brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကလေးရနိုင်ခြေမြင့်မားနိုင်စေတဲ့ လိင်ဆက်ဆံပုံနည်းလမ်းတွေ

လိင်ဆက်ဆံမှု ပုံစံတွေဟာ မျိုးအောင်ဖို့အတွက် အရေးကြီးတယ်လို့ ယူဆကြပါတယ်။ လူအချို့အတွက် ဘယ်ပုံစံဟာ အကောင်းဆုံးလဲဆိုတာ စိတ်ရှုပ်ထွေးဖွယ်နဲ့ မေးခွန်းထုတ်စရာ ဖြစ်နေဆဲဖြစ်ပါတယ်။ သင်ဟာလည်း သူတို့ထဲက တစ်ယောက်ဆိုရင် ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်တဲ့ အချက်အလက်တွေကို ဖေါ်ပြသွားမှာ ဖြစ်ပါတယ်။

ကလေးရနိုင်ခြေမြင့်မားနိုင်စေတဲ့ လိင်ဆက်ဆံပုံနည်းလမ်းတွေ

Case Western Reserve University School of Medicine in Cleveland က Dr Sheryl A Kingsberg က ကလေးရရှိရန်အတွက် အကောင်းဆုံး လိင်ဆက်ဆံမှုပုံစံနဲ့ ပတ်သက်တဲ့ ခိုင်မာတဲ့ သက်သေတွေ (သို့) အသေးစိတ် သုတေသနလုပ်ထားတာတွေ မရှိဘူးလို့ဆိုပါတယ်။

သိပ္ပံပညာရှင်တွေက ဒီလိုပုံစံတွေနဲ့ ပတ်သက်ပြီး ဘာမှ မပြောထားပေမယ့် လိင်ဆက်ဆံမှု ပုံစံနဲ့ ပတ်သက်တဲ့ သီအိုရီတွေပေါ်မှာ အခြေခံပြီး ကြိုးစားကြည့်နိုင်ပါတယ်။

ယောကျာ်းလေးရရှိဖို့အတွက် အကောင်းဆုံး လိင်ဆက်ဆံမှု ပုံစံ

ယောကျာ်းလေးရရှိဖို့အတွက် အကောင်းဆုံး လိင်ဆက်ဆံမှု ပုံစံကတော့ အနောက်ကနေ လိင်ဆက်ဆံခြင်း (doggy style) ပဲဖြစ်ပါတယ်လို့ ပြောကြပါတယ်။ အမျိုးသမီးဆီက X-chromosome ဟာ အမျိုးသားရဲ့ Y-chromosome ထက် နှေးကွေးစွာ သွားတဲ့အတွက်ကြောင့် အမျိုးသား သုက်ပိုးဟာ အနိုင်ရပြီး မျိုးဥအောင် နိုင်ပါတယ်။ ဒီပုံစံဟာ Y-chromosome သုက်ပိုးရဲ့ အရှိန်ကို မြှင့်တင်ပေးပါတယ်။

မိန်းကလေး ရရှိဖို့ အကောင်းဆုံး လိင်ဆက်ဆံမှု ပုံစံ

မိန်းကလေး ရရှိချင်တယ်ဆိုရင်တော့ အမျိုူးသားက အပေါ်ကနေတဲ့ ပုံစံ (missionary position) က အကောင်းဆုံးလို့ ယူဆကြပါတယ်။ ဒီပုံစံမှာ ထိုးသွင်းမှုဟာ မနက်နဲတာကြောင့် သုက်ပိုးတွေဟာ မျိုးဥဆီရောက်အောင် အကြာကြီး သွားရပါတယ်။ ဒီအခါမှာ အမျိုးသမီး သုက်ပိုးဟာ အမျိုးသား သုက်ပိုးထက် ပိုအသက်ရှင်နိုင်တာကြောင့် X chromosome သုက်ပိုးဟာ Y-chromosome သုက်ပိုးထက် ပိုအကျိုးကျေးဇူး ရှိပါတယ်။

အမျိုးသမီးက အပေါ်က နေတဲ့ ပုံစံ

အချို့အမျိုးသမီးတွေအတွက် ဒါဟာ သာယာမှု အရဆုံး ပုံစံဖြစ်ပါတယ်။ ဆရာဝန်တွေကတော့ ဒါဟာ ကလေးရရှိမှုအတွက်လည်း အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်လို့ ဆိုပါတယ်။ . The Mommy Docs Allison Hill, MD; Yvonne Bohn, MD; and Alane Park က ကလေးရဖို့ အကောင်းဆုံးပုံစံကတော့ အမျိုးသမီးအတွက် သက်တောင့်သက်သာ အရှိဆုံးပုံစံပါပဲလို့ ဆိုပါတယ်။

လိင်ဆက်ဆံပြီး နေရမယ့် ပုံစံ

လိင်ဆက်ဆံပြီးရင် ဒီပုံစံကို လုပ်ကြည့်ပါ။ သင့်ခါးအောက်မှာ ခေါင်းအုံးအသေးတစ်လုံးကို မိနစ် ၂၀ခန့်ထားပါ။ ဒါဟာ သုက်ပိုးတွေကို သင့်ရဲ့ သားအိမ်ဆီကို ရောက်ရှိဖို့ ပိုမိုအားပေးပါတယ်။ ဒီလို လိင်ဆက်ဆံပြီး ၁၅ မိနစ်လောက် လဲလျောင်းနေတဲ့ အမျိုးသမီးတွေမှာ ကလေးရရှိမှုနှုန်း ပိုများတာကို တွေ့ရပါတယ်။

အမျိုးသမီးရဲ့ လိင်စိတ်အထွတ်အထိပ်ရောက်ခြင်း

အချို့ကျွမ်းကျင်သူတွေက ကလေးရရှိဖို့အတွက် အမျိုးသမီးတွေမှာ လိင်စိတ်အထွတ်အထိပ်ရောက်ခြင်းဟာ အရေးကြီးတယ်လို့ ယူဆကြပါတယ်။ အမျိုးသမီးတစ်ယောက်ဟာ လိင်စိတ်အထွတ်အထိပ်ရောက်ရင် ဖြစ်လာတဲ့ကြွက်သားကျုံ့ခြင်းဟာ သားအိမ်ခေါင်းကို မိန်းမကိုယ်ထဲကို ဆွဲနှစ်လိုက်ပါတယ်။ ဒါဟာ သုက်ပိုး သားအိမ်ထဲကိုရောက်ဖို့ စုပ်ယူလိုက်သလိုဖြစ်သွားပြီးတော့ ကလေးရရှိမှု ပိုမိုမြင့်တက်စေပါတယ်။

သင်အိမ်ထောင်ကျနေစဉ်မှာ လိင်ဆက်ဆံခြင်းနဲ့ ကလေးရရှိအောင်ကြိုးစားခြင်းဟာ အရေးကြီးပါတယ်။ ဒါပေမယ့် ကလေးရရှိအောင် ကြိုးစားခြင်းဟာ အမြဲလွယ်ကူတဲ့အလုပ်တော့ မဟုတ်ပါဘူး။ သင်ပုံစံအမျိုးမျိုးနဲ့ ကြိုးစားပေမယ့် ကလေးမရရှိဘူးဆိုရင်တော့ သင့်ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr . Phyu Mon Latt · 05/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။