ဝန်ဆောင် ၂၀၀၀မှာ ၁ယောက်ပဲ ဖြစ်တာပါ။ အဖြစ်နည်းပေမယ့် ဖြစ်လာခဲ့ရင်လည်း သွေးလွန်တာ၊ သွေးလန့်တာတွေကြောင့် အသက်အန္တရာယ်နီးပါတယ်။ စောစောသိ၊ စောစောကုနိုင်မှ အသက်ရှင်နိုင်မှာပါ။ သားအိမ်ကျွံ တယ်ဆိုတာဘာလဲ။ ပုံမှန်ဆိုရင် ကလေးမွေးပြီး နာရီဝက်လောက် ကြာရင် အချင်းက ကွာကျ လာပါတယ်။ သားအိမ်ကျွံ တယ်ဆိုတာက အချင်းလည်းမကျဘဲ သားအိမ်က အပြင်ကို ကျွံကျလာတာပါ။ များသောအားဖြင့်တော့ မေ့ဆေးပေးပြီး သားအိမ်ကို အထဲပြန်ထည့် အချင်းပြန်ခွာလိုက်ရင် ရပါတယ်။ လိုအပ်ရင်တော့ ခွဲစိတ်တာတွေ လုပ်ရမှာပါ။ သားအိမ်ကျွံတာရဲ့ အဓိက သေစေတဲ့အကြောင်းရင်းကတော့ သွေးလွန်တာနဲ့ သွေးလန့်တာပါ။ သားအိမ်ကျွံ တာဘယ်နှစ်မျိုးရှိလဲ။ သားအိမ်ကျွံတာ၄ဆင့်ရှိပါတယ်။ အဆင့်မြင့်လေလေ ပိုဆိုးလေပါ။ Incomplete inversion - သားအိမ်ရဲ့ […]


မီးတွင်းကာလ နောက်ဆက်တွဲပြဿနာများ

မွေးဖွားပြီးသွေးသွန် ခြင်း

မိခင်သေဆုံးနှုန်းများရတဲ့ အကြောင်းရင်းတွေထဲမှာ မွေးဖွားပြီးသွေးသွန် တာက ထိပ်ဆုံးကပါပါတယ်။ ခုထက်ထိ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ မွေးဖွားပြီးသွေးသွန် တာကြောင့် အမေတွေ ဒုက္ခရောက်နေရတုန်းပါ။ ဒါကြောင့် အမေတွေကို ကိုယ်ဝန်ဆောင်ချိန်မှာ ဂရုစိုက်ရသလို မွေးပြီးပြီးချင်း မီးတွင်းထဲမှာလည်း ဂရုစိုက်ရပါမယ်။ ဒါဆိုရင် ကလေးမွေးပြီးပြီးချင်း ဘာအကြောင်းတွေက သွေးသွန်စေတာလဲ။ ဘယ်လိုကုသမှုတွေပေးနေလဲ။ ဘယ်လိုကာကွယ်မလဲဆိုတာကို  ရေးသားသွားပါ့မယ်။ မွေးဖွားပြီးသွေးသွန် တယ်လို့ဘယ်အခါ သတ်မှတ်လို့ရလဲ။ မွေးပြီး၂၄နာရီအတွင်းသွေးသွန်တာကို Primary PPHလို့ခေါ်ပြီး ၂၄နာရီနောက်ပိုင်းကနေ မီးတွင်း၁၂ပတ်အတွင်း သွေးသွန်တာကို Secondary PPHလို့ခေါ်ပါတယ်။ သွေးဆင်းရမယ့်ပမာဏကတော့ ရိုးရိုးမွေးရင် ၅၀၀ml၊ ခွဲမွေးရင် ၁၀၀၀ml ဆင်းရပါမယ်။ ဘာကြောင့်သွေးဆင်းရတာလဲ။ ဒါကို အတိုကောက်မှတ်ရင်တော့ T ၄လုံးနဲ့ မှတ်လို့ရပါတယ်။ Tone, Trauma, Tissue, Thrombinဆိုပြီးတော့ပါ။ အသေးစိတ်ကို ဆက်ရှင်းပြပါ့မယ်။ (၁) Tone (သားအိမ်ကျုံ့အား) သားအိမ်မကျုံ့နိုင်တာက မွေးဖွားပြီးသွေးသွန် တာရဲ့ ထိပ်ဆုံးအကြောင်းရင်းထဲမှာပါပါတယ်။ […]


မီးတွင်းကာလ နောက်ဆက်တွဲပြဿနာများ

ရိုးရိုးမီးဖွားပြီးတိုင်း ကြုံကိုကြုံရမယ့် အခက်အခဲများ ။ ။

မီးဖွားတယ်ဆိုတာ မိန်းမသားတွေအတွက်ကတော့ တကယ့်ကို အကြီးစားစိန်ခေါ်မှုကြီးတစ်ခုပါ။ ကိုယ်ဝန်ဆောင်တဲ့အချိန်ပြောင်းလဲမှုတွေကြုံရမယ် မီးဖွားချိန်ဆိုရင်လည်း ဗိုက်နာကတစ်မျိုး ဒီကြားထဲ မီးဖွားပြီးရင်ရှောင်ရဆောင်ရမယ့် ပြဿနာ ခံစားရမယ့် ဝေဒနာတွေက ရှိသေးတယ်မလား။ ဒီတော့ မီးဖွားပြီးတဲ့ အမျိုးသမီးတိုင်း ဘာတွေ ဆက်ကြုံတွေ့ရနိုင်သလဲ။ ရိုးရိုးမီးဖွားပြီးတိုင်း ကြုံကိုကြုံရမယ့် အခက်အခဲများ ကဘာတွေလဲဆိုတာ ပြောပြပေးချင်ပါတယ်။ ဒါတွေသိထားမှ ကိုယ်လည်းကျန်းမာ ကလေးကိုလည်းသေချာ ဂရုစိုက်နိုင်မှာလေ။ ရိုးရိုးမီးဖွားပြီးတိုင်း ကြုံကိုကြုံရမယ့် အခက်အခဲများ ။ ။ ရိုးရိုးမီးဖွားပြီးတိုင်း ကြုံကိုကြုံရမယ့် အခက်အခဲများ ရှိပါတယ်။ ဒါတွေက ဘာတွေဖြစ်မလဲ။ ရိုးရိုးမီးဖွားပြီးတိုင်း ကြုံကိုကြုံတွေ့ရနိုင်တာတွေကတော့ Postpartum hemorrhage မီးဖွားပြီးနောက်ပိုင်း သွေးသွန်တတ်တာကတော့ ကြုံကိုကြုံရမယ့် ကိစ္စ တစ်ခု။ မီးဖွားပြီးပြီးချင်း ၁၀ ရက်လောက်မှာတော့ မိန်းမကိုယ်ကနေ သွေးဆင်းတာများနေတတ်ပြီး နောက်ပိုင်းကျရင်တော့ တဖြည်းဖြည်း နည်းသွားပါလိမ့်မယ်။ ဒါပေမယ့် ၆ ပတ် […]


မီးတွင်းကာလ နောက်ဆက်တွဲပြဿနာများ

မီးဖွားချိန် ကြုံရတတ်တဲ့ ကလေးရေမြွှာညစ်ရေ မွန်းခြင်း( meconium aspiration syndrome)

meconium aspiration syndrome ဆိုတာ မီးဖွားချိန် ကလေးက ရေမြွှာညစ် မွန်းသွားပြီး ထွက်လာတဲ့ကလေး အသက်ရှူလို့မရတဲ့ ပြဿနာကို ပြောတာဖြစ်ပါတယ်။ ရေမြွာညစ်ရေလို့ ပြောရခြင်း အကြောင်းအရင်းမှာ ရေမြွှာရေထဲ ကလေးရဲ့ မစင်တွေပါနေပြီး မီးဖွားချိန်ဒီရေကို ကလေးက ရှူမိကာ ရေမြွှာညစ်ရေတွေ အဆုတ်ထဲ ဝင်သွားရခြင်းဖြစ်ပါတယ်။ Meconium ဆိုတာ မီးဖွားပြီးပြီးချင်း နို့တောင်မတိုက်ရသေးတဲ့အချိန် ကလေးဆီက ထွက်လာတဲ့ မစင်ကိုပြောတာဖြစ်ပါတယ်။ မီးဖွားရခက်နေတာ မီးဖွားချိန် ကြာနေတဲ့ အခါမျိုးတွေမှာ မွေးလမ်းကြောင်းထဲ တစ်နေတာကြောင့် အောက်ဆီဂျင်နဲ့သွေးတွေ ကလေးဆီ မရောက်တော့အခါမျိုးတွေမှာ ဒီ Meconium တွေကလေးဆီက ထွက်လာပြီး ရေမြွှာရေနဲ့ရောသွားပါတော့တယ်။ ဒီလိုနဲ့ ဒီ ရေမြွှာညစ်ရေတွေကို ကလေးပြန်ရှူမိရာကနေ meconium aspiration syndrome လို့ခေါ်တဲ့ ရေမြွှာညစ်ရေ မွန်းတဲ့ ပြဿနာဖြစ်လာပါတော့တယ်။ […]


မီးတွင်းကာလ နောက်ဆက်တွဲပြဿနာများ

မီးဖွားရခက်ပြီး မီးဖွားချိန်ကြာ တဲ့အခါ မိခင်နဲ့ကလေးမှာ ဘာတွေဖြစ်လာမလဲ။ ။

Prolonged Labour လို့ခေါ်တဲ့ မီးဖွားချိန် ကြာတဲ့ပြဿနာဟာ မီးဖွားခန်းထဲ ဝင်တဲ့ မိခင်တိုင်း စိုးရိမ်ကြတဲ့ပြဿနာတစ်ခုပါ။ မီးဖွားနေရင်း ကလေးက ဆက်ဆင်းမလာတာ၊ မိခင်က ဆက်မညှစ်နိုင်တော့တာတွေက မီးဖွားချိန်ကြာ တဲ့ ပြဿနာတွေပါ။ လူတိုင်းနီးပါးသိကြပါတယ်။ မီးဖွားတာ ကြာသင့်တဲ့ အချိန်ထက် ပိုကြာသွားရင် ကလေးရော မိခင်ရောကို ထိခိုက်နိုင်တယ်ဆိုတာ သိကြပေမယ့် ဘာတွေ ဘယ်လိုထိခိုက်သွားမလဲဆိုတာကိုတော့ သိတဲ့သူရှားမယ်လို့ထင်ပါတယ်။ မီးဖွားချိန်ကြာနေပြီဆိုတဲ့ လက္ခဏာတွေက ဘယ်လိုမျိုးလဲ ။ ဒီအချက်က လူတိုင်းသိထားသင့်တဲ့အချက်ပါ။ မီးဖွားချိန်ကြာတဲ့ လက္ခဏာတွေကတော့ ခုပြောမယ့် အချက်ထဲက အနည်းဆုံး ၃ ချက်လောက်ပါရမှာပါ။ ဗိုက်နာတာ ၁၄-၂၀ နာရီလောက်ကြာနေပြီ အမေကလည်း ဆက်မညှစ်နိုင်တော့ဘဲ နှုတ်ခမ်းတွေခြောက် အသက်ရှူမဝသလိုမျိုးတွေ ခံစားနေရလိမ့်မယ် မွေးလမ်းကြောင်းထဲ ကလေးဆက်မဆင်းတော့လို့ တစ်ဆို့ဆို့ ဖြစ်နေရာကနေ ခါးတွေ အောက်ပိုင်းတွေ နာလာမယ် […]


ကလေးမွေးဖွားခြင်းအကြောင်း

ဗိုက်အနာမခံဘဲ မီးဖွားလို့ရလား။ ။

မီးဖွားချိန် မိန်းမသားတိုင်း ခံစားရတဲ့ အနာဟာ ဓမ္မတာ လာချိန်ကိုက်ခဲတဲ့ ဝေဒနာ ထက် အဆ ၂၀ ပိုပြင်းထန်ပါတယ်။ ဒီလို ရိုးရိုးမီးဖွားချိန် နာတဲ့ အနာကို လူတိုင်း ကြောက်ကြလို့ ခွဲမွေးတာ ခုနောက်ပိုင်း ခေတ်စားလာတာပါ။ ဒါပေမယ့် ခွဲမွေးတယ်ဆိုတာ မီးဖွားချင်လို့ နာတဲ့အနာကိုသာ ကျော်လွှားနိုင်ပေမယ့် နောက်ပိုင်း ဖြစ်လာမယ့် ဆိုးကျိုးတွေ တစ်ပုံကြီးပါ။ ဒီတော့ ရိုးရိုးပဲမွေးမယ် ဗိုက်အနာမခံဘဲ မွေးလို့ရတဲ့ နည်းတွေ များရှိမလား။ ခုလို တိုးတက်လာပြီး ဘာမဆို ဖြစ်နိုင်တဲ့ ခေတ်ကြီးထဲမှာ ဗိုက်မနာဘဲ မီးဖွားလို့ရတဲ့ နည်းတွေလည်း ရှိနေတယ်ဆို အရမ်းများ အံ့သြသွားမလား။ ဗိုက်အနာမခံဘဲ မီးဖွားစေနိုင်တဲ့ နည်းလမ်းတွေ ဆေးပညာနဲ့ မဆိုင်တဲ့ နည်းလမ်းများ Hypnosis ( အိပ်မွေ့ချနည်းပညာ) Hydrotherapy ( ရေထဲတွင် […]

ad iconကြော်ငြာ
ad iconကြော်ငြာ





ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း