brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကလေးရရှိမှုကို ဘယ်လိုမြှင့်တင်မလဲ

ကလေးရရှိမှုကို ဘယ်လိုမြှင့်တင်မလဲ။

မျိုးဆက်ပွားခြင်းဟာ ကမ္ဘာပေါ်မှာ ရှိတဲ့ သတ္တဝါအားလုံးရဲ့ သဘာဝအကျဆုံးအပြုအမူ တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် အကြောင်းရင်းအတော်များများကြောင့် စုံတွဲတစ်တွဲဟာ ကလေးရဖို့ ခက်ခဲတတ်ပါတယ်။

ကလေးရရှိမှုကို ဘယ်လိုမြှင့်တင်မလဲ

သားဥကြွေချိန်အနီးမှာ လိင်မကြာခဏ ဆက်ဆံခြင်းအပြင် ကိုယ်ဝန်ဆောင်နှုန်းကို မြင့်မားစေတဲ့ အခြားနည်းတွေလည်း ရှိပါတယ်။

ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ။

မှန်ကန်တဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းခြင်းဟာ ကလေးရရှိမှုနှုန်းကို မြင့်တက်စေပါတယ်။ အမျိုးသမီး အတော်များများဟာ ကလေးရရှိမှုနဲ့ ပတ်သက်ရင် ကိုယ်အလေးချိန်ကို မေ့လျော့နေတတ်ပါတယ်။

သိပ္ပံပညာရှင်တွေက ကိုယ်အလေးချိန် ထိန်းသိမ်းခြင်းဟာ ကိုယ်ဝန်ရရှိမှုကို အထောက်အကူပြုတယ်လို့ ဆိုပါတယ်။ ကိုယ်ဝန်ရှိနေတဲ့ အမျိုးသမီး ၂၁၁၂ ယောက်ကို လေ့လာခဲ့တဲ့ လေ့လာမှုတစ်ခု ရှိပါတယ်။ ကိုယ်ဝန်မဆောင်ခင် BMI ၂၅-၃၉ ရှိသူတွေကို အဝလွန်တယ်လို့ သတ်မှတ်ထားပါတယ်။

ဒီလို အမျိုးသမီးတွေအတွက် ကိုယ်ဝန်ရရှိုဖို့ နှစ်ဆပိုမို ကြာမြင့်ပါတယ်။ ကိုယ်အလေးချိန်နည်းတဲ့ အမျိုးသမီးဟာလည်း ကိုယ်ဝန်ရနှုန်းနည်းပါးပါတယ်။

သုက်ပိုးတွေကို စိတ်ချရအောင် ထားပါ။

အပူချိန်ကို ထိန်းသိမ်းခြင်းဟာ ကလေးရနိုင်မှုကို သိပ်ပြီး အထောက်အပံ့မဖြစ်စေပေမယ့် ဆရာဝန်တွေကတော့ ပူတဲ့ရေချိုးကန်နဲ့ ရေပူထဲမှာ ထိုင်နေခြင်းတွေကို ရှောင်ကျဉ်စေလိုပါတယ်။

သုတေသနတွေက ဆဲလ်ဖုန်းတွေမှ ဓါတ်ရောင်ခြည်ကို ကြာရှည်စွာ ထိတွေ့မိခြင်းဟာ သုက်ပိုးတွေရဲ့ ကျန်းမာရေးအတွက် ဆိုးကျိုးရှိတယ်လို့ ဆိုပါတယ်။ ကလေးမရခြင်းနဲ့ အပူချိန်ကြားမှ ဆက်စပ်မှုကို သက်သေပြခြင်းမရှိနိုင်ပေမယ့် ကလေးရရှိမှုကို မြင့်တက်စေဖို့အတွက် ဖြစ်စေနိုင်တဲ့ အန္တရာယ်တွေကနေ အမျိုးသားကို ရှောင်ကျဉ်စေဖို့လိုပါတယ်။

ဆေးလိပ်သောက်ခြင်းကို ရပ်တန့်ပါ။

ဆေးလိပ်သောက်ခြင်းဟာ သားအိမ်မှ သုက်ပိုးကို လက်ခံနှုန်းကိုလျော့ကျစေပြီး သုက်ပိုးထုတ်လုပ်ခြင်းနဲ့ အရည်အသွေးကိုကျဆင်းစေကာ အမျိုးသားရော၊ အမျိုးသမီးရောရဲ့ ကလေးရရှိမှုကို ကျဆင်းစေပါတယ်။

ဆေးလိပ်သောက်ခြင်းဟာ သုက်ပိုးအရည်အတွက်နဲ့ လှုပ်ရှားမှုနည်းပါးခြင်းရဲ့ အဓိက တရားခံဖြစ်ပါတယ်။ သူဟာ သုက်ပိုး ပုံသဏ္ဍာန်နဲ့ လုပ်ငန်းဆောင်တာတွေမှာ ပုံမမှန်မှုတွေကို ဖြစ်ပွားစေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ်မှာ ဆေးလိပ်သောက်ခြင်းဟာ ကလေးပျက်ကျနှုန်းကို မြင့်တက်စေနိုင်ပါတယ်။

ဒါပြင် ဆေးလိပ်သောက်တဲ့ မိဘတွေရဲ့ ကလေးငယ်တွေမှာလည်း ကလေးမရဖို့ များပါတယ်။ တကယ်လို့ ကိုယ်ဝန်ကို ပိုမိုလျင်မြန်စွာ ရချင်တယ်ဆိုရင် ဒီလို ဆိုးရွားတဲ့အကျင့်ဆိုးကို ဖြတ်ဖို့ လိုအပ်ပါတယ်။

အချိန်မှန်ပါစေ။

သုက်ပိုးမှာ သားဥနဲ့ မျိုးစပ်ဖို့အတွက် အချိန်အမြောက်အမြား မရှိပါဘူး။ မျိုးစပ်နိုင်တဲ့အချိန်ဟာ သားဥမကြွေခင် ၆ ရက်နဲ့ သားဥကြွေတဲ့ရက်တွေပဲ ဖြစ်ပါတယ်။ တကယ်တမ်းတော့ အကောင်းဆုံးအချိန်ဟာ သားဥမကြွေခင် ၃ ရက်အကြာဖြစ်ပါတယ်။

တကယ်လို့ ဒီလိုမှန်ကန်တဲ့ အချိန်ကို သိတယ်ဆိုရင် သားဥကြွေတဲ့နေ့ရက်တွေကို ရေတွက်နေဖို့ အရေးကြီးပါတယ်။

စုံတွဲတိုင်းမှာ မတူညီတာကြောင့် ကလေးရရှိဖို့အချိန် ကွာခြားမှု ရှိပါတယ်။ ဒါကြောင့်သင့်ချစ်သူ အပေါ်(သို့) သင်ကိုယ်တိုင် ဖိအားမများဖို့ အရေးကြီးပါတယ်။ စိုးရိမ်မှုတွေ ရှိနေရင် ကလေးရရှိမှုဆိုင်ရာ ကျွမ်းကျင်သူထံ သွားရောက်ပြီး အကူအညီတောင်းခံသင့်ပါတယ်။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr . Phyu Mon Latt မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 13/05/2022 ဖြစ်ပါသည်။