ဉာဏ်ကောင်းပျော်ရွှင်တဲ့ ဘေဘီလေးရဲ့ မေမေဖြစ်ချင်လား။ ဒါဆိုရင် ဘေဘီလေးကိုယ်ဝန်စရှိချိန်ကတည်းက ဘေဘီလေးရဲ့ ဦးနှောက်ကို အကောင်းဆုံးဖွံ့ဖြိုးအောင် ဂရုစိုက်ဖို့လိုပါမယ်။ ဘေဘီလေးတစ်ယောက်ရဲ့ ဉာဏ်ရည်ဉာဏ်သွေးနဲ့ဦးနှောက်ဖွံ့ဖြိုးမှုအပေါ်မှာ ကိုယ်ဝန်ဆောင်ချိန် မေမေစားသုံးတဲ့ အာဟာရက အများကြီးသက်ရောက်နေတာပါ။ ဒါကြောင့် ဘေဘီလေးဦးနှောက်ဖွံ့ဖြိုးမှုကောင်းစေဖို့ ဒီအချက်လေးတွေကို သိထားဖို့ လိုပါမယ် မေမေတို့ရေ ……
ဘေဘီလေးတစ်ယောက် ဦးနှောက်ဖွံ့ဖြိုးစေဖို့ တာဝန်အရှိဆုံးသူက
ဗိုက်ထဲက ဘေဘီလေးဦးနှောက်ဖွံ့ဖြိုးဖို့အတွက် တာဝန်အရှိဆုံးက ဘေဘီလေးကို အာဟာရတွေထောက်ပံပေးနေပြီး ဗိုက်ထဲမှာ ၉ လလောက်လွယ်ထားရတဲ့ မေမေပါ။ ကိုယ်ဝန်ဆောင်နေချိန်မှာ မေမေ့ရဲ့ စားသောက်မှုပုံစံမှန်ကန်မှ ဘေဘီလေးက ဦးနှောက်အကောင်းဆုံးဖွံ့ဖြိုးမှာပါ။ ဒါကြောင့် ဘေဘီလေးဉာဏ်ကောင်းထက်မြက်ပြီး ဦးနှောက်ကောင်းမွန်စွာ ဖွံ့ဖြိုးစေဖို့ မေမေက အာဟာရပြည့်ဝ မျှတအောင် စားသုံးဖို့လိုအပ်ပါမယ်။
ဘေဘီလေး ဦးနှောက်ကောင်းမွန်စွာဖွံ့ဖြိုးစေဖို့ လိုအပ်မယ့် အာဟာရဓါတ်တွေ
မွေးဖွားလာမယ့် ဘေဘီလေး ဦးနှောက်ကောင်းမွန်စွာ ဖွံ့ဖြိုးစေဖို့ဆိုရင် မေမေ့အနေနဲ့ ကိုယ်ဝန်ဆောင်ထားရချိန်မှာ
ဘေဘီလေး ဦးနှောက်ဖွံ့ဖြိုးမှုကောင်းစေဖို့ မေမေတို့ဘာတွေစားမလဲ……………..
ဗိုက်ထဲက ဘေဘီလေး ဦးနှောက်ကောင်းမွန်စွာဖွံ့ဖြိုးစေဖို့ဆိုရင် မေမေ့အနေနဲ့
ကယ်လ်ဆီယမ်၊ ဗီတာမင် A၊ဗီတာမင် C၊ အမျှင်ဓာတ်၊ သံဓာတ်၊ ဖောလစ်အက်ဆစ်တို့ကြွယ်ဝစွာပါဝင်နေတာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာဖြစ်တဲ့ သွေးအားနည်းရောဂါ၊ နို့ချိုတိုကကျွေးချိန်မှာဖြစ်တတ်တဲ့ သွေးအားနည်းပြဿနာတွေကို ကာကွယ်ပေးပါတယ်။ သံဓာတ်ကြွယ်ဝမှုက ဘေဘီလေးရဲ့ သွေးနီဥဆဲလ်တွေကို အကောင်းဆုံးဖွံ့ဖြိုးစေနိုင်ပြီး ဘေဘီလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို ထောက်ပံ့ပေးနိုင်ပါတယ်။
ငှက်ပျောသီး
ကိုယ်ဝန်ဆောင်တွေနဲ့ အသင့်တော်ဆုံး စားစရာတစ်ခုပါ။ စားရလွယ်သလို အကျိုးကျေးဇူးလည်း တော်တော်လေးများပါတယ်။ ပိုတက်ဆီယမ်ကြွယ်ဝမှုက ကိုယ်ဝန်ဆောင်ချိန်မှာ နုံးချိတာကို သက်သာစေနိုင်ပြီး ဘေဘီလေးကို အကောင်းဆုံးကြီးထွားဖွံ့ဖြိုးစေမှာပါ။
မုန်လာဥနီ
ဗီတာမင် A ကြွယ်ဝမှုက ဘေဘီလေးရဲ့ အရေပြား၊ မျက်လုံး၊ သွား နဲ့ အရိုးတွေကို ကြီးထွားဖွံ့ဖြိုးစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။ အမျှင်ဓာတ်ကြွယ်ဝမှုကြောင့် ကိုယ်ဝန်ဆောင်ချိန်ဝမ်းချုပ်တာကိုပါ သက်သာစေနိုင်မှာပါ။
ပင်လယ်ဆား
သန္ဓေသားဖွံ့ဖြိုးမှုအတွက် အရေးပါတဲ့ အိုင်အိုဒင်းဓာတ်ကြွယ်ဝစွာပါဝင်နေပါတယ်။ ကိုယ်တွင်းဟော်မုန်းကို ထိန်းညှိပေးနိုင်ပြီး မေမေရော ဘေဘီလေးကိုပါကျန်းမာစေနိုင်မှာပါ။
ထောပတ်သီး
အရသာရှိသလို ဘေဘီလေးရဲ့ ဦးနှောက်နဲ့အာရုံကြောဖွံ့ဖြိုးမှုအတွက် အရေးပါတဲ့ ဖောလစ်အက်ဆစ် နဲ့ ဗီတာမင် C တို့ကြွယ်ဝစွာပါဝ်ငနေတာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ စားသုံးပေးသင့်ပါတယ်။
အခွံမာသီးတွေ
ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆာပြေစားစရာတွေပါ။ အခွံမာသီးတွေမှာ သန္ဓေသားဦးနှောက်ဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်လိုအပ်တဲ့ မဂ္ဂနီဆီယမ်၊ သံဓာတ်၊ ကော့ပါး၊ ဆီလီနီယမ်၊ omega-3 fatty acids နဲ့ ဇင့်တို့ကြွယ်ဝစွာပါဝင်နေပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင် မေမေအနေနဲ့ သစ်ကြားသီး၊ အယ်လ်မွန်စေ့၊ ရင်ကွဲစေ့တို့ကို စားပေးပါ။
ပန်းဂေါ်ဖီစိမ်း
ကယ်လ်ဆီယမ်၊ ဖောလိတ် နဲ့ ကိုယ်ဝန်ဆောင်မိခင်တိုင်းအတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓါတ်တွေပါဝင်နေပါတယ်။ ဗီတာမင် C ပါဝင်မှုကြောင့် သံဓာတ်စုပ်ယူမှုကိုကောင်းစေပြီး အမျှင်ဓာတ်နဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်လည်းကြွယ်ဝပါတယ်။
ကာဗိုဟိုက်ဒရိတ်ကြွယ်ဝစွာပါဝင်ပြီး ကိုလက်စထရောပါဝင်မှုနည်းပါတယ်။ အမျှင်ဓာတ်လည်းကြွယ်ဝမှုကြောင့် မေမေရော ဘေဘီလေးကိုပါကျန်းမာစေမှာပါ။
လိမ္မော်သီး
ဗီတာမင် C၊ ဖောလိတ်၊ အမျှင်ဓာတ် နဲ့ ရေဓာတ်တို့ကြွယ်ဝစွာပါဝင်နေမှုက လိုအပ်တဲ့ရေဓာတ်ကိုပြည့်ဝစေပြီး မေမေရော ဘေဘီလေးကိုပါ ကျန်းမာစေနိုင်မှာပါ။
ဥအမျိုးမျိုး
ကယ်လ်လိုရီပါဝင်မှုနည်းပြီး ပရိုတင်းကြွယ်ဝတာကြောင့် ဘေဘီလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို မြှင့်တင်ပေးနိုင်ပါတယ်။ omega-3 fatty acids ကြွယ်ဝစွာပါဝင်နေမှုကလည်း ဘေဘီလေးကို ဦးနှောက်အကောင်းဆုံးဖွံ့ဖြိုးစေနိုင်မှာပါ။
နို့ထွက်ပစ္စည်းတွေ
ကယ်လ်ဆီယမ်ကြွယ်ဝမှုက ဘေဘီလေးကို အကောင်းဆုံးဖွံ့ဖြိုးစေနိုင်ပြီး မေမေ့ကိုလည်း အရိုးနဲ့သွားတွေကြံ့ခိုင်စေနိုင်မှာပါ။
ကြက်သား
ဘေဘီလေး ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အရေးပါတဲ့ ပရိုတင်းကြွယ်ဝစွာပါဝင်နေပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ လိုအပ်တဲ့ ပရိုတင်းဓာတ်ကို အကောင်းဆုံးဖြည့်တင်းပေးနိုင်မှာပါ။
ဘေဘီလေး ဦးနှောက်အကောင်းဆုံး ဖွံ့ဖြိုးစေဖို့ အစားအသောက်ကို ဂရုစိုက်ဖို့ ပြောပါရစေ မေမေတို့ရေ………….