ကိုယ်ဝန်ဆောင်ချိန်ဝက်ရူးပြန်ခြင်းဟာ ကျန်းမာရေးအရ အန္တရာယ်များပေမယ့် ကံကောင်းစွာနဲ့ပဲ ဝက်ရူးပြန်ရောဂါရှိတဲ့အမျိုးသမီးအများစုက ကျန်းမာတဲ့ကလေးများ မွေးဖွားနိုင်ချေရှိပါတယ်။ ဒီဆောင်းပါးက ဝက်ရူးပြန်ရောဂါရှိပြီး ကိုယ်ဝန်လိုချင်သူတွေအတွက်ပါ။
ကိုယ်ဝန်ဆောင်ချိန်ဝက်ရူးပြန်ခြင်းဟာ ကျန်းမာရေးအရ အန္တရာယ်များပေမယ့် ကံကောင်းစွာနဲ့ပဲ ဝက်ရူးပြန်ရောဂါရှိတဲ့အမျိုးသမီးအများစုက ကျန်းမာတဲ့ကလေးများ မွေးဖွားနိုင်ချေရှိပါတယ်။ ဒီဆောင်းပါးက ဝက်ရူးပြန်ရောဂါရှိပြီး ကိုယ်ဝန်လိုချင်သူတွေအတွက်ပါ။

ဝက်ရူးပြန်ရောဂါအတွက်ပေးတဲ့ အတက်ကျဆေးတချို့က ကိုယ်ဝန်ရခြင်းကို အနှောင့်အယှက်ပေးတတ်ပေမယ့် တချို့ဆေးတွေကျတော့ ကိုယ်ဝန်တားခြင်းကို ထိခိုက်စေပြန်ပါတယ်။
ကိုယ်ဝန်ဆောင်ချိန်တက်ခြင်းဟာ
-သန္ဓေသားရဲ့နှလုံးခုန်နှုန်းကိုကျစေခြင်း၊
-သန္ဓေသားထိခိုက်မှုများရှိစေခြင်း
-အချင်းကွာခြင်း
-နေ့မစေ့လမစေ့ဘဲ မီးဖွားခြင်း
-ကလေးပျက်ကျခြင်း တို့ဖြစ်စေတတ်ပါတယ်။
များသောအားဖြင့်တော့ ကိုယ်ဝန်ဆောင်ချိန်မှာလည်း တက်ခြင်းက ပြောင်းလဲမှုမရှိတတ်ပါဘူး။ တချို့သော ကိုယ်ဝန်သည်တွေအတွက် တက်သော အကြိမ်အရေအတွက် ကျပင်ကျသွားတတ်ပါတယ်။ ဒါပေမယ့် ဆေးကုသမှုပုံမှန်မခံယူသူ သို့မဟုတ် အိပ်ရေး၀၀ မအိပ်သူတွေအတွက်တော့ အကြိမ်အရေအတွက် ပိုများလာပါနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်စဉ်မှာ မှီဝဲသမျှဆေးတိုင်းက ကလေးအပေါ်သက်ရောက်မှုရှိပါတယ်။ အတက်ပျောက်ဆေးတွေဟာ ကလေးနှုတ်ခမ်းကွဲခြင်း၊ ကျောရိုးအာရုံကြောမကြီးထိခိုက်ခြင်း၊ အရိုးအဆစ်များပုံမှန်မဟုတ်ခြင်း၊ မွေးရာပါနှလုံးရောဂါနှင့် ဆီးလမ်းကြောင်းရောဂါများ ဖြစ်စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်နေချိန်မှာ ဆေးကုသမှုခံယူပါက ကလေးကိုထိခိုက်နိုင်ချေ ၄-၆ ရာခိုင်နှုန်းလောက်ရှိပါတယ်။ အတက်ကျဆေး တစ်မျိုးထက် ပိုပိုမှီဝဲပါက ထိုရာခိုင်နှုန်းပိုများနိုင်ပါတယ်။
တချို့သောမိခင်တွေက သူတို့ကုသမှုခံယူခြင်းကို အန္တရာယ်ကင်းစွာရပ်လိုက်နိုင်ပါတယ်။ ဒါပေမယ့် မျာသောအားဖြင့်တော့ ဆေးကုသမှုပုံမှန်ခံယူတာကပဲ အကောင်းဆုံးဖြစ်ပါတယ်။ ဆရာဝန်က သင့်အတွက် အကောင်းဆုံးနဲ့ အန္တရာယ်အကင်းဆုံး ဆေးတွေညွှန်းပါလိမ့်မယ်။
သောက်သုံးရတဲ့ဆေးတွေရဲ့ သက်ရောက်မှုတွေအပြင်၊ သင့်ကလေးမှာလည်း ကြီးလာတဲ့အခါ ရောဂါဖြစ်နိုင်ချေများပါတယ်။
ကိုယ်ဝန်မယူခင်မှာ သင့်ဆရာဝန်နဲ့ အခြားသော ကျန်းမာရေးစောင့်ရှောက်သူတွေနဲ့ တွေ့ဆုံပြီး ကိုယ်ဝန်ဆောင်ချိန်မှာ သင့်ရောဂါအခြေအနေကို ဘယ်လိုထိန်းသိမ်းရမလဲ ဆွေးနွေးပါ။ သင့်ကိုအကြံပေးပြီး သင့်ဆေးကုသမှုကို အဆင်ပြေအောင် ပြောင်းလဲပေးကြပါလိမ့်မယ်။ ညွှန်းဆိုတဲ့အတိုင်း ဆေးဆက်မှီဝဲရုံပါပဲ။ သင့်ဖာသာသင်တော့ ဆေးပြောင်းခြင်း၊ ဆေးအတိုးအလျှော့လုပ်ခြင်းများကို မပြုလုပ်ပါနဲ့။ သင့်ရောဂါအခြေအနေကိုမထိန်းထားနိုင်ဘူးဆိုရင် ကလေးမှာပါဒုက္ခရောက်မည်ကိုမမေ့ပါနဲ့။ ပိုပြီးကျန်းမာအောင် နေထိုင်ရမယ့်အချိန်လည်းဖြစ်တာကြောင့် မျှတစွာစားသုံးခြင်း၊ ကိုယ်ဝန်ဆောင် အားဆေးများမှီဝဲခြင်း၊ လုံလောက်စွာအိပ်စက်ခြင်းတွေလည်းရှိပါစေ။