brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

သင်သည်ယောက်ျားလေးမွေးမလား, မိန်းကလေးမွေးမလားဆိုတာနဲ့ ပတ်သက်ပြီးရွေးချယ်နိုင်ပါသလား။

လင်မယားစုံတွဲအများစုအတွက်တော့သင့်ကလေးယောကျာ်းလေးမွေးမလားမိန်းကလေးမွေးမလားကြိုတင်သိမြင်ခြင်းဖြစ်နိုင်ခြေသည်အကြွေစေ့တစ်စေ့ကိုခေါင်းပန်းလှန်ခြင်းနှင့်အတူတူပင်ဖြစ်ပါသည်။ သို့သော်လည်းဓါတ်ခွဲခန်းများတွင်ရှိသောယုံကြည်စိတ်ချစရာကောင်းပြီးအဆင့်မြင့်သောနည်းလမ်းတွေကြောင့်သင်သည် သင့်အိမ်တွင်ကြိုးစားကြည့်နိုင်သော ဈေးသက်သာပြီးစိတ်ချရသော နည်းလမ်းအချို့ရှိပါသည်။ ရာခိုင်နှုန်းအပြည့်တော့ယုံ၍မရပါဘူး။ ရှေးထုံးတမ်း အစဉ်အလာများအရတော့ သင်သည်ယောကျာ်းလေးလိုချင်လျှင်အသားပိုစားရမည်ဆိုသောနည်းလမ်းကိုစမ်းသပ်ကြည့်နိုင်ပါသည်။

သင်သည်ယောက်ျားလေးမွေးမလား, မိန်းကလေးမွေးမလားဆိုတာနဲ့ ပတ်သက်ပြီးရွေးချယ်နိုင်ပါသလား။

ရှေးလူကြီးများ၏အကြံပေးချက်များ

မိမိလိုချင်သောယောကျာ်းလေးမိန်းကလေးလိင်အင်္ဂါအတွက်နည်းလမ်းများသည်နှစ်ပေါင်းများစွာကတည်းကပြောပြခဲ့ကြပါသည်။ ခေတ်အဆက်ဆက်နေရာဒေသနိုင်ငံအလိုက်နည်းလမ်းများကတော့မျိုးစုံပင်ဖြစ်ပါသည်။ ဂျာမန်အိပ်ယာဝင်ပုံပြင်တွေကတော့သင်သည်မိန်းကလေးလိုချင်သည်ဆိုလျှင်သင့်အိပ်ယာအောက်တွင်သစ်သားဇွန်းတစ်ချောင်းထားအိပ်လို့ပြောထားပါသည်။ ထို့အပြင်အမျိုးသားတစ်ဦးသည်အမျိုးသမီးတစ်ဦးနှင့်လိင်မဆက်ဆံမီမိနစ်သုံးဆယ်အလိုတွင်ကော်ဖီသောက်ခြင်းသည်ယောကျာ်းလေးရနိုင်သည်ဟုလည်းအဆိုရှိပါသည်။ ထိုကဲ့သို့နည်းလမ်းများသည်ရာခိုင်နှုန်းပြည့်အာမခံထားခြင်းမဟုတ်သော်လည်းအကုန်အကျသက်သာပြီးလွယ်ကူသောနည်းလမ်းများဖြစ်သည့်အတွက်သင်စမ်းသပ်ကြည့်နိုင်ပါသည်။

လိင်ဆက်ဆံခြင်းအချိန်အတိအကျသတ်မှတ်ခြင်းသည်သင့်ကလေးယောကျာ်းလေးလားမိန်းကလေးလားဆုံးဖြတ်နိုင်ပါသလား။

ရှက်တယ်လ်နည်းလမ်း(Shettles method)နှင့်ဝှီးလန်းနည်းလမ်း(Whelans method)ဟူ၍ နှစ်မျိုးရှိပါသည်။ ထိုနည်းလမ်းများသည် တီထွင်ခဲ့သူများ၏ အမည်များကို အစွဲပြုပြီး ခေါ်ဝေါ်ခြင်းဖြစ်ပါသည်။ သင်သည်လိင်ဆက်ဆံခြင်းဆိုင်ရာ စက်ဝန်းကို နားလည်သည်ဆိုပါက ထိုနည်းလမ်းများကို စမ်းသပ်ကြည့်နိုင်ပါသည်။ နည်းလမ်းတစ်ခုစီတွင်ငါးဆယ်-ငါးဆယ်ရာခိုင်နှုန်းအောင်မြင်နိုင်ခြေရှိပါသည်။

ရှက်တယ်လ်စ်နည်းလမ်း(Shettles method)

ဤနည်းလမ်းအရသင်ဟာမိန်းကလေးလိုချင်သည်ဆိုပါကသားဥကြွေခြင်းမတိုင်မီနှစ်ရက်သုံးရက်လောက်အလိုတွင်လိင်ဆက်ဆံမှုပြုလုပ်သင့်သည်ဟုဆိုပါသည်။

ဝှီးလန်းစ်နည်းလမ်း(Whelans methods)

ဤနည်းလမ်းကတော့အထက်တွင်ဖော်ပြထားသောရှက်တယ်လ်စ်နည်းလမ်းနှင့်ဆန့်ကျင်ဘက်ဖြစ်ပါသည်။ဤနည်းလမ်းပြောထားသည်ကတော့သင်သည်ယောကျာ်းလေးလိုချင်သည်ဆိုပါကသင်၏အခြေခံကိုယ်အပူချိန်မတက်မီသို့မဟုတ်သားဥကြွေချိန်အချိန်ရောက်ကာနီးလေးရက်မှခြောက်ရက်ခန့်တွင်လိင်ဆက်ဆံမှုပြုလုပ်သင့်သည်ဟုဆိုပါသည်။ အကယ်၍သင်သည်မိန်းကလေးလိုချင်သည်ဆိုပါကသားဥကြွေချိန်မတိုင်မီနှစ်ရက်သို့မဟုတ်သုံးရက်အတွင်းလိင်ဆက်ဆံမှုပြုလုပ်သင့်သည်ဟုဆိုပါသည်။

အဆင့်မြင့်နည်းလမ်းများ

နည်းလမ်းသုံးခုရှိပါသည်။

၁။ သုတ်ပိုးကိုလှည့်ခြင်း

သုတ်ပိုးကိုလှည့်ခြင်းသည်အခြားနည်းလမ်းများနှင့်ယှဉ်လျှင်ယုံကြည်၍မရဆုံးသောနည်းလမ်းတစ်ခုဖြစ်သည်။ ထိုနည်းလမ်းတွင်သုတ်ပိုးကိုစေးကပ်သောအယ်ဗျူမင်ဟုခေါ်သောပရိုတင်းကိုဖြတ်လျက်ကူးသွားစေပါသည်။ သွေးထဲတွင်ဖြစ်ပါသည်။ ဝိုင်းခရိုမိုဇုန်း(အမျိုးသားခရိုမိုဇုန်းကိုသယ်ဆောင်သွားသောသုတ်ပိုး)သည်အမျိုးသမီးခရိုမိုဇုန်းအိတ်စ်ခရိုမိုဇုန်းကိုသယ်သွားသောသုတ်ပိုးထက်ပိုပြီးမြန်ဆန်သောကြောင့်သုတ်ပိုးကိုသူတို့၏အမြန်နှုန်းကိုအခြေခံလျက်အမျိုးအစားခွဲနိုင်သည်။

၂။ သားဥမတွယ်မီမျိုးဗီဇဆိုင်ရာစစ်ဆေးခြင်း(ပီဂျီဒီ)

အကျိုးသက်ရောက်မှုအရှိဆုံးနည်းလမ်းဖြစ်ပါသည်။ ဓါတ်ခွဲခန်းတွင်သန္ဓေသားလောင်းများကိုသင်၏မမျိုးဥနှင့်သင့်အိမ်ထောင်ဖက်၏သုတ်ပိုးကောင်မှဖန်တီးခြင်းဖြစ်ပါသည်။ စမ်းသပ်စစ်ဆေးပြီးသောအခါကျွမ်းကျင်ပညာရှင်သည်သန္ဓေသားလောင်းနှစ်ခုသို့မဟုတ်သုံးခုကိုသင်၏သားအိမ်ထဲသို့ထည့်ပေးမည်ဖြစ်ပါသည်။ ထိုနည်းလမ်းသည်အလုပ်ဖြစ်သော်ငြားလည်းပဲကျင့်ဝတ်ပိုင်းဆိုင်ရာစိတ်ပူစရာများရှိပါသည်။

၃။ အသေးစိတ်ခွဲခြားခြင်း(Microsort separation)

ဤနည်းလမ်းသည်အတ်စ်ခရိုမိုဇုန်းနှင့်ပိုမိုသေးငယ်သောဝိုင်ခရိုမိုဇုန်းအကြားအရွယ်အစားခွဲခြားခြင်းကိုအားသာချက်ယူပြီးပြုလုပ်သည်။ သုတ်ပိုးရည်ကိုခွဲခြားရာတွင်အမှားအယွင်းများဖြစ်ပေါ်နိုင်သည်။ အထူးသဖြင့်သားယောကျာ်းလေးလိုချင်သောအခါတွင်အမျိုးသားသုတ်ကောင်သည်အမျိုးသမီးသုတ်ပိုးထက်ပိုပြီးခွဲခြားရခက်သည်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Kaung Thar မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/05/2022 ဖြစ်ပါသည်။