brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

မျိုးအောင်နိုင်သော်လည်း ကလေးမရနိုင်သည့် အကြောင်းအရင်းများ

ကလေးမရဘူး ဆိုတာ မျိုးမအောင်ခြင်း တစ်ခုတည်းကြောင့် မဟုတ်ပါဘူး။ ကလေးရနိုင်ခြေ ဟာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ စိတ်ခံစားမှုဆိုင်ရာတို့နဲ့ ဆက်နွယ်လျက် ရှိပါတယ်။ ဒီအချက်အလက်တွေကို သတိပြုမိဖို့ လိုပါတယ်။ ဒီတစ်ခေါက်တော့ မျိုးအောင်နိုင်သော်လည်း ကလေးမရနိုင်သည့် အကြောင်းအရင်းများ ကို ပြောပြပေးချင်ပါတယ်။

မျိုးအောင်နိုင်သော်လည်း ကလေးမရနိုင်သည့် အကြောင်းအရင်းများ

ဒါမှပဲ ကလေးမရခြင်းကို ဖြေရှင်းနိုင်ရန်အတွက် တိကျကောင်းမွန်တဲ့ ချဉ်းကပ်မှုတွေကို ပြုလုပ်နိုင်မှာပါ။

မျိုးအောင်နိုင်သော်လည်း ကလေးမရနိုင်သည့် အကြောင်းအရင်းများ

မျိုးအောင်နိုင်သော်လည်း ကလေးမရနိုင်သည့် အကြောင်းအရင်းများ ကတော့

အမျိုးသားနဲ့ဆိုင်တဲ့ ပြဿနာများ

သုက်ပိုးတွေရဲ့ အရည်အသွေးက ကလေးရနိုင်ခြေ အပေါ် အများကြီး လွှမ်းမိုးနေပါတယ်။ အရည်အသွေး ညံ့ဖျင်းတဲ့ သုက်ပိုးတွေက မမျိုးဥဆီ ရောက်ရှိဖို့ ခက်ခဲသွားတာကြောင့် မျိုးအောင်နိုင်ခြေသည် လျော့ကျသွားပါတယ်။

ဒါ့အပြင် သုက်ပို့ပြွန် ပုံသဏ္ဍန်မမှန်ခြင်းကလည်း သုက်ရည်စီးဆင်းမှုကို နှောင့်နှေးစေပါတယ်။ ၃၀-၄၀% သော ဇနီးမောင်နှံတွေက ဒီအခြေအနေကြောင့် ကလေးရဖို့ ခက်ခဲတတ်ပါတယ်။

သားအိမ်သွေးလုံးတည်ခြင်း/ သားအိမ်တစ်ရှူးနေရာမှားခြင်း

သားအိမ် ဒါမှမဟုတ် သားဥပြွန်မှာ သွေးလုံးတည်နေတာကြောင့် သုက်ပိုးနဲ့ မမျိုးဥ ပေါင်းဆုံဖို့အတွက်ရော၊ ပေါင်းဆုံသန္ဓေအောင်ပြီး သားအိမ်မှာ လာတွယ်ဖို့အတွက်ရော အနှောင့်အယှက်ဖြစ်စေပါတယ်။

ဒီရောဂါက ရာသီလာချိန်နဲ့ လိင်ဆက်ဆံချိန်မှာ နာကျင်ခြင်းကို ဖြစ်စေပါတယ်။ ကံကောင်းတာက ကုသပျောက်ကင်းနိုင်ပါတယ်။

မျိုးဥကြွေရာမှာ ချို့ယွင်းချက်ရှိခြင်း

ရာသီစက်ဝန်းမှာ ပြဿနာ တစ်ခုခု ရှိတဲ့အခါ ဖြစ်တတ်ပါတယ်။ ရာသီစက်ဝန်းက တိုလာနိုင်တယ်၊ ကြာလာနိုင်တယ်။ တည်တည်ငြိမ်ငြိမ်လည်း မရှိတော့ပါဘူး။ ပိုဆိုးတာကတော့ မျိုးဥကို မကြွေတော့တာပါ။ ၂၀-၄၀%သော အမျိုးသမီးတွေက ဒီပြဿနာနဲ့ ကြုံရတတ်ပါတယ်။

မျိုးဥမကြွေတာက အကြောင်းအရာအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ ဥပမာ ဟော်မုန်းများ မူမမှန်ခြင်း၊ လေ့ကျင့်ခန်း အလွန်အကျွံလုပ်ခြင်း၊ ကိုယ်အလေးချိန် ကျဆင်းခြင်း သို့မဟုတ် အဝလွန်ခြင်းနဲ့ စိတ်ဖိစီးမှု အလွန်များခြင်းတို့ကြောင့် ဖြစ်နိုင်ပါတယ်။

မျိုးဥမကြွေတဲ့ ပြဿနာတွေကိုတော့ မျိုးဥကြွေဆေးများနဲ့ ကုသနိုင်ပါတယ်။ IVF (ခန္ဓာကိုယ်ပြင်ပမှာ မျိုးအောင်စေပြီး ကိုယ်အတွင်းသို့ ပြန်လည် ပို့ပေးခြင်းဖြင့် ကိုယ်ဝန်တည်စေခြင်း)ကို အသက်ကြီးတဲ့ လင်မယားများအတွက် အသုံးပြုနိုင်ပါတယ်။

Polycystic Ovarian Syndrome (POCS) (သားဥအိမ်အရည်အိတ်တည်ခြင်းရောဂါစု)

မမျိုးဥ ရောဂါ တစ်မျိုး ဖြစ်ပြီး ဟော်မုန်း မညီမျှခြင်းကို ဖြစ်စေပါတယ်။ ရောဂါလက္ခဏာတွေက ရှုပ်ထွေးပြီး လူတစ်ယောက် နဲ့ တစ်ယောက် မတူပါဘူး။ ရောဂါလက္ခဏာတွေ ကတော့ မျိုးဥမကြွေတော့ခြင်း၊ ရာသီစက်ဝန်း မမှန်ခြင်း၊ ကိုယ်အလေးချိန် အလွန်တက်လာခြင်း၊ ဝက်ခြံ ထွက်ခြင်း၊ မျက်နှာမှာ အမွေးအမျှင်များ ပေါက်လာခြင်းနဲ့ မျိုးမအောင်တော့ခြင်းတို့ပဲ ဖြစ်ပါတယ်။

ဘယ်လိုကုသရမယ်ဆိုတာဟာ ရောဂါလက္ခဏာတွေပေါ်မှာ မူတည်နေပါတယ်။

နေထိုင်စားသောက်မှုပုံစံမမှန်ခြင်း

ကိုယ်အလေးချိန်အရမ်းများတာ၊ အရမ်း နည်းတာက ကလေးရခြင်း၊ မရခြင်း အပေါ်မှာ သက်ရောက်မှု ရှိပါတယ်။ အဆီများတဲ့ အစားအစာတွေ စားတာ၊ အာဟာရချို့တဲ့တာတွေက ဟော်မုန်းတွေရဲ့ လုပ်ငန်းဆောင်တာတွေကို နှောင့်ယှက်နိုင်ပါတယ်။

ဒါ့အပြင် ဆေးလိပ် သောက်ခြင်း နဲ့ အရက်သေစာ သောက်သုံးခြင်းက သုက်ပိုး အရေအတွက်ပေါ်မှာ ဆိုးကျိုးတွေ သက်ရောက်နိုင်တာကြောင့် ရှောင်ရှားဖို့ အကြံပြုထားပါတယ်။

ကိုယ်ဝန်ဆောင်ဖို့ မကြိုးစားခင်မှာ ကျွမ်းကျင်သူ ဆရာဝန်နဲ့ ပြသတာက အကြံကောင်း တစ်ခု ဖြစ်ပါတယ်။ အကြောင်းရင်းကို စောစောတွေ့ရှိမယ် ဆိုရင် သေချာ ကုသပြီး ကလေးရနိုင်ခြေလည်း မြင့်မားသွားပါလိမ့်မယ်။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Phyo Wai Yan မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 18/08/2022 ဖြစ်ပါသည်။