backup og meta

ပက်လက်အိပ်ခြင်းသည် ကလေးအသေမွေးနှုန်းကို များစေပါသလား

ကိုယ်ဝန်ဆောင်ချိန်အတွင်းတွင် အန္တရာယ်ဖြစ်စေသော အချို့သော လှုပ်ရှားမှုများကို သတိပြုပြီးရှောင်ကြဉ်ရမည်။ ပက်လက်အိပ်ခြင်းသည် ကလေးအသေမွေးနှုန်းကို များစေကြောင်းကို သုတေသနတစ်ခုတွင်ရှာဖွေတွေ့ရှိထားသည်။

ပက်လက်အိပ်ခြင်းသည် ကလေးအသေမွေးနှုန်းကို များစေပါသလား

အမေနေသည့် ပုံစံအနေအထားသည် ကလေးအသေမွေးခြင်းနှင့် ဆက်စပ်နေကြောင်း လေ့လာမှု

နယူးဇီလန်နိုင်ငံမှလေ့လာမှုတစ်ခုတွင် ကိုယ်ဝန်တတိယ သုံးလတွင် အမေဖြစ်သူသည် ပက်လက်အိပ်ပါက ကလေးတွင် ဖိအားဖြစ်စေပြီး စိတ်ဖိစီးမှုကိုဖြစ်စေသောကြောင့် ကလေးအသေမွေးခြင်းကို ဖြစ်စေနိုင်သည်ဟု ဖော်ပြထားသည်။ ထိုသုတေသနတွင် အမျိုးသမီးများကို သူတို့၏ ညာဘက် သို့မဟုတ် ဘယ်ဘက် သို့မဟုတ် ပက်လက်အိပ်ခိုင်းပြီး မိနစ် ၃၀ နေခိုင်းသည်။ လေ့လာမှုအပြီးတွင် ပက်လက်နေသူမိခင်၏ သန္ဓေသားသည် လှုပ်ရှာ်းသော အခြေအနေမှ ငြိမ်သွားသည်ကို တွေ့ရသည်။ ထိုအခြေအနေတွင် ကလေးသည် အောက်ဆီဂျင်ကို သိပ်မသုံးသည်ကို တွေ့ရသည်။

ရရှိသော အဖြေသည် ယုံကြည်ရကြောင်းသေချာရန် သုတေသနပြုလုပ်သူများသည် သန္ဓေသား၏ နှလုံးခုန်နှုန်းကိုလည်း စစ်ဆေးခဲ့ကြသည်။ အမေသည်ပက်လက်အိပ်သူဖြစ်လျှင် ကလေးတွင် နှလုံးခုန်နှုန်းကျပြီး ကလေးမွန်းတတ်ကြောင်း တွေ့ရှိရသည်။

ကိုယ်ဝန်ဆောင်ချိန်တွင်ပက်လက်အိပ်လျှင် ကလေးအသေမွေးနှုန်းပိုများနိုင်ပါသလား။

ထိုသို့ကောက်ချက်ရရန်မှာ မျက်မြင်ကိုယ်တွေ့ သေချာမှုတော့ မဟုတ်ပေ။ အခြားသောပညာရှင်များသည် ထိုသို့ အမေ၏ အိပ်သည့် အနေအထားနှင့် ကလေးအသေမွေးနှုန်းကို ဆက်စပ်ရန်သည် ခိုင်လုံသော သက်သေပြချက်မရှိသေးသည်ကို ပြောဆိုကြသည်။ ပိုမိုခိုင်လုံစေရန် သုတေသနများ ပို၍လိုအပ်သေးသည်။ ယခုအချိန်တွင် ပြောနိုင်သည်မှာ အမေအတွက် သက်တောင့်သက်သာဖြစ်သည် ဆိုလျှင် မည်သည့် အနေအထားဖြင့် မဆို အိပ်နိုင်သည်။

ထိုသုတေသနပညာရှင်များကပင် နောက်ထပ် သုတေသနတစ်ခုကို ထပ်မံပြုလုပ်သည့်အခါတွင် တူညီသော ကောက်ချက်ချမှုကို သာရရှိခဲ့ကြသည်။ ပက်လက်အိပ်တတ်သော အမေများတွင် ကလေးအသေမွေးခြင်း ၁၀၀၀ တွင် ၄ ယောက်တွေ့ရသည်။ အခြားပုံစံနှင့် အိပ်လျှင် ၁၀၀၀ တွင် ၂ ယောက်တွေ့ရသည်။

ဒုတိယ သုတေသနနှင့် ကွာခြားချက်မှာ အမေ၏ လဲလျောင်းနေချိန် အခြေအနေနှင့် ကြာချိန်ဖြစ်သည်။ သုတေသနပညာရှင်များသည် ညဘက်အိပ်သည့်အခါတွင် နေသည့် ပုံစံအနေအထား၏ ခန္ဓာဗေဒဆိုင်ရာ သက်ရောက်မှုကို ရှာဖွေဖို့လိုအပ်သည်ဟု ပါမောက္ခ တစ်ဦးမှ သဘောတူဆွေးနွေးထားပါသည်။

[embed-health-tool-due-date]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Does Lying on Your Back During Pregnancy Increase Stillbirth Risk?

http://www.livescience.com/56959-pregnancy-lying-back-stillbirth.html. Accessed November 21, 2016.

ယခုပုံစံ

06/09/2022

Dr. Su Sandy မှ ရေးသားသည်။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုယ်ဝန်ဖျက်ချခြင်း နောက်ဆက်တွဲဆိုးကျိုးများ

ကိုယ်ဝန်ဆောင်သည်မစားသင့်သော အစားအစာများ


မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe


Dr. Su Sandy မှ ရေးသားသည်။ · 06/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ