brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ
ကိုယ်ဝန်ပထမအပတ်
ကိုယ်ဝန်ပထမအပတ်
ကိုယ်ဝန်ဒုတိယပတ်
ကိုယ်ဝန်ဒုတိယပတ်
ကိုယ်ဝန်တတိယပတ်
ကိုယ်ဝန်တတိယပတ်
ကိုယ်ဝန်၄ပတ်မြောက်
ကိုယ်ဝန်၄ပတ်မြောက်
ကိုယ်ဝန်၅ပတ်မြောက်
ကိုယ်ဝန်၅ပတ်မြောက်
ကိုယ်ဝန်၆ပတ်မြောက်
ကိုယ်ဝန်၆ပတ်မြောက်
ကိုယ်ဝန်၇ပတ်မြောက်
ကိုယ်ဝန်၇ပတ်မြောက်
ကိုယ်ဝန်၈ပတ်မြောက်
ကိုယ်ဝန်၈ပတ်မြောက်
ကိုယ်ဝန်၉ပတ်မြောက်
ကိုယ်ဝန်၉ပတ်မြောက်
ကိုယ်ဝန်၁၀ပတ်မြောက်
ကိုယ်ဝန်၁၀ပတ်မြောက်
ကိုယ်ဝန်၁၁ပတ်မြောက်
ကိုယ်ဝန်၁၁ပတ်မြောက်
ကိုယ်ဝန်၁၂ပတ်မြောက်
ကိုယ်ဝန်၁၂ပတ်မြောက်
ကိုယ်ဝန်၁၃ပတ်မြောက်
ကိုယ်ဝန်၁၃ပတ်မြောက်
ကိုယ်ဝန်၁၄ပတ်မြောက်
ကိုယ်ဝန်၁၄ပတ်မြောက်
ကိုယ်ဝန်၁၅ပတ်မြောက်
ကိုယ်ဝန်၁၅ပတ်မြောက်
ကိုယ်ဝန်၁၆ပတ်မြောက်
ကိုယ်ဝန်၁၆ပတ်မြောက်
ကိုယ်ဝန်၁၇ပတ်မြောက်
ကိုယ်ဝန်၁၇ပတ်မြောက်
ကိုယ်ဝန်၁၈ပတ်မြောက်
ကိုယ်ဝန်၁၈ပတ်မြောက်
ကိုယ်ဝန်၁၉ပတ်မြောက်
ကိုယ်ဝန်၁၉ပတ်မြောက်
ကိုယ်ဝန်၂၀ပတ်မြောက်
ကိုယ်ဝန်၂၀ပတ်မြောက်
ကိုယ်ဝန်၂၁ပတ်မြောက်
ကိုယ်ဝန်၂၁ပတ်မြောက်
ကိုယ်ဝန်၂၂ပတ်မြောက်
ကိုယ်ဝန်၂၂ပတ်မြောက်
ကိုယ်ဝန်၂၃ပတ်မြောက်
ကိုယ်ဝန်၂၃ပတ်မြောက်
ကိုယ်ဝန်၂၄ပတ်မြောက်
ကိုယ်ဝန်၂၄ပတ်မြောက်
ကိုယ်ဝန်၂၅ပတ်မြောက်
ကိုယ်ဝန်၂၅ပတ်မြောက်
ကိုယ်ဝန်၂၆ပတ်မြောက်
ကိုယ်ဝန်၂၆ပတ်မြောက်
ကိုယ်ဝန်၂၇ပတ်မြောက်
ကိုယ်ဝန်၂၇ပတ်မြောက်
ကိုယ်ဝန်၂၈ပတ်မြောက်
ကိုယ်ဝန်၂၈ပတ်မြောက်
ကိုယ်ဝန်၂၉ပတ်မြောက်
ကိုယ်ဝန်၂၉ပတ်မြောက်
ကိုယ်ဝန်၃၀ပတ်မြောက်
ကိုယ်ဝန်၃၀ပတ်မြောက်
ကိုယ်ဝန်၃၁ပတ်မြောက်
ကိုယ်ဝန်၃၁ပတ်မြောက်
ကိုယ်ဝန်၃၂ပတ်မြောက်
ကိုယ်ဝန်၃၂ပတ်မြောက်
ကိုယ်ဝန်၃၃ပတ်မြောက်
ကိုယ်ဝန်၃၃ပတ်မြောက်
ကိုယ်ဝန်၃၄ပတ်မြောက်
ကိုယ်ဝန်၃၄ပတ်မြောက်
ကိုယ်ဝန်၃၅ပတ်မြောက်
ကိုယ်ဝန်၃၅ပတ်မြောက်
ကိုယ်ဝန်၃၆ပတ်မြောက်
ကိုယ်ဝန်၃၆ပတ်မြောက်
ကိုယ်ဝန်၃၇ပတ်မြောက်
ကိုယ်ဝန်၃၇ပတ်မြောက်
ကိုယ်ဝန်၃၈ပတ်မြောက်
ကိုယ်ဝန်၃၈ပတ်မြောက်
ကိုယ်ဝန်၃၉ပတ်မြောက်
ကိုယ်ဝန်၃၉ပတ်မြောက်
ကိုယ်ဝန်၄၀ပတ်မြောက်
ကိုယ်ဝန်၄၀ပတ်မြောက်

ကိုယ်ဝန်၂၄ပတ်မြောက်

မျှဝေပါ။

24 ပတ်

24 ပတ် မြောက်မှာ ကလေးလေး ဘယ်လိုဖွံ့ဖြိုးလာမှာလဲ

သားသားမီးမီးလေးက ဘယ်လိုကြီးလာတာပါလိမ့်

24 ပတ် မှာကျတော့ ကလေးက ဂရိတ်ဖရုအသီးအရွယ်လောက် ရှိပြီး အရှည်က ၂၇.၉၇ စင်တီမီတာလောက် ဖြစ်နေပါပြီ။

24 ပတ်

ကလေးက အောက်ဆီဂျင်ကို အချင်းကနေ ရနေပါတယ်။ ဒါပေမယ့် မွေးလာတာနဲ့ အဆုတ်လေးက စအလုပ်လုပ်မှာဖြစ်ပြီး အောက်ဆီဂျင်တွေနဲ့ ပြည့်လာမှာပါ။ ဒါကို ပြင်ဆင်ဖို့ ကလေးလေးရဲ့ အဆုတ်ကနေ Surfactant လို့ခေါ်တဲ့ ပြန့်တင်းအားလျှော့ချတဲ့ ပစ္စည်းတွေ စထုတ်ပါတယ်။ ဒီပစ္စည်းက အသက်ရှူထုတ်တဲ့အခါ ပုံမှန်ရှူထုတ်လို့ရအောင်၊ အဆုတ်ထဲက လေအိတ်တွေ ကပ်မသွားအောင် လုပ်ပေးပါတယ်။

ဒီအချိန်မှာ နားအတွင်းပိုင်းမှာရှိတဲ့ ဟန်ချက်ထိန်းနိုင်အောင် လုပ်ပေးတဲ့နေရာက ဖွံ့ဖြိုးပြီးပြီဆိုတော့ ကလေးလေးက သူ့ကိုယ်သူအပေါ်အောက်ပြောင်းပြန် ဖြစ်နေလားဆိုတာလည်း သိနေပါပြီ။

ခန္ဓာကိုယ်နဲ့ အနေအထိုင်အပြောင်းအလဲလေးများ

ခန္ဓာကိုယ်မှာရော ဘာတွေဆက်ပြောင်းလဲဦးမှာပါလိမ့်

ဂလူးကိုးစ် စစ်ဆေးတာကို ပုံမှန်ဆို ၂၄-၂၈ ပတ်ကြားမှာ လုပ်ပါတယ်။ ဒီစစ်ဆေးမှုက သင့်ကို ကိုယ်ဝန်ဆောင်ချိန် ဆီးချိုဖြစ်နေလားဆိုတာ သိစေပါတယ်။ ဒီရောဂါက အမေမှာ သွေးတွင်းသကြားဓာတ်တက်ပေယ့် ကလေးလေးကို သွေးတွင်းသကြားဓာတ်နည်းတာမျိုး ဖြစ်စေတတ်ပါတယ်။ ဆီးချိုဖြစ်တာကြောင့် ကလေးအရွယ်အစားက ကြီးလွန်းနေပြီး ဗိုက်ခွဲမွေးရနိုင်ခြေများပါတယ်။

သွေးထဲမှာ သကြားဓာတ်များနေရင် တခြားစစ်ဆေးမှုတွေပါ ထပ်လုပ်ရပါတယ်။ ဒါကို ဆရာဝန်က ပြောပြမှာပါ။ ကိုယ်ဝန်ဆောင် ဆီးချိုကို အစားအသောက်၊ ကိုယ်လက်လှုပ်ရှားမှု၊ ဆေးဝါးတွေနဲ့ သေချာထိန်းထားမယ်ဆိုရင် အခက်အခဲမရှိဘဲ မွေးနိုင်မှာ ဖြစ်ပါတယ်။

24 ပတ် မြောက်မှာ သိသင့်သိထိုက်တာလေးတွေ

တစ်ခါတစ်ခါ ဗိုက်က ယားလာတတ်ပါတယ်။ ဒီလိုဖြစ်ရတာက အကြောပြတ်လာပြီး အရေပြား ခြောက်သွေ့လာလို့ပါ။ မကုပ်မိပါစေနဲ့။ ကုပ်လေ ပိုယားလာလေဖြစ်ပြီး အရေပြားတွေ ရောင်လာနိုင်ပါတယ်။

Moisturizer က ယားတာကို သက်သာစေပါတယ်။ မှန်မှန်လေး လိမ်းပေးပါနော်။ အယားပျောက်ဆေး ကယ်လမင်းလိမ်းပေးတ၊ အုတ်ဂျုံနဲ့ ရေချိုးပေးတာလည်း ယားတာသက်သာစေပါတယ်။ တကယ်လို့ ယားတာက အသားအရေကြောင့် မဟုတ်ဘူးလို့ ယူဆရင် ဆရာဝန်နဲ့ သေချာသွားပြပြီး စစ်ကြည့်သင့်ပါတယ်။

ဆရာဝန်ဆီ သွားပြရအောင်

ဆရာဝန်နဲ့ ဘာတွေတိုင်ပင်ကြမလဲ

ဒီအချိန်မှာ သားအိမ်က မီးဖွားဖို့အတွက် စလေ့ကျင့်နေပါပြီ။ သားအိမ်ကျုံ့တာက တကယ်မွေးတာလောက် မနာပါဘူး။ သားအိမ်ခေါင်းနဲ့ ဝမ်းဗိုက်အောက်ပိုင်းကို သွားဖိသလို ခံစားချက်မျိုးပါ။ ဒီလိုကျုံ့တာကို အမွေးသင်တယ်လို့လည်း ခေါ်ပါတယ်။ ကျုံ့တဲ့အခါ အချိန်အတိုင်းအတာတစ်ခုအထိ ကျုံ့ပြီး ကျုံ့အားတော့မတူပါဘူး။

မီးဖွားတဲ့အခါကျရင်တော့ ကျုံ့တာ သူနည်းသူ့ဟန်နဲ့ ရှိပါတယ်။ အချိန်ကြာလာလေလေ ပိုပြီးအားကောင်းကောင်းနဲ့ တစ်ချက်နဲ့တစ်ချက် ပိုကပ်လာပါတယ်။ ဒီတိုင်း သားအိမ်ကျုံ့တာလား မွေးဖို့ကျုံ့တာလား မှားနိုင်ပါတယ်။ တကယ်လို့ ကျုံ့တာက နာလာပြီး တစ်နာရီကို ၆ ကြိမ်ထက်များလာပြီဆို ဆရာဝန်နဲ့ ချက်ချင်းပြကြပါနော်။

ဒီကျုံ့နည်းနှစ်ခုရဲ့ အဓိကကွာခြားချက်က သားအိမ်ခေါင်းမှာပါ။ ဒီတိုင်းကျုံ့တာဆို သားအိမ်ခေါင်းမပွင့်ပါဘူး။ မွေးဖို့ဆိုရင်တော့ ပွင့်မှာပါ။ ဒါကိုတော့ ဆရာဝန်တွေမှ သိမှာပါ။

ဘယ်လိုစစ်ဆေးမှုတွေ ထပ်လိုဦးမလဲဆက်လေ့လာရအောင်

အခုချိန်ကစပြီး ဆရာဝန်ဆီသွားပြရတာ အကျင့်တစ်ခု ဖြစ်နေလောက်ပါပြီ။ လိုအပ်တာပေါ် မူတည်ပြီး အောက်ပါစစ်ဆေးမှုကို လုပ်ပါလိမ့်မယ်။

  • အလေးချိန် သွေးပေါင် တိုင်းခြင်း
  • ဂလူးကိုးစ်နဲ့ ပရိုတင်းအတွက် ဆီးစစ်ခြင်း
  • သန္ဓေသားနှလုံးခုန်နှုန်းစစ်ခြင်း
  • မွေးမယ့်အချိန်တွက်ဖို့ သားအိမ်အခြေအနေကို အပြင်ဘက်ကနေ စစ်ဆေးခြင်း
  • သားအိမ်ထိပ် အမြင့်တိုင်းခြင်း
  • ခြေလက်ရောင်မရောင် သွေးပြန်ကြောတွေ ဖောင်းတွန့်နေလားစစ်ခြင်း

ကျန်းမာဘေးကင်းအောင်နေကြမယ်

ကိုယ်ဝန်ရှိချိန်မှာ ကျန်းမာဘေးကင်းအောင် ဘာတွေသိထားရမလဲ

အစာအိမ်အက်ဆစ်ပြယ်ဆေးတွေ သောက်တာများရင် သန္ဓေသားကိုတော့ မထိခိုက်ပေမယ့် ဝမ်းချုပ်နိုင်ပါတယ်။ ဒါကြောင့် အညွှန်းအတိုင်း သောက်ပါ။ တခြားဆေးတွေ သောက်မယ်ဆို ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုပါတယ်။

  • အမွေးချွတ်မယ်ဆိုရင်

တကယ်လို့ ကိုယ်က အမွေးချွတ်ချင်တယ်ဆိုရင် လုပ်နိုင်ပါတယ်။အမွေးချွတ်ဆေးတွေက သန္ဓေသားကိုဘေးဖြစ်စေနိုင်တယ်လို့ ဖော်ပြထားတာတော့မရှိသေးပေမယ့် ကြိုတင်ကာကွယ်ထားတော့ ပိုကောင်းတာပေါ့။ ပိုပြီး စိတ်ချချင်ရင်တော့ ရိတ်လိုက်တာက အကောင်းဆုံးပါပဲ။

၂၅ ပတ်မြောက်ရောက်ရင် ဆက်တွေ့မယ်နော်။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Hello Sayarwon Panel မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 02/06/2022 ဖြစ်ပါသည်။