backup og meta

ရင်သွေးလေးကို မီးမီးလေးမှ လိုချင်တယ်ဆိုတဲ့ စုံတွဲတိုင်းအတွက်။ ။

သားဦးလေးကို မီးမီးလေးအရင်လိုချင်တယ်၊ သားသားလေးက ရှိနေပြီဆိုတော့ နောက်တစ်ယောက်ကို မီးမီးလေးလိုချင်တယ်ဆိုတဲ့ စုံတွဲတွေရှိလား။ သားလေးလိုချင်ရင် ဘာလုပ်ရမယ်၊ ညာလုပ်ရမယ်ဆိုတာတွေက များနေတော့ ဒီတစ်ခေါက် မီးမီးလေးလိုချင်ရင် လုပ်သင့်တဲ့ အချက်တွေ အကြောင်းပြောပြပေးချင်ပါတယ်။ သားသမီးရတနာဆိုတာ ကံကပေးတယ်ဆိုပေမယ့် ခုလို ကြိုးစားကြည့်ထားတော့ မမှားဘူးပေါ့။

ရင်သွေးလေးကို မီးမီးလေးမှ လိုချင်တယ်ဆိုတဲ့ စုံတွဲတိုင်းအတွက်။ ။

မီးမီးလေး လိုချင်ရင် ဒါတွေလုပ်ကြည့်လို့ရပါတယ်။

ဒီလို စားပါ။

မေမေဆို အက်ဆစ်ပြောင်းစေမယ့် အစားအစာတွေစားပါ။

အက်ဆစ်ဓါတ်များတဲံ အစားအစာတွေစားသင့်တယ်ဆိုပေမယ့် များကြီးစားဖို့တော့ မလိုအပ်ပါဘူး။ အက်ဆစ်ဓါတ်များတဲ့ အစားအစာဆိုတိုင်း ချဉ်တဲ့အစားအစာတွေ အချဉ်ဖောက်ထားတဲ့ အစားအစာတွေကို ပြောတာမဟုတ်ပါဘူး။ ကိုယ်ထဲကို ရောက်သွားတာနဲ့ အက်ဆစ်ဓါတ်ဘက်ကို ရောက်သွားမယ့် အစးအစာတွေကို ပြောတာဖြစ်ပါတယ်။ ကိုယ်တွင်း အက်ဆစ်ဓါတ်အပြောင်းအလဲကိုဖြစ်စေမယ့် အစားအစာတွေကတော့

  • နေ့စဉ်စားနေတဲ့ အသားငါး ၊နို့နဲ့နို့ထွက်ပစ္စည်းတွေ၊ ထမင်း၊ ဂျုံ၊ ပြောင်းဖူး၊ ကြက်ဥ အကာ၊ ချော့ကလက်နဲ့ အခြား ချဉ်တဲ့အသီးတွေဖြစ်တဲ့ ခရမ်းချဉ်သီး၊ လိမ္မော်သီး၊စတော်ဘယ်ရီ၊ စပျစ်သီးနဲ့ နာနတ်သီးတို့စားပေးလို့ရပါတယ်။

ဖေဖေကတော့ အယ်ကာလီများတာစားပါ။

အယ်ကာလီလဘက်ကို ရောက်တဲ့ အစားအစာတွေဖြစ်တဲ့ အသီးအရွက်တွေ၊ နို့တွေ၊ လက်ဖက်ရည်၊ ရေညှိ၊ ကယ်လ်ဆီယမ်၊ ဗီတာမင် D ကြွယ်ဝတဲ့ အစားအစာတွေစားပေးဖို့လိုပါတယ်။

နှစ်ဦးလုံး အသီးအရွက်များများစားပါ။ အစိမ်းရောင်အသီးအရွက်တွေမှာပါတဲ့ကယ်လ်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်တို့ဟာ မီးမီးလေးရဖို့ အခွင့်အလမ်းကို ပိုများစေမှာပါ။

ဒါတွေလုပ်ပါ။

လေ့လာချက်တွအရ သုက်ကောင်ရေများလေ သားသားလေးရဖို့ အခွင့်အလမ်းပိုများလေးဖြစ်ပြီး သုက်ပိုးနည်းလေ မီးမီးလေးပိုရဖို့ အခွင့်အလမ်းများလေလို့ဆိုပါတယ်။

  • ဒါ့ကြောင့် ယောက်ကျားလေးလိုချင်ရင် သားဥမကြွေခင်ရက်ပိုင်းတွေမှာ လိင်ဆက်ဆံခြင်းကို ရှောင်သင့်ပါတယ်။ သားဥကြွေတဲ့အချိန်လောက်ကိုက်ပြီး ဆက်ဆံပါမှ သုတ်ပိုးအရေအတွက်များမှာဖြစ်ပါတယ်။ မိန်းကလေးလိုချင်ရင်တော့ အတူနေတာကို ရှောင်ရမယ့် ရက်တွေမရှိပါဘူး။ ၃ ရက်တစ်ခါလောက် ဆက်ဆံပေးသင့်ပါတယ်။ သားဥကြွေခါနီး ၂ ရက်အလိုလောက်မှာ အတူနေရင် သမီးမိန်းကလေး မွေးနိုင်ချေ ပိုများပါတယ်။
  • အတူမနေခင် ရေနွေးနွေးလေးနဲ့ ရေချိုးပေးပါ။ သားသားလေးဖြစ်မယ့် သုက်ပိုးတွေက အပူဆို သိပ်အနားမကပ်တာကြောင့် မီးမီးလေးဖြစ်မယ့် သုက်ပိုးတွေအတွက် နေရာပိုရစေမှာပါ။

လိင်ဆက်ဆံမယ့် အနေအထားတွေကတော့

  • အတွင်းကိုနက်နက်ထိုးသွင်းတဲ့ ပုံစံကို ရှောင်ရပါလိမ့်မယ်။
  • မိန်းကလေးလိုချင်တာဖြစ်တဲ့အတွက် လိင်စိတ်အထွတ်အထိပ်ရောက်တာကို ရှောင်ရပါလိမ့်မယ်။ ဘာ့ကြောင့်လဲဆိုတာ မိန်းကလေးဖြစ်မယ့် သုက်ပိုးကောင်လေးတွေက အားပိုးနည်းပြီး အပြေးမသန်လို့ပါ။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.yourchineseastrology.com/ways-to-conceive-baby-girl.htm

Accessed Date 14.8.2019

https://www.bellybelly.com.au/conception/how-to-conceive-a-girl/

Accessed Date 14.8.2019

https://www.healthymummy.com/conceive-baby-girl/

Accessed Date 14.8.2019

ယခုပုံစံ

23/06/2022

Dr. Thin Yadanar @ Frances မှ ရေးသားသည်။

Yun Sandi Nan Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သားဦးမေမေတို့သိချင်နေမယ့် အရာများ

ကိုယ်ဝန်မလိုချင်တဲ့သူတွေ သိထားသင့်တဲ့ သားဥကြွေချိန်ကို တွက်ချက်ခြင်း။ ။



Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 23/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ