brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကိုယ်ဝန်ဆောင်အစောပိုင်းကာလမှာ ခံစားရနိုင်တဲ့ လက္ခဏာတွေ

ကိုယ်ဝန်ဆောင်တဲ့အခါ ခန္ဓာယ်မှာပြောင်းလဲတာတွေဖြစ်ပေါ်လာပါတယ်။ ဒီပြောင်းလဲမှုတွေကို ကိုယ်ဝန်ဆောင်အစောပိုင်းကာလပြောင်းလဲမှုတွေလို့ခေါ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်ခန္ဓာကိုယ်မှာ ဘယ်လိုပြောင်းလဲလာလဲဆိုတာကို သိချင်ရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါနော်။

ကိုယ်ဝန်ဆောင်အစောပိုင်းကာလမှာ ခံစားရနိုင်တဲ့ လက္ခဏာတွေ

ကိုယ်ဝန်ရှိလာတဲ့အခါ ဒီလိုလက္ခဏာတွေတွေ့ရနိုင်ပါတယ်

ကိုယ်ဝန်ရှိလာတဲ့အခါ ခန္ဓာကိုယ်မှာ အခုလို ပြောင်းလဲမှုတွေ ခံစားလာရနိုင်ပါတယ်။

  • ကိုယ်ဝန်ရှိလာတဲ့အခါ ရင်သားတွေကြီးလာမယ်၊ တင်းပြီးနာမယ်
  • ရင်သားတွေက ကိုယ်ဝန်ရှိနေပြီဆိုတာကို အရင်ဆုံးသိရှိစေတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေပေါ့။ ကိုယ်ဝန်စရှိပြီး နှစ်ပတ်လောက်ကာလအတွင်းမှာဟော်မုန်းပြောင်းလဲမှုကြောင့် ရင်သားတွေပြည့်တင်းလာပြီး နာကျင်မှုကို ခံစားရနိုင်ပါတယ်။

    ကိုယ်ဝန်ဆောင်အစောပိုင်းကာလမှာ ပရိုဂျက်စတင်ဟော်မုန်းတက်လာတာကြောင့် ပင်ပန်းနွမ်းနယ်တာ နည်းနည်းလောက်လှုပ်ရှားမိရင်ကိုခြေကုန်လက်ပမ်းကျတာမျိုးကြုံရနိုင်ပါတယ်။ ပုံမှန်လှုပ်ရှားမှုလေးတွေလုပ်ရင်းနဲ့ကို ခြေကုန်လက်ပန်းကျသလိုခံစားရနိုင်ပါတယ်။

    • သွေးနည်းနည်းဆင်းမယ်

    တစ်ခါတလေမှာ ကိုယ်ဝန်ဆောင်အစောပိုင်းကာလမှာသွေးအနည်းငယ်ဆင်းတာမျိုးကြုံရနိုင်ပါတယ်။ အများကြီးတော့မဟုတ်ပါဘူး။ သန္ဓေအောင်သွားတဲ့ မျိုးဥက သားအိမ်နံရံမှာ တွယ်ကပ်တာကြောင့်သွေးအနည်းငယ်ဆင်းတာပါ။

    • ဗိုက်နည်းနည်းအောင့်မယ်

    ကိုယ်ဝန်ဆောင်အစောပိုင်းကာလမှာ ဗိုက်ကရာသီလာစဉ်နာကျင်ကိုက်ခဲသလိုမျိုး အနည်းငယ်ခံစားရနိုင်ပါတယ်။ ဒါကလည် အပေါ်မှာပြောခဲ့သလို သန္ဓေအောင်တဲ့ မျိုးဥက သားအိမ်နံရံကို တွယ်ကပ်တာကြောင့်ပါ။

    ကိုယ်တွင်းမှာ အက်စထရိုဂျင်ဟော်မုန်အလျင်အမြန်မြင့်တက်လာမှုကြောင့် ရင်ပြည့်ရင်ကယ်သလိုမျိုး မအီမသာဖြစ်တာမျိုးခံစားရတာပါ။ ဟင်းနံ့တွေမခံနိုင်တာ၊ စီးကရက်နံ့တွေနဲ့ အခြားသောအနံ့စူးစူးတွေရတဲ့အခါ အန်ချင်သလိုဖြစ်တာမျိုးခံစားရနိုင်ပါတယ်။

    ကိုယ်ဝန်ဆောင်အစောပိုင်းကာလမှာဟော်မုန်းအပြောင်းအလဲကြောင့်သွေးစီးဆင်းမှုတိုးလာပြီးခေါင်းကိုက်တာကိုခံစားရနိုင်ပါတယ်။ သိပ်မပြင်းထန်ပေမယ့် ခဏခဏခေါင်းကိုက်တာမျိုးခံစားရနိုင်ပါတယ်။

    ဝမ်းချုပ်တာကလည်း ကိုယ်ဝန်ဆောင်အစောပိုင်းကာလက္ခဏာတွေထဲက တစ်ခုပါ။ ပရိုဂျက်စတင်ဟော်မုန်းများလာတာကြောင့် အူလမ်းကြောင်းတလျှောက် အစားအစာတွေစီးဆင်းမှုနှေးကွေးသွားပြီး ဝမ်းချုပ်ရတာပါ။

    ကိုယ်ဝန်ဆောင်ချိန် ခန္ဓာကိုယ်မှာဟော်မုန်းအပြောင်းအလဲဖြစ်တာကြောင့် စိတ်အတက်အကျမြန်တာ၊ အကြောင်းအရင်းမရှိဘဲ ဝမ်းနည်းနေတာမျိုးတွေ၊ စိတ်တိုလွယ်တာမျိုးတွေခံစားရနိုင်ပါတယ်။

    သွေးပေါင်ချိန်ကျသွားတာကြောင့် ခေါင်းထဲမှာ မူးနေတာမျိုးခံစားရနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်အစောပိုင်းကာလမှာ သွေးတွင်းသကြားဓာတ်လျော့ကျတာမျိုးဖြစ်နိုင်ပါတယ်။

    ကိုယ်ဝန်ဆောင်အစောပိုင်းကာလမှာ ကိုယ်အပူချိန်မြင့်တက်တာမျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့်ရေများများသောက်တာမျိုးလုပ်ပေးပါ။

    ကိုယ်ဝန်ဆောင်တိုင်း ဒီလက္ခဏာတွေကို ခံစားရမယ်လို့တော့မဆိုလိုပါဘူး။ တစ်ယောက်နဲ့တစ်ယောက် ကွာခြားတာတွေတော့ရှိနိုင်ပါတယ်။

    ကိုယ်ဝန်ရှိပြီဆိုတာနဲ့ အရေးကြီးဆုံး သိထားဖို့ လိုတာက ကိုယ်ဝန်အပတ်ရေ ဘယ်လောက်ရှိပြီလဲ။ မွေးဖွားမယ့်ရက်က ဘယ်တော့လဲဆိုတာပါ။ ဒီလို သိမှ မေမေရော ဘေဘီလေးပါ ကျန်းမာစေဖို့ လိုအပ်တဲ့ စောင့်ရှောက်မှုတွေကို ခံယူနိုင်မှာလေ။ ဒီတော့ ကိုယ်ဝန် အစောပိုင်း လက္ခဏာတွေ ခံစားနေရပြီဆိုရင် ကိုယ်ဝန် အပတ်ရေကို သိရှိနိုင်ဖို့နဲ့ ဘေဘီလေးကို ဘယ်နေ့မှာ မီးဖွားမလဲဆိုတာကိုသိနိုင်ဖို့ ဒီကိရိယာလေး သုံးပြီး တွက်ချက်ကြည့်လိုက်နော်။

    Hello Sayarwon Panel
    Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 10/06/2022 ဖြစ်ပါသည်။