
လူတော်တော်များများ ဘယ်လိုပဲ ကြိုးစား ကြိုးစားကလေးမရသေးရင် အမျိုးသမီးတွေကို အရင်ဆုံး အပြစ်ပြေးမြင်တတ်ကြပါတယ်။ ဒီမိန်းကလေးက မြုံနေလို့ ခုထိကလေးမရနိုင်တာဆိုပြီးပေါ့။ တကယ်တော့ ကလေးမရနိုင်တဲ့ စုံတွဲတစ်တွဲမှာ မိန်းကလေးကပဲ အပြစ်အနာအဆာရှိနေတာမဟုတ်ပါဘူး။ အမျိုးသားမှာလည်း ချို့ယွင်းချက်ရှိလို့ ကလေးမရတာဖြစ်နိုင်သလို အခြား အကြောင်းအရာတွေလည်းရှိပါသေးတယ်။ ဘယ်လိုအကြောင်းအရာတွေကြောင့် ကလေးမရနိုင်တာမျိုး ဖြစ်သလဲဆိုတာ ကြည့်ရအောင်။ ။
တချို့မလိုချင်တဲ့သူတွေကျ တစ်ခါဆိုတစ်ခါတည်းနဲ့ ကလေးတန်းရသွားတတ်ပေမယ့် လိုချင်တဲ့သူတွေမှာကျ တန်းပြီး ကလေးရသွားတာရှားပါတယ်။ ဒီတော့ ကိုယ်ဝန်ရဖို့ ကိုယ်ကြိုးစားနေတာ ဘယ်လောက်ကြာပြီလဲဆိုတာက အရေးကြီးလာပါပြီ။ စုံတွဲအားလုံးရဲ့ ၈၀ ရာခိုင်နှုန်းက ကိုယ်ဝန်ရဖို့ ကြိုးစားတဲ့ ၆လ အတွင်းမှာ ကလေးရသွားတတ်ပြီး တချို့ ဆို ကလေးရဖို့ကြိုးစားတာ ၁ နှစ်လောက်ကြာသွားမှ ကိုယ်ဝန်ရတတ်ပါတယ်။ ဒါကြောင့် ကိုယ်က ၆ လကြာတဲ့အထိကြိုးစားတာတောင် ကိုယ်ဝန်မရဘူးဆိုပြီး စိတ်ပျက်အားမလျှော့လိုက်ပါနဲ့။ အဓိကက ကြိုးစားနေဖို့ပါပဲ။
ဆရာဝန်နဲ့ သွားတွေ့ပြီး ကလေးရဖို့ ဆွေးနွေးသင့်တဲ့ အကြောင်းအရာတွေကတော့
ကိုယ်ဝန် တစ်ခုဖြစ်တည်လာဖို့ သားဥနဲ့ သုက်ကောင်နဲ့တွေ့မှရမယ်ဆိုတာ အားလုံးသိပါတယ်။ ဒီတော့ သားဥမကြွေခဲ့ရင် ကိုယ်ဝန်ရဖို့ မဖြစ်နိုင်ပါဘူး။ သားဥမကြွေတဲ့ဖြစ်စဉ်ဆိုတာ အမျိုးသမီးတွေမြုံခြင်းကိုဖြစ်စေတဲ့ အဓိက အကြောင်းအရင်းပါ။ သားဥကြွေခြင်းကို ထိခိုက်နိုင်တဲ့ အခြေအနေတွေကတော့
ကိုယ်ဝန်မရတဲ့ ဖြစ်စဉ်မှာ အမျိုးသမီးတွေမှာပဲ ချို့ယွင်းချက်ရှိတာမဟုတ်ပါဘူး။ ကလေးမရတဲ့ စုံတွဲ ၂၀ ကနေ ၃၀ ရာခိုင်နှုန်းလောက်က အမျိုးသားရဲ့ ချို့ယွင်းချက်ကြောင့် ကလေးမရတာ ဖြစ်နိုင်ပြီး ၄၀ ရာခိုင်နှုန်းလောက်က နှစ်ဦးစလုံးမှာချို့ယွင်းချက်ရှိလို့ ကလေးမရနိုင်တာဖြစ်ပါတယ်။ အမျိုးသားရဲ့ သုက်ပိုးကောင် လေးတွေ ကျန်းမာမှုမရှိတာ၊ လုံလောက်တဲ့ ပမာဏ မထွက်တာ၊ ဖျတ်လတ်သန်စွမ်းမှု အပိုင်းမှာ အားနည်းနေတာတွေကလည်း ကိုယ်ဝန်မရစေတဲ့ အကြောင်းအရင်းတွေပါ။ ဒါကြောင့် ကိုယ်ဝန်မရလို့ဆ ရာဝန်ဆီ သွားစစ်တဲ့အခါမှာ အမျိုးသားရော အမျိုးသမီးရော နှစ်ဦးလုံးမှာ ချို့ယွင်းချက်ရှိမရှိ စစ်ဆေးသင့်ပါတယ်။
အမျိုးသမီးက အသက် ၃၅ နှစ်ကျော်၊ အမျိုးသားက အသက် ၄၀ ကျော်ဆိုရင် ကိုယ်ဝန်ရဖို့ ပိုကြာတတ်ပါတယ်။ တချို့လူတွေထင်နေကြတာရှိပါတယ်။ ရာသီစက်ဝန်းကမှန်နေတယ်ဆိုရင် ကိုယ်ဝန်ရဖို့အတွက်က ပူစရာမလိုဘူးပေါ့။ ဒါကအသက်ငယ်တဲ့သူတွေမှာပဲ မှန်တာပါ။ အသက်ကြီးသွားတဲ့ သူတွေမှာတော့ သားဥရဲ့ စွမ်းဆောင်နိုင်မှုအပေါ်ရော သားဥကြွေခြင်း အပေါ်ရော အသက်အရွယ်က သက်ရောက်မှုရှိပါတယ်။
တချို့စုံတွဲတွေမှာဆို ဘာချို့ယွင်းချက်မှ ရှာမရဘဲနဲ့ ကလေးမရတာမျိုးတွေလည်းရှိတတ်ပါတယ်။ ကလေးရတာ မရတာဆိုတာကလည်း ကံတရားပေါ်မှာလည်း မူတည်သေးတာကြောင့် နင့်ကြောင့် ကလေးမရတာ၊ ငါ့ကြောင့် ကလေးမရတာလို့ ငြင်းခုန်နေမယ့် ဘာကြောင့်မရတာလဲဆိုတာကို သေချာအဖြေရှာပြီးတော့ ကလေးရနိုင်မယ့် နည်းလမ်းတွေဖြစ်တဲ့ ဖန်ပြွန်သန္ဓေသားနည်းနဲ့ ကိုယ်ဝန်ရအောင် စမ်းကြည့်ပါလို့ အကြံပေးချင်ပါတယ်။ ။