သာမန်ကိုယ်ဝန်ဆောင်ကာလဟာ ၃၆ပတ်ကနေ ၄၂ပတ်ခန့်ထိ ကြာမြင့်ပါတယ်။ ဒါဟာ အချို့သော စိတ်မရှည်တဲ့ မိဘတွေအတွက်တော့ အတော်ကြာတဲ့ကာလပါပဲ။ ဒါပေမယ့် သတင်းကောင်းတွေတော့ရှိပါတယ်။ သင့်ကလေးမျက်နှာကိုမြင်ရဖို့ ၈လနဲ့အထက် စောင့်နေဖို့မလိုအပ်ပါတော့ပါဘူး။ မိဘတွေအတွက် ကလေးတွေနဲ့ဆက်သွယ်ဖို့ လက်ရှိအခြေအနေနဲ့ ကိုက်ညီတဲ့ အခြားသော နည်းလမ်းတွေအများကြီး ရှိနေပါပြီ။

- ကလေးငယ်တွေဟာ သင့်အသံကိုကြားနေပါစေ။
- ကလေးငယ်တွေဟာသူတို့မိခင်ရဲ့ အသံနဲ့ နှလုံးခုန်သံကို ရက်သတ္တပတ်၂၀ခန့်ကျော်ဖြတ်အပြီးမှာ စတင်ကြားနိုင်ပါပြီ။ ဒါကြောင့် ဒါဟာမိဘတွေအတွက် သီချင်းဆိုပြဖို့၊ ပုံပြင်တွေဖတ်ပြဖို့ နဲ့ ကလေးတွေနဲ့ မိဘကြားမှာ မမွေးဖွားခင်တည်းက နှောင်ကြိုးခိုင်မာဖို့အတွက် စကားလေးတွေနည်းနည်းစီပြောပေးဖို့် ပြီးပြည့်စုံတဲ့ကာလပါပဲ။ ဒါဟာမိခင်တွေအတွက် စိတ်ဖိစီးမှုဖြစ်စေတဲ့ စကားဝိုင်းတွေကို ရှောင်ရှားရမယ့်အချိန်တွေလည်းဖြစ်နေပါသေးတယ်။ ဒီအရာတွေက ကလေးငယ်အတွက်လည်း စိတ်ဖိစီးမှုကို ဖန်တီးပေးနိုင်လို့ပါ။
- စတန်းဖို့ဒ်တက္ကသိုလ်ရဲ့ ဖွံ့ဖြိုးမှုဆိုင်ရာစိတ်ပညာရှင်ဖြစ်တဲ့ Anne Fernald ကတော့ ကလေးငယ်လေးတွေကို စကားပြောပေးခြင်းဟာ သူတို့ရဲ့ ဦးနှောက်စွမ်းရည်ကို ဖွံ့ဖြိုးစေပြီး အထူးသဖြင့် ဘာသာစကားစွမ်းရည်နဲ့ မှတ်ဉာဏ်တွေ အပြင် နားလည်နိုင်စွမ်းကိုလည်း တိုးတက်မှုမြန်ဆန်စေပါတယ်။ ဒါဟာကလေးငယ်တွေကို ဘာသာစကားတွေရဲ့ စည်းကမ်းသတ်မှတ်ချက်တွေနဲ့ ကာရန်တွေကို နားလည်စေဖို့အခွင့်အရေးပေးလိုက်သလိုပါပဲ။ လေ့လာမှုတွေကတော့ မမွေးခင် ဗိုက်ထဲမှာထဲက မိဘတွေမကြာခဏ စကားပြောခဲ့တဲ့ကလေးငယ်တွေနဲ့ စကားမပြောခဲ့တဲ့ကလေးငယ်တွေ အုပ်စု၂ခုကြားမှာ နှိုင်းယှဉ်ကြည့်တဲ့အခါ ပထမအုပ်စုကကလေးငယ်တွေက မှန်ကန်တဲ့ပုံတွေကိုရွေးချယ်ရတဲ့ အစီအစဉ်မှာ ပိုပြီးကောင်းကောင်းလုပ်နိုင်တာကို တွေ့ခဲ့ရပါတယ်လို့ ဆိုထားပါတယ်။
- သူတို့ကို သီချင်းနားထောင်ခိုင်းပါ။
- ဂီတဟာ ကျန်းမာရေးကောင်းမွန်ခြင်းရဲ့သော့ချက်ပါပဲ။ ဂီတက လူတစ်ယောက်ရဲ့ နှလုံးခုန်နှုန်းကိုပုံမှန်ဖြစ်စေတယ်၊ စိတ်ဖိစီးမှုတွေကိုသက်သာစေပြီး စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာလုပ်ငန်းဆောင်တာတွေမှာ တိုးတက်စေပါတယ်။ ဒါကသင့်အတွက်ပဲ အလုပ်ဖြစ်တာမဟုတ်ပါဘူး။ သင်နဲ့သင့်ကလေးငယ်ရဲ့ခံစားမှုတွေဟာ ဆက်နွှယ်နေတဲ့အတွက် ကလေးငယ်တွေကိုပါ ကောင်းကျိုးဖြစ်စေပါတယ်။ ဂီတဟာ အောက်ဆီတိုစင် (oxytocin) ဟော်မုန်းကို များပြားစွာထုတ်လွှတ်ပေးနိုင်ပြီး ဒါဟာသင့်ကလေးငယ်ရဲ့ ဘာသာစကားစွမ်းရည်ကို တိုးတက်စေနိုင်တဲ့ နည်းလမ်းကောင်းတစ်ခုလို့ ယုံကြည်ရပါတယ်။
- နှိပ်ပေးပါ။
- ကျောကိုခေါင်းအုံးအနည်းငယ်ပေါ်မှီပြီး ခန္ဓါကိုယ်အချိုး ၄၅ဒီဂရီနဲ့ ဖြေလျော့ထားပါ။ ဖြည်းဖြည်းမှန်မှန်နဲ့ အသက်ရှူသွင်းရှူထုတ်ခြင်းလုပ်ပါ။ ရလဒ်ပိုကောင်းစေဖို့ အဆီသို့မဟုတ် ခရင်မ်အချို့ကိုယူပြီး ဗိုက်ကနေ နှလုံးဆီသို့ ဦးတည်ပြီး လိမ်းပေးပါ။ လက်ဖဝါးကိုအသုံးပြုပါ။
- ဒီအချိန်မှာ သင့်ကလေးငယ်ဟာ သင့်ရဲ့ ချစ်ခြင်းတွေပါဝင်နေတဲ့အထိအတွေ့ကို ခံစားနိုင်ပြီဖြစ်ပြီး သူက သင်ပွတ်လိုက်တဲ့အချိန်တိုင်းမှာ တုံ့ပြန်လှုပ်ရှားလာနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်ကာလ နောက်တစ်ဆင့်မှာ ဗိုက်ကိုနှိပ်ပေးတာဟာ မိခင်နဲ့ကလေးအတွက်ကောင်းကျိုးတွေဖြစ်စေပါတယ်။ နာကျင်မှုကို သက်သာစေပြီး ပိုပြီးအိပ်ပျော်စေကာ သင့်ခန္ဓါကိုယ်တစ်ခုလုံးရဲ့ သွေးလည်ပတ်မှုတွေကိုပိုပြီးချောမွေ့စေပါတယ်။ ဆွဲဆန့်ထားသလိုဖြစ်နေတဲ့ အသားအရည်ကို အစိုဓါတ်ပေးနိုင်ဖို့နဲ့ အကြောပြတ်ရာတွေမဖြစ်ဖို့ အဆိုပါနေရာကို အချို့သော အဆီ တွေ သို့မဟုတ် အုန်းဆီ နဲ့ နှိပ်ပေးခြင်းကို လုပ်ပေးသင့်တယ်လို့ အကြံပြုထားပါတယ်။
ဖြစ်နိုင်မယ်ဆိုရင် မိခင်ဟာ ကိုယ်ဝန်ဆောင်ယောဂ၊ ကလေးမွေးနည်းလေ့ကျင့်ခြင်း (hypnobirthing) စတာတွေပြုလုပ်သင့်ပါတယ်။ ဒီလေ့ကျင့်မှုတွေဟာ မိခင်တွေနဲ့ သူတို့ကလေးတွေရဲ့ ကြားထဲက အာရုံစူးစိုက်မှုနဲ့ ဆက်သွယ်မှုတွေကို ရရှိစေနိုင်ဖို့ ပတ်ဝန်းကျင်အနှောင့်အယှက်အားလုံးကို ဖယ်ရှားပစ်နိုင်တဲ့နည်းလမ်းတွေကို မိခင်တွေအား ပေးစွမ်းနိုင်ပါတယ်။
Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။