
ကလေးလေးကို အုပ်ထားတဲ့ ဖယောင်းလွှာက ပါးလာပါပြီ။ မေမေတွေဆီက ရောဂါတိုက်ဖျက်ပေးတဲ့ ပဋိပစ္စည်းတွေက ကလေးလေးဆီကို အချင်းကနေတဆင့် ရောက်ရှိနိုင်ပါတယ်။ ဒါက ကလေးလေး ၆လ ကနေ ၁၂လ လောက်ထိကို ကိုယ်ခံအားအတွက် အထောက်အကူပေးပါတယ်။
သားအိမ်ကျုံ့တာက ပိုအားကောင်းပြီး နာပါနာလာပါပြီ။ ဒါပေမယ့် မွေးဖို့ ကျုံ့တာလောက်တော့ ပုံမှန်မရှိပါဘူး။ ကျုံ့တဲ့ အကြိမ်ရေလည်း မများသေးပါဘူး။
ဒီအပတ်တွေမှာ ရေမြွာအိတ်က အချိန်မရွေးပေါက်နိုင်ပါတယ်။ အရည်တွေက ဆီးသွားသလို ကျနိုင်သလို ပုံမှန်လေး စိမ့်နေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
အများစုကတော့ မီးမဖွားခင်ချိန်အထိ ဒါကိုခံစားရမှာမဟုတ်ပါဘူး။ တချို့ဆို မပေါက်လို့ ဆရာဝန်က ဖောက်ပေးရတာတောင်ရှိပါတယ်။ အရည်တွေလည်းဆင်း၊ သားအိမ်ကျုံ့တာလည်း မှန်လာပြီဆိုရင်တော့ ဆေးရုံသွားလိုက်ပါတော့နော်။
သတ်မှတ်ရက် ၂ပတ်လောက်ကျော်နေပြီဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး မွေးလိုက်သင့်ပါပြီ။ ဗိုက်ထဲမှာ ကြာကြာနေလို့လည်း ကလေးအတွက် ကောင်းတာ မရှိပါဘူး။
တချို့ သစ်ဥသစ်ဖုတွေက မီးဖွားရလွယ်အောင် ကူညီပေးနိုင်ပါတယ်တဲ့။ ဒါပေမယ့် ဘယ်လိုဆေးက ဘယ်လိုအကျိုးရှိလဲဆိုတာ တွေ့ရှိထားတာမရှိသေးပါဘူး။ ဒီတော့ ဆေးတစ်မျိုးမျိုးစသုံးတော့မယ်ဆို မသုံးခင် ဆရာဝန်နဲ့ အရင်တိုင်ပင်ပါ။
ကလေးလေးက သားအိမ်ထဲမှာ ဘယ်လိုအနေအထားနဲ့ ရှိလဲဆိုတာသိဖို့ ဆရာဝန်က စစ်ဆေးရပါမယ်။ များသောအားဖြင့်တော့ ခေါင်းနဲ့ မွေးတာက ဆုံနဲ့မွေးတာထက် ပိုလွယ်ပါတယ်။ ဒါ့ပြင် ကိုယ်ဝန်ဆောင်မိခင်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး လိုအပ်တာတွေလည်း စစ်ဆေးဦးမှာပါ။
မေမေအိပ်ရေးပျက်ရင် ကလေးလေးကို ထိခိုက်နိုင်လားဆိုတာကို အတိအကျ မသိကြသေးပါဘူး။ ကလေးလေးကတော့ မေမေတို့ နိုးနေရင်တောင် ဗိုက်ထဲမှာ အေးဆေးအိပ်လို့ရပါတယ်။ အိပ်ရေးပျက်တာကြောင့် အဓိက ထိခိုက်တာက မေေမတို့ရဲ့ ကျန်းမာရေးပါ။
အိပ်ရေးပျက်တာကြောင့် စိတ်မကြည်တာ၊ ခေါင်းကိုက်တာ၊ အားနည်းတာအပြင် မတော်တဆ မူးပြီး ချော်လဲတာမျိုးတွေအထိ ဖြစ်တတ်ပါတယ်။
ဒါကတော့ ဆေးပေါ်မှာပဲ မူတည်ပါတယ်။ ပါရာစီတမောလောက် သောက်တာကတော့ ပြဿနာမဟုတ်ပါဘူး။ ဒါပေမယ့် တခြားဆေးတွေ သောက်မယ်ဆိုရင်တော့ မသောက်ခင်မှာ ဆရာဝန် ဒါမှမဟုတ် ဆေးဝါးပညာရှင်နဲ့ တိုင်ပင်သင့်ပါတယ်။
နောက်အပတ်ရောက်ရင် ဆက်တွေ့မယ်နော်။