ကိုယ်ဝန်ဆောင်နေချိန်မှာ သားသားလေးလား မီးမီးလေးလား ခန့်မှန်းနေရတာက အတော်ကို စိတ်လှုပ်ရှားစရာကောင်းပါတယ်။ ဒဏ္ဍာရီတွေ(လူပြောသူပြော)တွေကလွဲလို့ ကလေးဟာ ဘာလေးဖြစ်မလဲဆိုတာ ရှာဖွေနိုင်တဲ့နည်းလမ်းတွေ အများကြီးရှိပါတယ။်
ကိုယ်ဝန်ဆောင်နေချိန်မှာ သားသားလေးလား မီးမီးလေးလား ခန့်မှန်းနေရတာက အတော်ကို စိတ်လှုပ်ရှားစရာကောင်းပါတယ်။ ဒဏ္ဍာရီတွေ(လူပြောသူပြော)တွေကလွဲလို့ ကလေးဟာ ဘာလေးဖြစ်မလဲဆိုတာ ရှာဖွေနိုင်တဲ့နည်းလမ်းတွေ အများကြီးရှိပါတယ။်

စမ်းသပ်မှုအချို့ကိုလုပ်ပြီး ကလေးကို လိင်ဘယ်လိုခွဲခြားရမလဲဆိုတဲ့အကြောင်းကို ဒီဆောင်းပါးမှာ ဖော်ပြပေးသွားမှာပါ။
ဒီနည်းလမ်းတွေကတော့ လုံးဝကို လူပြောသူပြောများတဲ့ ဒဏ္ဍာရီတွေပါပဲ။ ဘာပဲဖြစ်ဖြစ် ပျော်စရာတော့ ကောင်းပါတယ်လေ။
ပုံပြင်တွေအရတော့ သင့်ရဲ့ ဗိုက်ကလေးက ဘောလုံးလို လုံးနေမယ်ဆိုရင် ယောက်ျားလေးမွေးပါမယ်တဲ့။ တကယ်လို့ ဗိုက်က ကားကားလေးဖြစ်နေမယ်ဆိုရင် မိန်းကလေး မွေးနိုင်ပါတယ်တဲ့။
ဒီနည်းလမ်းကတော့ သင်ဘာစားချင်သလဲဆိုတာပေါ်မူတည်ပြီး သင်ဘာလေးမွေးမလဲဆိုတာ ဆုံးဖြတ်တာပါ။ ဒါဟာ မသေချာမရေရာတဲ့ကိစ္စတစ်ခုပေမယ့် အမေက အချိုတွေကိုပဲ စားချင်နေတယ်ဆိုရင် မိန်းကလေး မွေးမယ်လို့ ယုံကြည်ကြပြီး သင်က အာလူးချောင်းကြော်တွေ၊ စတိခ်တွေ စားချင်နေမယ်ဆိုရင်တော့ ယောက်ျားလေးမွေးနိုင်တယ်လို့ ယုံကြည်ကြပါတယ်။
ရာဇဝင်တွေအရဆိုရင်တော့ သူတို့ရဲ့ ကိုယ်အလေးချိန်တွေကို ထိန်းချုပ်နိုင်တဲ့ အမျိုးသမီးတွေက ယောက်ျားလေးမွေးနိုင်ပြီး မထိန်းနိုင်ရင်တော့မိန်းကလေးမွေးနိုင်ပါတယ်တဲ့။
ဘာလို့ ဒီလိုကွဲပြားနေရတာလဲ? ပုံပြင်တွေအရတော့ ဗိုက်ထဲက မီးမီးလေးက မေမေတို့ရဲ့ အလှတွေကို ခိုးယူနေလို့ပါတဲ့။
ဒီနည်းလမ်းမှာတော့ ကလေးကို ဝန်းရံလွှမ်းခြုံနေတဲ့ အရည်တွေထဲ ထည့်မယ့်အပ်တစ်ချောင်းပါပါတယ်။ ကျွမ်းကျင်သူတွေက ကလေးရဲ့ မျိုးရိုးဗီဇဘယ်လိုဖြစ်တည်နေတယ်ဆိုတာ ကြည့်ပြီး (Chromosomal makeup) ကလေးရဲ့ လိင်ကို ခွဲခြားသတ်မှတ်တာပါ။
ပြီးတော့ ပုံမှန်မဟုတ်တဲ့ မျိုးရိုးဗီဇလက္ခဏာရှိမရှိလည်း တစ်ခါတည်းစစ်ဆေးပါတယ်။ ဒီနည်းလမ်းကတော့ ကလေးရဲ့ လိင်ကို သေချာပေါက်ပြောပြနိုင်မှာပါ။ ဒါပေမဲ့ ဒီနည်းလမ်းက ကိုယ်ဝန်ပျက်ကျနိုင်ချေမြင့်လွန်းတာကြောင့် ဆရာဝန်ကတော့ ဒီစမ်းသပ်မှုကို လုပ်ဖို့ တိုက်တွန်းမှာ မဟုတ်ပါဘူး။
ကိုယ်ဝန်ဆောင်ကာလ ရက်သတ္တပတ် ၂၀ရောက်တဲ့အခါ သင်တို့လင်မယားက Ultra-sound ရိုက်ခြင်းအားဖြင့် သားလေးလား သမီးလေးလား သိနိုင်ပါပြီ။ တကယ်လို့ သိချင်လွန်းအားကြီးနေတယ်ဆိုရင်လည်း ၁၄ပတ်နဲ့ ၁၅ပတ်လောက်မှာတည်းက ရိုက်လို့ရနိုင်ပါပြီ။
တကယ်တမ်း သိပ္ပံနည်းကျကျပြောရမယ်ဆိုရင် သင်က လိပ်တစ်ကောင်ကိုမြင်တယ်ဆိုပါစို့။ ဒါဆိုရင် ယောက်ျားလေးပါ။ လိုင်း၃လိုင်းကိုမြင်တယ်ဆိုရင်တော့ မိန်းကလေးပါပဲ။
ဒါပေမဲ့ ဒီနည်းပညာကလည်း မှားယွင်းတဲ့ အဖြေတွေကို ပေးနိုင်ပါသေးတယ်။ ဒါကြောင့် ၁၀၀%သေချာတဲ့နည်းလမ်းက တစ်ခုတည်းရှိပါတယ်။ မွေးတဲ့အချိန်ထိသာ စောင့်လိုက်ပါ။
သင့်ကလေးဟာ သားလေးလားသမီးလေးလားဆိုတာကို ပုံပြင်တွေ၊ ဒဏ္ဍာရီတွေ၊ လူပြောသူပြောတွေနဲ့ ခန့်မှန်းရတာ တကယ်ကိုပျော်စရာကောင်းပါတယ်။ ဒါပေမဲ့ အမှန်တရားကို သေချာပေါက်သိချင်တယ်ဆိုရင်တော့ အခြားသော အကြံပြုမှုတွေ၊ လမ်းညွှန်မှုတွေနဲ့ ကုသမှုတွေကို ဆရာဝန်တွေထံမှာ မေးမြန်းစုံစမ်းဖို့ တွန့်ဆုတ်မနေပါနဲ့။
Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။