brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

သားသားလား၊ မီးမီးလား ရွေးချယ်နိုင်ပါသလား

ယဉ်ကျေးမှုဆိုင်ရာ အကြောင်းရင်း၊ သားယောက်ျားလေး၊ မိန်းကလေးကို ကြီးပြင်းအောင် စောင့်ရှောက်တဲ့ စိတ်ကူးယဉ်ခြင်းတွေ အစရှိတဲ့ အကြောင်းရင်းတွေကြောင့် ကလေးရဲ့ လိင်ကို ရွေးချယ်တတ်ကြပါတယ်။ စုံတွဲတိုင်းမှာ သဘာဝအတိုင်း ယောက်ျားလေး၊ မိန်းကလေး ရရှိဖို့ ဖြစ်နိုင်ချေ ၅၀/၅၀ ရှိပါတယ်။ ဘယ်လိုနည်းလမ်းမျိုး အသုံးပြုသည်ဖြစ်စေ ကလေးနဲ့ မိခင်ကို အန္တရာယ် မဖြစ်စေသင့်ပါဘူး။

သားသားလား၊ မီးမီးလား ရွေးချယ်နိုင်ပါသလား

အောက်ပါနည်းလမ်းတွေကတော့ သင်လိုချင်တဲ့ ကလေးကို ရရှိဖို့ ကူညီပေးနိုင်တဲ့ နည်းလမ်းတွေပဲ ဖြစ်ပါတယ်။

သဘာဝနည်းလမ်းများ

Shettles နည်းလမ်းဟာ ကလေးရဲ့ လိင်ကို ရွေးချယ်မှုအတွက် လူသိအများဆုံး သဘာဝနည်းလမ်း တစ်ခု ဖြစ်ပါတယ်။

ယောက်ျားလေး လိုချင်လျှင်

  • သားဥကြွေခြင်းနဲ့ တတ်နိုင်သမျှ နီးကပ်အောင် လိင်ဆက်ဆံပါ။ သဘောတရားကတော့ Y ခရိုမိုဆုန်းပါတဲ့ သုက်ပိုးဟာ X ခရိုမိုဆုန်းပါတဲ့ သုက်ပိုးထက် ပိုမြန်တာကြောင့် သားဥအိမ်ဆီကို မြန်မြန်ရောက်နိုင်တာကြောင့် ဖြစ်ပါတယ်။
  • နက်နဲတဲ့ ထိုးသွင်းမှုပါတဲ့ လိင်ဆက်ဆံမှုပြုပါ။ နီးကပ်တဲ့ အကွာအဝေးဟာ Y ခရိုမိုဆုန်း သုက်ပိုးအတွက် ပိုအကျိုးရှိပါတယ်။
  • အမျိုးသားတွေနဲ့ တစ်ချိန်တည်း (သို့) စောပြီး လိင်စိတ်အထွတ်အထိပ် ရောက်တဲ့ အမျိုးသမီးတွေဟာ မိန်းမကိုယ်အတွင်းမှာ အယ်လ်ကာလီအရည်တွေ ပိုထွက်ပြီး Y ခရိုမိုဆုန်းသုက်ပိုးအတွက် ပိုအကျိုးရှိပါတယ်။

မိန်းကလေး လိုချင်လျှင်

  • သားဥမကြွေခင် ၂-၃ရက် စောပြီး လိင်ဆက်ဆံခြင်း၊ သားဥမကြွေခင်အချိန်လေးကနေပြီး သားဥကြွေအပြီး ၂ ရက်အထိ လိင်ဆက်ဆံမှုကို ရှောင်ကြဉ်ခြင်း
  • တိမ်သော ထိုးသွင်းမှု လုပ်ခြင်း
  • အမျိုးသမီးတွေဟာ လိင်စိတ်အထွတ်အထိပ် မရောက်ခြင်း
  • ဒါပေမယ့် ကျွမ်းကျင်ပညာရှင် အတော်များများက သဘာဝအတိုင်း လိင်ရွေးချယ်တဲ့ နည်းလမ်းတွေ ဖြစ်တဲ့ Shettles နည်းလမ်းလိုမျိုးရဲ့ အစွမ်းထက်မှုကို မေးခွန်းထုတ်ကြပါတယ်။

နည်းပညာအသစ်အဆန်းများ

Microsort technique ဟာ flow cytometer ဆိုတဲ့ လေဆာ ရောင်ခြည်၊ ဆိုးဆေး နဲ့ စက်တွေကို အသုံးပြုပြီး အမျိုးသားတွေရဲ့ သုက်ပိုးကို အမျိုးသမီးတွေဆီက ခွဲထုတ်ကြပါတယ်။ သုက်ပိုးကို ခွဲအပြီးမှာ ယူထားတဲ့အရည်ကို အမျိုးသမီးထဲကို ပြန်ထည့်လိုက်ပါတယ် (ဥပမာ ဖန်ပြွန်သန္ဓေသား)

၂၀၀၂ ခုနှစ်မှာတော့ မိန်းကလေးလိုချင်တဲ့ စုံတွဲတွေ ကြားမှာ ၉၁ ရာခိုင်နှုန်း အောင်မြင်မှု ရှိခဲ့ပြီး ယောက်ျားလေးလိုချင်တဲ့ စုံတွဲတွေ ကြားမှာတော့ ၇၃ ရာခိုင်နှုန်း အောင်မြင်မှု ရှိခဲ့ပါတယ်။

Microsoft အပြင် သန္ဓေသားမတွယ်ခင် မျိုးရိုးဗီဇစစ်ဆေးခြင်း နဲ့ အချင်းနမူနာစစ်ဆေးခြင်း ကိုလည်း ကလေးရဲ့ လိင်ရွေးချယ်ဖို့ အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် ဒီနည်းလမ်းနှစ်မျိုးလုံးကို အမေရိကန်မျိုးဆက်ပွားဆေးပညာအဖွဲ့အစည်းက မိသားစုအတွင်း ကလေးလိင်အရေအတွက် မျှစေဖို့ ရည်ရွယ်တဲ့ စုံတွဲတွေမှာ လိင်ရွေးချယ်ရန်အတွက် အကြံပေးခြင်း မပြုပါဘူး။

သေချာတာကတော့ ကလေးတစ်ယောက်ရဲ့ လိင်ဟာ လူတိုင်းအတွက် အရေးကြီးပေမယ့် သူတို့ရဲ့ ကျန်းမာရေးကို အဓိက ထားသင့်ပါတယ်။ ပိုမိုသိရှိလိုတယ်ဆိုရင် သင့်အတွက် သင့်ဆရာဝန်က အကောင်းဆုံးအကြံဉာဏ်တွေကို ပေးနိုင်မှာ ဖြစ်ပါတယ်။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr . Phyu Mon Latt မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/05/2020 ဖြစ်ပါသည်။