brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကိုယ်ဝန်ယူလိုလျှင်ပြင်ဆင်သင့်သော အချက်များ

ကလေးရရှိခြင်းဟာ ဘဝရဲ့ပျော်ရွင် စိတ်လှုပ်ရှားစရာ အစိတ်အပိုင်းဖြစ်ပါသည်။ ဒါပေမယ့် ကလေးမယူခင် ပြင်ဆင်သင့်သည်များကို ပြင်ဆင် ထားမှ မိခင်ရော ကလေးပါ ကျန်းမာမည်ဖြစ်သည်။

ကိုယ်ဝန်ယူလိုလျှင်ပြင်ဆင်သင့်သော အချက်များ

ကိုယ်ဝန်ယူရန် ဆရာဝန်နှင့်ဆွေးနွေးပါ။

ကိုယ်ဝန်မဆောင်ခင် ကျန်းမာရေး စစ်ဆေးချက်များကြိုတင်လုပ်ဆောင်သင့်ပါသည်။ တစ်နှစ်ခန့်ကြိုတင် စစ်ဆေးနိုင်ပါသည်။ ကျန်းမာရေးအနေအထား၊ နေထိုင်မှုပုံစံတို့က ကိုယ်ဝန်ရရှိခြင်းကို ဟန့်တားစေပါသည်။ ဒါကြောင့် ဆရာဝန် ညွန်ကြားသည့်အတိုင်းလိုက်နာ ရန်လိုအပ်ပါသည်။

အရက်၊ ဆေးလိပ်သောက်ခြင်း ရှောင်ကြဉ်ပါ။

  • ဆေးလိပ်သောင်ခြင်းဟာ ကလေးကို ဆိုးဝါးစွာထိခိုက်စေပါသည်။ သားပျက်သားလျှောခြင်း။ လမစေ့၊ ပေါင်မပြည့်ဘဲ မွေးခြင်း ဖြစ်စေနိုင်ပါသည်။
  • အချို့သော ဆေးဝါးများမှာ လည်းသွေးထဲတွင် အချိန်အတော်ကြာကျန်ရှိနိုင်သည်မို့ လိုအပ်ပါက ကြိုတင်ရပ်ထားသင့်ပါသည်။
  • အရက်သောက်ခြင်းဟာ ပုံမှန်ပမာဏ ဖြစ်ပါက ( တစ်ရက်တခွက်) ဘေးမဖြစ်နိုင်သော်လည်း ပမာဏများပါက အန ္တရာယ်ရှိစေပါသည်။
  • လတ်ဆတ်သော အစားအစာများရွေးချယ်စားပါ။ ကျန်းမာသော အစားအစာကို အာဟာရပြည့်ဝအောင် စားသုံးသင့်ပါသည်။ အသီးအနှံများကို ပိုမိုစားသင့်ပါသည်။ ကယ်လ်ဆီယမ်ကြွယ်ဝသော နွားနို့၊ကြက်ဥ၊ ချိစ့်၊ဒိန်ချဉ်၊ အသားဓါတ်များသော ပဲ၊ အသား၊ အစေ့အဆံ များကို များများစား ပေးသင့်ပါသည်
  • ကဖိန်းဓါတ်လျှော့စားပါ။
  • ကိုယ်ဝန်ဆောင်များအတွက် ကဖိန်းပမာဏဘယ်လောက်ဆိုလျှင် စိတ်ချရသလဲဆိုတာ လေ့လာထားချက်များမရှိပါ။ သို့သော် အချို့ လေ့လာချက်များအရ ကဖိန်းဓါတ်များခြင်းက သားပျက်သားလျှောခြင်းကို ဖြစ်စေနိုင်ပါသည်။ ထို့ကြောင့် ကဖိန်းပမာဏကို လျှော့ရမည်။ ကော်ဖီဆိုပါက တစ်နေ့လျှင် တစ်ခွက်သာ သောက်သင့်ပါသည်။

    ကိုယ်ဝန်မရှိခင်စစ်ဆေးသင့်သည့် ဆေးစစ်ချက်များမှာ

    (၁) သားအိမ်ခေါင်းအချွဲအမြှေးစစ်ခြင်း

    (၂) သိုင်းရွိုက်ဟော်မုန်းစစ်ခြင်း

    (၃) သုက်ပိုးကောင်ရေ စစ်ခြင်း

    (၄) မျိုးဥ ကြွေမကြွေ ကို ကိုယ်ပူချိန် တိုင်းပြီး စစ်ခြင်း

    (၅) HIV/ AIDS ရောဂါစစ်ခြင်း

    (၆) အသည်းရောင်အသားဝါ ဘီ၊ စီ စစ်ခြင်း

    (၇) ကာလသားရောဂါ စစ်ခြင်း

    (၈) ဆီးပူညောင်းကျ ရောဂါ နဲ့ ကလက်မိုင်းဒီယား ရောဂါစစ်ခြင်း

    (၉) ရေကျောက် စစ်ခြင်း

    (၁၀) ဂျိုက်သိုး စစ်ခြင်း

    (၁၁) parvo virus

    (၁၂) Cytomegalo virus

    (၁၃) Toxoplasma virus

    (၁၄) သွေးအမျိုးအစားစစ်ခြင်း

    (၁၅) သွေးနီဥ၊ သွေးဖြူဥ ၊ သွေးမွှားဥ ပမာဏ နဲ့ ဟေမိုဂလိုဘင် စစ်ဆေးခြင်း

    အချုပ်အားဖြင့် ကိုယ်ဝန်ယူရန်ပြင်ဆင်ချိန် တစ်စုံတစ်ရာ ဖြစ်ပေါ်ပါက ဆရာဝန်နှင့်ချက်ခြင်းတိုင်ပင်ပါ။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    Hello Sayarwon Panel
    Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Kaung Thar မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/05/2022 ဖြစ်ပါသည်။